သခင်မြင်လှည့်တော်မူ
💧
သခင် ကြင်လှည့် မြင်တော်မူ
@****moe & zat****@
💧 ငါတို့ပုခုံး သန်မာ တုန်းမို့
အပြုံးကိုယ်စီ။
တွဲဘက် ညီလျှက်
မပျက် လယ် ကွင်း
ထွန်ယက် ရင်း ဖြင့်
နေပူ မိုးပေါက် ဒို့မ ကြောက် ခဲ့ ။
💧 ဘဝ သက်ဆုံး
အချစ် ဆုံးမို့
သက်ဆုံး ခစား
သခင့် ပါးမှာ
ဝပ်တွား မမုန်း ပီတိ ဖုံးရင်း
ထွန်တုံး မကြောက်
တစ်မိုး အောက်တွင်
ကွန်းထောက် မြဲဆို
နား ခို လို ၏ ။
💧 သခင့် ဆန္ဒ လို မကျ၍
ထိရှ မျက်မာန်
အား သန် သန် ဖြင့်
ဒို့ များ ကျော ကုန်း
တ ဖုန်း ဖုန်း နှင့်
ကြိမ် လုံးနှင့်ဆော်
ရိုက်နှက် သော်လည်း
သခင် စိတ်ဆိုး မျက်နှာ ညိုး၍
စိုးထိတ်ရင်မှာ ကြောက် သူ ပါ ။
💧 နှစ်ယောက် အတူ
သာတူ ညီမျှ ရုန်းရ တံပိုး
ဂုတ်ကျိုး ပါစေ
မ တွေ ဝေ ဘူး
မမျှ ဝန်တာ ရွံ့နွံ ကာလည်း
ဖယ်ခွာ အားခဲ ချွေးလည် ရွဲ ၍
ဆွဲ ပြ တူ ရုန်း
အပြုံး မပျက် ဆုံး တစ်သက် ပါ ။
💧 တစ် ခါ တစ်လေ
ဝမ်းတွင် ပူဆာ နေမသာလို့
စပါး ကောက်ရိုး ခိုးယူ မစား
သနား သခင်
ကျွေးထည့် မြင်မှ
ခင်မင်တွယ်တာ စားခဲ့တာပါ ။
💧 သွေးသား ဆူပေါက်
တို့ရင်အောက်မှ
ထွန်းပေါက် ချိုမွှေး
နို့ရည် အေး ကို
မနှေး အရှင် သခင် ယူလည်း
ပူပင် မြဲငတ်
မငို တတ် သား
မတိုက် အားပြီ
ချစ်များမေတ္တာ မပျက်ခဲ့ပါ ။
💧 အချိန် ရွယ်ကျ
ပြိုကျ ဇရာ ရှောင်မသာပြီ
ဒူးက မခိုင်
ဇက် မနိင် နှေး
ထွန်ရေး မသာ
အားမှာ လွန် နဲ
ငွေ လွန် ဆွဲ သ ခင်
ရောင်း ဖို့ပြင် သည်
ဘယ် ပုံ ထွင် ၍ ပြော ရပ ။
💧 တို့အတူရုန်း
ခွန် အား ဆုံးလို့
ရွယ်တုံး အိုကျ သုံး မကျ မှ
ရောင်း ချ ကွဲ အက်
အ မဲ ဖျက် ဖို့
ဆွဲလျက် ခေါ်ရာ မရုန်းသာ ပဲ
ဆန္ဒ့သခင် နှင်လို နှင် ပါ ။
💧 သည်း လွှာ ရင် ကွဲ
တ ဘဲ ဘဲ နှင့်
သား မြဲ ခေါ် သံ
ကြား ရ ပြန် တော့
ရုန်း သော မ ရ
လိုက် ပါ ရ ငြား
သနား ငဲ့ ကွက်
ရက်စက် သခင်
ပြစ်မမြင်မြဲ ချစ်ခင်ဆဲပါ ။
💦 သြော် . . သခင်ရယ်
💦 အသွေး ကို စား
အသား ဝါးမျို
သခင် ပျော်တယ် ဆိုရင်
ငါ့ သွေး ငါ့ သား
သ ခင် ရယ် မသနား
စား လို က စား
ထား လို ထား ပါ ။
💦 ဇက် အား ဓါး တင်
သတ် စဉ် ခ ဏ
ဘ ဝ တစ် ကွေ့
ခဏ တွေ့ ကာ
သခင့် လယ်ကွင်း
သည် အ ခင်း တွက်
တွေး မိ သ မျှ မျက် ရည် ကျ သည် ။
💦 မှား ရှိ ခဲ့ သ မျှ
ဝန် ချ တောင်း ပန်
အ ဖန် တ ရာ
ဘ ဝ များ စွာ မှာ
သ ခင့် အ နား
မြဲ နေ သွားသေ နေ ပါ ရ စေ ။
💦 များ ရှိ ခါ ခါ
သံ သ ရာ မှာ
ကျေ ပါ ဝဋ် နွဲ
တူ ဆုံ ကဲ လို့
သ ခင့် ထံ ပါး
မြဲ နေ သွား သေ နေ ပါ ရစေ ။
💧 ကျေးဇူးတရားကို 💧
သိတတ် မြင်တတ် ဆပ်တတ်သော
သူများ ဖြစ်ကြပါစေ
Moe Zat ( ရွေညာမြေ )
Magway
# Moe Zat ( မကွေး )
Comments
Post a Comment