တရားဦးဓမ္မစကြာ
တရားဦးဓမ္မစကြာ
🌹🌹🌹🌹🌹🌹🌹
'ဒွေ' မေ ဘိက္ခဝေ အန္တာ
ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ရဟန်းတို့ ရဟန်းသည်
အယုတ်တရားနှစ်ပါးတို့ကို
မမှီဝဲအပ်ကုန်။
အဘယ်နှစ်ပါးတို့နည်းဟူမူကား
ယုတ်ညံ့လှစွာသော
ရွာသူတို့၏ ဥစ္စာဖြစ်သော ပုထုဇဉ်တို့၏
အလေ့အကျက်ဖြစ်သော
အရိယာတို့၏ ဥစ္စာမဟုတ်သော
စီးပွားချမ်းသာ ဖြစ်ကြောင်းနှင့်
မစပ်သော ကာမဂုဏ်ချမ်းသာကို
အဖန်တလဲလဲ ခံစားခြင်းသည်
တစ်ခုသော အယုတ်တရားဖြစ်၏။
ဆင်းရဲကြီးစွာ အရိယာတို့၏ ဥစ္စာမဟုတ်သော
စီးပွားချမ်းသာဖြစ်ကြောင်းနှင့် မစပ်သော
မိမိကိုယ်ကို ပင်ပန်းအောင်
အဖန်တလဲလဲ နှိပ်စက်ခြင်းသည်
တစ်ခုသော အယုတ်တရားဖြစ်၏။
ဤတရား နှစ်ခုစလုံးကို
အယုတ်တရားဟု ခေါ်ပေသည် " ။
ရဟန်းတို့ အယုတ်တရားနှစ်ပါးတို့သို့
မကပ်ရောက်မူ၍ ငါဘုရားသည်
မဇ္ဈိမပဋိပဒါအကျင့်ကို ထိုးထွင်း၍
သိတော်မူခဲ့သည်။ ကိုယ်ပိုင်ဉာဏ်ဖြင့်
ဧကန် သိတော်မူခဲ့သည်။
ထိုအကျင့်သည် ပူဆာသိမ်း၍ ငြိမ်းခြင်းငှာ
ထူးသောဉာဏ်ဖြင့် ကောင်းစွာသိခြင်းငှာ
နိဗ္ဗာန်အကျိုးငှာဖြစ်၏။
ထိုမဇ္ဈိမပဋိပဒါသည်အဘယ်နည်း
သမ္မာဒိဋ္ဌိ - ကောင်းစွာမြင်ခြင်း
သမ္မာသင်္ကပ္ပ -ကောင်းစွာကြံစည်ခြင်း
သမ္မာဝါစာ - ကောင်းစွာပြောဆိုခြင်း
သမ္မာကမ္မန္တ - ကောင်းစွာပြုလုပ် ခြင်း
သမ္မာအာဇီဝ -ကောင်းစွာအသက်မွေးခြင်း
သမ္မာဝါယာမ - ကောင်းစွာအားထုတ်ခြင်း
သမ္မာသတိ -ကောင်းစွာအောက်မေ့ခြင်း
သမ္မာသမာဓိ - ကောင်းစွာတည်ကြည်ခြင်း
ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံတော်မူသော
အရိယာမဂ်သာလျှင် ဖြစ်ပေသည်။
ရဟန်းတို့ ဤဆိုလတ္တံ့သော တရားသည်
အရိယာတို့ သိအပ်သော ဒုက္ခသစ္စာဖြစ်၏။
အသစ်တစ်ဖန် ဖြစ်ပေါ်ရခြင်းသည် ဆင်းရဲ၏။
အိုခြင်းသည် ဆင်းရဲ၏။
နာခြင်းသည် ဆင်းရဲ၏။
မချစ်ခင်မနှစ်သက်သော
သက်ရှိ သက်မဲ့ သင်္ခါရတို့နှင့်
ပေါင်းယှဉ်ရခြင်းသည် ဆင်းရဲ၏။
ချစ်ခင်နှစ်သက်အပ်သော
သက်ရှိ သက်မဲ့ သင်္ခါရများနှင့်
ကွေကွင်းရခြင်းသည် ဆင်းရဲ၏။
တောင့်တတိုင်း မပြည့်စုံခြင်းသည်
ဆင်းရဲ၏။
အကျဉ်းအားဖြင့်
ဥပဒါနက္ခန္ဓာ ငါးပါးတို့သည်
ဆင်းရဲကုန်၏။
ရဟန်းတို့ ဤဆိုလတ္တံ့သော တရားသည်
အရိယာတို့ သိအပ်သော
ဒုက္ခသမုဒယသစ္စာ ဖြစ်၏။
ဤတဏှာသည် အသစ်အသစ်သော
ဘဝတို့ကို ဖြစ်စေတတ်၏
နှစ်သက်ခြင်း တက်မက်ခြင်းနှင့်တကွဖြစ်၏။
ထိုထိုအာရုံ ကာမဂုဏ်တို့၌ခုံမင်တတ်၏။
ဤတဏှာသည် အဘယ်မျှ ရှိသနည်း။
ကာမတဏှာ = အဆင်း အသံ အစရှိသော
ပြင်ပအာရုံများကို တပ်မက်တတ်သော တဏှာ။
ဘဝတဏှာ = စိတ်ဝိဉာဏ်အစဉ်အဆက်
ခိုင်မြဲသည်ဟု စွဲလန်းခြင်းနှင့်
ယှဉ်သော တဏှာ။
ဝိဘဝတဏှာ = သေလျှင် ကိစ္စတုံးသည်ဟု
စွဲလန်းခြင်းနှင့် ယှဉ်သော တဏှာ။
ဤသို့အားဖြင့် သုံးပါးရှိပေသည် " ။
ရဟန်းတို့ ဤဆိုလတ္တံ့သော တရားသည်
အရိယာတို့ သိအပ်သော ဒုက္ခနိရောဓသစ္စာ
ဖြစ်ပေသည်။
ထိုဒုက္ခ၏ အကြောင်းရင်းဖြစ်သော
တဏှာ၏သာလျှင် အကြွင်းမဲ့တပ်ခြင်းကင်း၍
ချုပ်ငြိမ်းရာ စွန့်ရာ လွှတ်ရာ လွတ်မြောက်ရာ
ကပ်ငြိခြင်းကင်းရာဖြစ်သော
ဒုက္ခနိရောဓသစ္စာ ဖြစ်ပေသည်။
ဤသို့ သစ္စာလေးပါးကို
သူ့အခန်းနှင့်သူ ဝေဖန်တော်မူပြီးနောက်
သစ္စာလေးပါးကိုပေါင်း၍
🙏သစ္စာဉာဏ်
🙏ကိစ္စဉာဏ်
🙏ကတဉာဏ်ဟူ၍
ဉာဏ်သုံးပါးဖြင့်
ဝေဖန်တော်မူပြပြန်သည်။
သစ္စာဉာဏ် ဆိုသည်မှာ
သစ္စာလေးပါး တရားတို့ကို ဟုတ်တိုင်းမှန်စွာ
သိသောဉာဏ် ဖြစ်၏။
ကိစ္စဉာဏ်မှာ
သစ္စာလေးပါးအပေါ် ပြုအပ်သည့် ပြုရမည့်
ကိစ္စများသာ သိသောဉာဏ်ဖြစ်၍
ကတဉာဏ်မှာ ပြုပြီးဖစ်သည်ကို
သိသောဉာဏ်ဖြစ်၏။
ကိစ္စဉာဏ်နှင့် ကတဉာဏ်တို့မှာ
သဘောအားဖြင့် မထူးခြားပါ။
အချိန်ပိုင်းအခြား ကွာခြားရုံသာ ရှိပါသည်။
သစ္စာလေးပါးတို့အပေါ်ပြုရမည့်ကိစ္စများမှာ
ဒုက္ခသစ္စာ ပရိညာကိစ္စ = ပိုင်းခြားသိရန်
သမုဒယသစ္စာ ပဟာနကိစ္စ = ပယ်စွန့်ရန်
နိရောဓသစ္စာ သစ္ဆိကရဏကိစ္စ = မျက်မှောက်ပြုရန်
မဂ္ဂသစ္စာ ဘာဝနာကိစ္စ = ပွားများရန်။
ဤသို့ သူ့သစ္စာနှင့် သူ့ကိစ္စ
အသီးသီးတွဲလျှက် ရှိကြပေသည်။
ရဟန်းတို့ အကြင်အခါ၌
ဤသစ္စာလေးပါးတို့၌ ဉာဏ်သုံးပါး
အခြင်းအရာတစ်ဆယ့်နှစ်ပါးရှိသော
ဟုတ်တိုင်းမှန်စွာ သိတတ်သော ဉာဏ်သည်
ငါဘုရားအား ကောင်းစွာစင်ကြယ်၏။
ထိုအခါတွင်မှ ငါသည် လောကတစ်လွှား၌
ဘုရားဖြစ်ကြောင်း လူသိ နတ်သိ ဝန်ခံခဲ့ပေသည်။
ငါသည် ပြန်လည်သုံးသပ်သော
ပစ္စဝေက္ခဏာဉာဏ်သည် ထင်ရှားခဲ့ပြီ။
ငါ၏ အရဟတ္တဖိုလ်ကို ဆန့်ကျင်ဘက် တရားတို့က ဖျက်ဆီး၍ မရနိုင်ပြီ။
ဤကိုယ်၌ အဖြစ်သည် နောက်ဆုံးဖြစ်၏။
နောက်ထပ်တစ်ဖန် ဖြစ်စရာမရှိတော့ပြီ။
ဤသို့သော ပစ္စဝေက္ခဏ ဉာဏ်အမြင်
ထင်ရှား၍ လာပြီတည်း " ။
ကိုးကား
https://www.facebook.com/219148381903659/posts/609401469545013/
✍Credit
Comments
Post a Comment