ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ


ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ
(အပိုင်း – ၅) နေမင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျနော် ဖော်ပြခဲ့သော အချက်အလက်များအရ ယုတ်မာရက်စက်သော
အကျင့်စရိုက်ကို ကျင့်သုံးခဲ့ကြသူများသည် ပြည်ပက လာသူများသာမဟုတ်
ဘဲ ပြည်တွင်းက ဇာတ်တူသား စားသူများက အဓိက ဖြစ်သည်ကို ပညာ
သတိရှိသူများ သိနိုင်လောက်ပြီ ထင်ပါသည်။ နွားကွဲလျှင် ကျားဆွဲခံရသည်
မှာ ဓမ္မတာဖြစ်ရာ ပြည်တွင်းမညီညွတ်လျှင် ပြည်ပသားဝံပုလွေတွေကလည်း
ပါဝင်လာကြတော့မည်မှာ သဘာဝကျပါသည်။ သို့သော် ပြည်တွင်းမှ
နိုင်ငံတော်ဟု အမည်ခံထိုက်သူပုဂ္ဂိုလ်များ ကိုယ်တိုင်ကျူးလွန်နေနိုင်ခဲ့သော
နိုင်ငံတော်သစ္စာဖောက်မှု ဖြစ်နေသဖြင့် နိုင်ငံတော်လုပ်ကြံမှုဖြစ်ရပ်မှန်သမိုင်း
ပေါ်ထွက်ရေးမှာ ယနေ့တိုင်ဖြစ်မလာသေးခြင်းသည် ထူး၍ မဆန်းသော
အကြောင်း ဖြစ်ပါသည်။
နိုင်ငံတော်လုပ်ကြံမှုကြီးကို မှန်မှန်ကန်ကန်မရှူမြင်ဘဲ ဦးစောပြီးလျှင် ပြည်ပ
ကိုသာ အဓိက လက်ညှိုးထိုးပြနေမှုများသည် ပြည်တွင်းက လက်သည်
တရားခံများ မိမိတို့ကျူးလွန်မှုကို ရှောင်တိမ်းရန် ဇာတ်လမ်းထွင်သူများသာ
ဖြစ်ကြသဖြင့် ၄င်းတို့တင်ပြသော အကြောင်းအရာများကို အထူး သတိပြု
ဆင်ခြင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်
၍ ပြည်ပကို အဓိကလက်သည်အဖြစ် ညွှန်ပြရာတွင် လျှောက်လဲချက် အပေး
ကောင်းသည့် ပုဂ္ဂိုလ်များမှာ Burmese Nationalist Movements 1940-48
ရးသူ အငြိမ်းစား ဗိုလ်မှူးချုပ်မောင်မောင်နှင့် ၄င်း၏စာအုပ်ကို အဓိကမှီငြမ်း၍
“ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး” ရေးသူကိုသန်း (ကြည့်မြင်
တိုင်) တို့ကို ညွှန်းဆိုရမည် ဖြစ်ပါသည်။ သူတို့ ဖော်ထုတ်ရေးသားချက်များ
သည် အဓိက လက်သည်တရားခံအဖြစ် နိုင်ငံခြားကို ရည်ညွှန်းလိုလျှင်
အကောင်းဆုံး အထောက်အထားများဟု ဆိုနိုင်ကောင်းပါသည်။
ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဦးသန်းတို့ရေးသော နိုင်ငံတော်လုပ်ကြံမှုဆိုင်ရာ
စာအုပ်များကို ဖတ်ရှုလျှင် တရားခံဦးစော၏ နောက်ကွယ်တွင် နယ်ချဲ့သမား
တို့ပါဝင်ပုံကို ရေပက်မဝင်အောင် တင်ပြမှုကောင်းလွန်းသောကြောင့်ဗိုလ်ချုပ်
အား ဦးစောလုပ်ကြံမည့် သတင်းမှာ လုပ်ကြံမှုမဖြစ်မီကပင် နယ်ချဲ့သမားတို့
ကြိုတင်သိရှိပြီးဖြစ်ကြောင်း၊ လူသတ်လက်နက်များလည်း ဦးစောထံ
ရောက်ရှိနေမှုကို မြန်မာဘက်က ကာယကံရှင် ဦးအောင်ဆန်းလည်း သိရှိပြီး
အရေးယူရန် ဘုရင်ခံဒေါ်မန်စမစ်ကို သွားရောက်တင်ပြပြီးဖြစ်ကြောင်း၊ ခြုံ၍
ပြောရလျှင် ဦးစော၏လုပ်ကြံမှုသည် လျှို့ဝှက်လုပ်ကြံခြင်း မဟုတ်ဘဲ လူသိ
ရှင်ကြား ကြိုတင်သိမြင်ကြပြီးဖြစ်လျှက် ဗိုလ်ချုပ်တို့အား အတွင်းဝန်ရုံး
အတွင်း ကြက်ကလေး ငှက်ကလေး ဝင် ပစ်သလိုလုပ်ကြံခဲ့သည့် အဖြစ်
အပျက်သဖွယ် ရေးသားထားသည်ကို တွေ့ရပါသည်။
ဤမျှ လူသိရှင်ကြား လွယ်လင့်တကူ လုပ်ကြံမှုတွင် ထိုစဉ်က အာဏာပိုင်
မြန်မာအဖွဲ့အစည်းများ ရှိပါလျှက် ဘာကြောင့် လက်ပိုက်ကြည့်နေကြသလဲ
ဆိုသော မေးခွန်းကိုမူ ဗိုလ်ချုပ်အပေါ်သာ အားလုံးပုံချသွားသလို တင်ပြဟန်
ကို ဦးသန်း၏စာအုပ်တွင် ထူးထူးခြားခြား တွေ့ရပါသည်။ လက်နက်တိုက်မှ
လက်နက်များ ပျောက်နေသောကြောင့် လုံခြုံရေးစိတ်မချနိုင်သော အခြေ
အနေကို ဘုရင်ခံထံ ဗိုလ်ချုပ် သွားရောက်တင်ပြသည်ဟုလည်း ဆိုပါသည်။
လုံခြုံရေးနှင့်ပတ်သက်၍ တင်ပြတိုင်း ဗိုလ်ချုပ်က လုံးဝလက်မခံဘဲ ငြင်းခဲ့
သည်ဟု မဆီမလျော် အကြောင်းပြ ရေးသားမှုများလည်း တွေ့ရသည်။
ဗိုလ်ချုပ်ကို အကျိုးသင့် အကြောင်းသင့် ပြန်လည်ရှင်းပြရဲသူ၊ အတိအကျ
ငြင်းဆန်ရဲသူမရှိသလိုမျိုး ရေးထားသည်။ ထိုအချိန်က အစိုးရအဖွဲ့တွင်
ဦးကျော်ငြိမ်းတဦးသာ ဗိုလ်ချုပ်ကို ခံပြောရဲသူရှိသလို ဦးကျော်ငြိမ်းပြောလျှင်
တော့ ဗိုလ်ချုပ်က လက်ခံခဲ့သည်များရှိကြောင်း၊ ဦးကျော်ငြိမ်းမှာ ထိုအချိန်က
နိုင်ငံခြားရောက်နေ၍ ယခုလို လုပ်ကြံမှုကြီးဖြစ်ရကြောင်း၊ ဦးကျော်ငြိမ်းရှိ
လျှင် ထိုသို့မဖြစ်နိုင်ကြောင်း၊ နိုင်ငံခြားမှ ပြန်ရောက်လာသော ဦးကျော်ငြိမ်း
ကလည်း ဗိုလ်ချုပ်အလောင်းကို ကြည့်၍ သူမရှိသောကြောင့် ယခုလို
ဖြစ်ရသည်ဟု အများမြင်ကွင်းတွင် ငြီးတွားပြောကြားကြောင်း ဦးသန်း၏
စာအုပ်တွင် ဖော်ပြထားပါသည်။
ဦးသန်း၏ လုပ်ကြံမှုကြီး စာအုပ်ကိုဖတ်ရှုပြီးချိန်တွင် စာရေးသူသည် ပြည်သူ့
ရဲဘော် ဗိုလ်စက်ရောင် ပြောကြားချက်အချို့ကို ပြန်လည် သတိရလာ ပါ
သည်။ “ဦးကျော်ငြိမ်း လူမြင်ကွင်းမှာ ရင်ကွဲပက်လက် ဝမ်းနည်းမှုကို ငါ
မယုံဘူး၊ ဒီလူတွေက ဟန်ဆောင်ကောင်းတယ်။ ဦးကျော်ငြိမ်းက သူမရှိလို့
ဒီလိုဖြစ်ရတယ် ပြောပြီးငိုတဲ့ကိစ္စ အဲဒီအချိန် ဗမာပြည်ကွန်မြူနစ်ပါတီက
ထုတ်တဲ့ ပြည်သူ့အာဏာဂျာနယ်မှာ ပြိတ္တာတို့ မျက်ရည် မြေမကျကောင်း
ဘူး ဆိုပြီး လိမ်မနေနဲ့ ဒီကိစ္စ မင်းတို့မှာ တာဝန်ရှိတယ်ဆိုတာ ရေးတယ်။
သူ့တပည့် ရန်ကုန်ဘဆွေ ဦးစောကို လွန်ခဲ့တဲ့ ၁၀ လလောက်က သွား
စထားတဲ့ဇာတ်လမ်းကို ဒီအချိန်မှာ အကုန်သိကုန်ပြီကွ၊ ဒါကြောင့် ပြည်သူ့
အာဏာဂျာနယ်က ထည့်ပြီး ကလိလိုက်တာ”ဟု ဗိုလ်စက်ရောင် စာရေးသူ
ကို ပြောပြခဲ့သော စကားသည် ဦးသန်းစာအုပ်ပါ ဦးကျော်ငြိမ်းနှင့် ပတ်သက်
သောကိစ္စများတွင် စာရေးသူအတွက် တွေးစရာ ဖြစ်၍လာခဲ့ပါသည်။
ဗိုလ်မှူးချုပ်မောင်မောင်မှာ ဆိုရှယ်လစ်ပါတီတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဆင့်ရှိ
သူဖြစ်ပြီး မူလ ပြည်သူ့အရေးတော်ပုံပါတီ လက်ထက်ကစ၍ ပါဝင်ခဲ့သူ
ဖြစ်သည်။ ဦးသန်းမှာလည်း ဆိုရှယ်လစ်ပါတီ တိုင်းအဆင့် ဝါဒဖြန့်ချိရေးမှူး
အဆင့်မျိုးရှိသူဖြစ်ရာ ၄င်းတို့ခေါင်းဆောင် ဦးကျော်ငြိမ်းနှင့် ပတ်သက်၍
ရေးသားချက်များကို မှတ်သားသင့်ပါသည်။ ဦးကျော်ငြိမ်းသည် အင်္ဂလိပ်စစ်
အရာရှိ ယူနီဖောင်းဝတ်၍ အင်္ဂလိပ်စစ်တပ်မှ လက်နက်များ ထုတ်ယူခြင်း၊
မော်တော်ကားများ ခိုးထုတ်ခြင်းကို ရဲရင့်စွာ လုပ်ဆောင်ခဲ့သည်ဟုလည်း
ကောင်း၊ မြေအောက် လျှို့ဝှက်လုပ်ငန်း အများအပြားကိုလည်း တာဝန်ယူ
ဆောင်ရွက်ခဲ့သူ ဖြစ်သည်ဟုလည်းကောင်း ဦးသန်းစာအရ သိနိုင်မည်။
အလားတူ ဦးကျော်ငြိမ်းကို လက်ရုံးတဆူထား၍ နှစ်ပေါင်းများစွာ လက်တွဲ
လုပ်ဆောင်ခဲ့သူ ဝန်ကြီးချုပ်ဦးနုကလည်း တာတေစနေသား စာမျက်နှာ
၁၂၆ တွင် “(ဦး) ကျော်ငြိမ်းဆိုတဲ့လူဟာ ရန်ဖြစ်ရင် လက်မနှေးချင်ဘူး၊ သူက
အရင်ဦးအောင် ချချင်သူ ဖြစ်တယ်” ဟု ဦးကျော်ငြိမ်း၏ စရိုက်ကို ထုတ်ပြ
ထားပါသည်။ စာမျက်နှာ ၁၂၇ တွင် ၁၉၄၈ ခုနှစ် မတ်လ ၁၂ ရက်ရန်ကုန်မြို့
လယ်ရှိ အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက် ၃ တိုက်ကို
ဖျက်ဆီးရန် နောက်ကွယ်မှ အမိန့်ပေးသူဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
အထက်ပါ သတင်းစာတိုက်များ ဖျက်ဆီးမှုတွင် သာယာဝတီခရိုင်မှ
လယ်သမားအချို့ကို ရှေ့တန်းတင်ပြီး ဆိုရှယ်လစ်ပါတီမှ အမတ်များ၊
အတွင်းဝန်များ၊ ပါတီအမာခံဒေါက်တိုင်များက ဝင်ရောက်ဖျက်ဆီးကြသည်
ဟု အခြားရေးမှတ်ချက်များလည်း ရှိပါသည်။
ယင်းကဲ့သို့ အာဏာရပါတီနှင့် အစိုးရကိုယ်တိုင်က ပြည်တွင်း နိုင်ငံရေး
အဖျက်အမှောင့်လုပ်မှုသည် မြန်မာ့လွတ်လပ်ရေးနှင့် ယှဉ်တွဲ၍ နိုင်ငံတည်စ
ကပင် မကောင်းသော သန္ဓေပါလာမှုကို ဝမ်းနည်းဖွယ် တွေ့ရပါသည်။
ဆိုရှယ်လစ်ပါတီ ဦးစီးအဖွဲ့ဝင် မေမြို့ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်
တာဝန်ယူထားသူ ဗိုလ်မှူးကြီးမောင်မောင် (နောင်ဗိုလ်မှူးချုပ်ဖြစ်လာသူ)
အား မြောက်ပိုင်းတိုင်းမှူး ဗိုလ်လက်ျာ၏နေရာကို ပေးချင်သောကြောင့်
ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ ညွှန်ကြားမှုဖြင့် ဆိုရှယ်လစ်ပါတီ စည်းရုံး
ရေးမှူး ဦးသန်း(ကိုသန်း- ကြည့်မြင်တိုင်)သည် ၁၉၄၉ ခုနှစ်နှစ်ဆန်းပိုင်းတွင်
မိတ္တီလာခရိုင် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် ကိုအေးသောင်(ကနောင်)နှင့်
ညှိနှိုင်း၍ မိတ္ထီလာ တောင်သူလယ်သမားနှင့် ပြည်သူများကို စည်းရုံးလျက်
“ဗိုလ်လက်ျာအလိုမရှိ” ဟု ဆန္ဒပြပွဲဖြစ်ရန် ကြိုတင်စီစဉ်ခဲ့ပြီး ၄င်းဆန္ဒပြပွဲကို
အကြောင်းပြု၍ ဗိုလ်လက်ျာကို တပ်မဲ့ဗိုလ်ချုပ်အဖြစ် စစ်ရုံးသို့ပြန်ခေါ်
ချောင်ထိုးကာ ဗိုလ်မှူးကြီးမောင်မောင်ကို မြောက်ပိုင်းတိုင်းမှူးနေရာရအောင်
လုပ်ဆောင်ခဲ့ပုံ တပိုင်းတစကို ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး
စာမျက်နှာ ၄၃ တွင် တွေ့နိုင်ပါသည်။ စစ်တိုင်းမှူးနေရာ အပြောင်းအရွှေ့
အတွက် ဆိုရှယ်လစ်တို့ အကွက်ဆင်မှုများ မြန်မာနိုင်ငံ၌ အမှန်ပင် ဖြစ်ပွား
ခဲ့ပါသည်။
အမှန်ကိုဆိုရလျှင် ဗိုလ်လက်ျာသည် အနာဂတ် ဗမာ့တပ်မတော်၏ စစ်
ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ၇-၉-၄၅ ရက်နေ့ ချုပ်ဆို
ခဲ့သော ကန္ဒီစာချုပ်အရ နေရာလွှဲအပ်ခြင်းခံခဲ့ရသူ ဖြစ်ပါသည်။ ထိုစဉ်က
တပ်မတော်၏ ဒုတိယစစ်ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်က စောကြာဒိုးကို
သတ်မှတ်ခဲ့ပါသည်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်ပါတီက စည်းရုံး
ထားသော ဗိုလ်နေဝင်းမှာ ထိုအချိန်က သနက ၄ တွင်ဒုတပ်ရင်းမှူး(ဗိုလ်မှူး)
အဆင့်သာ ရှိသူဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ကန္ဒီစာချုပ်
ချုပ်ဆိုပြီးနောက် ဦးနေဝင်း၊ ဒု-တပ်ရင်းမှူး (ဗိုလ်မှူး) ဘဝမှ ၂-၃-၆၂ ရက်
နေ့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်ချိန်အထိ ရာထူးတိုးမြှင့်ခံရပုံ ဇယားကို
အောက်တွင် အကြမ်းဖျဉ်း ပုံဖော်ပြထားပါသည်။
map၂- ၃-၆၂ မတိုင်မီကာလ ဦးနေဝင်း၏ စစ်ဘက်ရာထူး တိုးမြှင့်ခံရခြင်း
များသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့၏
အကူအညီ အထောက်အပံ့အရသာ ရာထူးတိုးခြင်းဖြစ်ပါသည်။ ဦးနေဝင်း၏
ကိုယ်ပိုင်အရည်အချင်းအရ ၄င်းပုဂ္ဂိုလ်များနှင့် ကင်းပြတ်၍ ရာထူးတိုးသည်
ကို မတွေ့ရပေ။ ဗိုလ်ချုပ်အောင်ဆန်းရှိနေစဉ်ကာလအတွင်း ၁၆-၁၁-၄၆
တွင် ဦးနေဝင်း ဒု-တပ်ရင်းမှူး ဗိုလ်မှူးဘဝမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး
အဆင့်သို့ ရောက်ရှိခဲ့ပါသည်။ လွတ်လပ်ရေးယူခါနီးပြီဖြစ်၍ အင်္ဂလိပ်
တပ်ရင်းမှူးနေရာသို့ မြန်မာတပ်ရင်းမှူး အစားထိုးရမည်ဖြစ်၍ ပုံမှန်ရာထူး
တိုးခြင်းသာ ဖြစ်ပါသည်။ ၁၉-၇-၄၇ ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်မှ ၂ လ
အတွင်း ၈-၁၀-၄၇ တွင် ဗိုလ်နေဝင်းသည် ဗိုလ်မှူးချုပ်အဆင့်သို့ ဒုတိယ
ဗိုလ်မှူးကြီးမှ ရာထူးတဆင့် ခုန်ကျော်တိုးခဲ့ခြင်း ဖြစ်ပါသည်။ ဝန်ကြီးချုပ်ဦးနု
အား ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့က နိုင်ငံလွတ်လပ်ရေး ရယူတော့မည့်အချိန်
တွင် ယုံကြည်ရသော မြန်မာတပ်မှူးများ လိုအပ်သည်ကို အကြောင်းပြု၍
ဆိုရှယ်လစ်ပါတီဝင် ဗိုလ်နေဝင်းအား ရာထူးတိုးပေးထားသင့်ကြောင်း
ကျိုးကြောင်းခိုင်လုံစွာ တင်ပြခြင်းကြောင့် ဗိုလ်မှူးချုပ်ဖြစ်လာပြီး ၂၀-၁၂-၄၇
တွင် မြောက်ပိုင်းတိုင်းမှူးတာဝန်ကိုပါ ရရှိခြင်းဖြစ်ပါသည်။
လွတ်လပ်ရေး ရရှိသည့်အချိန်တွင်မူ ဆိုရှယ်လစ်များ ခြေရှုပ်၍ ကွန်မြူနစ်
များနှင့်ကွဲကာ နိုင်ငံမတည်မငြိမ်ဖြစ်လာသည်ကို အကြောင်းပြု၍ ဗိုလ်လက်ျာ
နှင့် စစ်ဦးစီးချုပ် စမစ်ဒွန်း၊ ဒု-ဦးစီးချုပ် စောကြာဒိုး၊ ဗိုလ်မှူးချုပ် အောင်သင်း၊
ရဲဗိုလ်ချုပ် ထွန်းလှအောင်၊ ပြည်စောင့်ရဲတပ်မင်းကြီး ဦးတင်ထွတ်တို့အုပ်စု
က အစိုးရအဖွဲ့မှ ဆိုရှယ်လစ်များကို ထုတ်ပယ်ရန် တောင်းဆိုလာချိန်တွင်
ဦးကျော်ငြိမ်းသည် ဆိုရှယ်လစ်ပါတီဝင် ဗိုလ်ချုပ်နေဝင်းကို အသုံးချ၍
လက်ဝဲညီညွတ်ရေးကောင်စီတွင် ဥက္ကဋ္ဌနေရာရယူပြီး လက်ယာအုပ်စုအား
ရင်ဆိုင်ရန် လက်ဝဲအုပ်စုနှင့် ယာယီညီညွတ်ရေး ရယူခဲ့ပါသည်။ ဤသို့ဖြင့်
ဆိုရှယ်လစ်များကို ဦးတည်တိုက်ခိုက်လာသော လက်ယာအုပ်စု၏ ထိုးနှက်
ချက်ကို ရင်ဆိုင်ပြီးနောက်မှ လက်ဝဲညီညွတ်ရေးကောင်စီ ဥက္ကဋ္ဌ ရရှိထား
သော ဗိုလ်နေဝင်းကို စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး နေရာရရှိအောင်
ဦးကျော်ငြိမ်း အကွက်ဆင်ပုံကို ဦးနုရေး တာတေစနေသား စာမျက်နှာ ၁၃၇
တွင် တွေ့ရှိနိုင်သည်။ ဗိုလ်နေဝင်းမှာ ထိုအချိန်က ဦးကျော်ငြိမ်း၏ နယ်ရုပ်
တရုပ်ပမာ လှုပ်ရှားခဲ့ရပါသည်။
၁၃-၈-၄၈ တွင် ဒုစစ်သေနာပတိ/ဗိုလ်ချုပ်ရာထူးကို ဦးကျော်ငြိမ်းကောင်းမှု
ကြောင့်ပင် ရခဲ့ခြင်း ဖြစ်ပါသည်။ ဗမာ့တပ်မတော်တွင် ကရင်ဗိုလ်ချုပ်များ
ကြီးစိုးနေသည့်အတွက် ကရင်-ဗမာပြဿနာကို ဆိုရှယ်လစ်တို့
ဖန်တီးခဲ့ပြီးနောက် ၁-၂-၄၉ တွင် စစ်ဦးစီးချုပ်စမစ်ဒွန်းနေရာတွင်ဗိုလ်နေဝင်း
အား စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ရရှိအောင် ဦးဗဆွေ၊
ဦးကျော်ငြိမ်းတို့က အကွက်ဆင် ဖန်တီးပေးခဲ့ပုံကို တာတေစနေသား
စာမျက်နှာ ၁၆၂ တွင် တွေ့နိုင်သည်။ ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး
တာဝန်ကိုပါ ရရှိအောင် ဦးကျော်ငြိမ်း ဖန်တီးပေးခဲ့ကြောင်းကိုပါ တွေ့ရမည်။
၉-၉-၅၀ တွင် ဗိုလ်နေဝင်းသည် အရပ်ဘက်တာဝန်များမှ ရပ်စဲ၍ တပ်မတော်
သို့ ပြန်သွားခဲ့ရပါသည်။ ၁၉၅၂ ခု မတ်လ ၁၀ ရက်တွင် အိမ်ထောင်ရှိပြီး
သော ဒေါ်ခင်မေသန်းကို တရားဝင်မယားကြီးရှိပါလျက် ဗိုလ်နေဝင်း ထပ်မံ
လက်ထပ်ယူမှုကြောင့် ဦးနုက တပ်မတော်အက်ဥပဒေအရ အရေးယူရန်
လုပ်ဆောင်မှု ရှိခဲ့သော်လည်း ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ်မောင်စသော
ဆိုရှယ်လစ် နိုင်ငံရေးသမားများ၏ မေတ္တာရပ်ခံမှုကြောင့် သက်သာရာရခဲ့ခြင်း
ဖြစ်ပါသည်။
ဗိုလ်နေဝင်း ကံကောင်းသဖြင့် ရာထူးမပြုတ် အချုပ်မရောက်ခဲ့ခြင်း ဖြစ်ပါ
သည်။ ၉-၉-၅၀ တွင် ဗိုလ်နေဝင်း အရပ်ဘက်တာဝန် ပူးတွဲထမ်းဆောင်ရာမှ
စစ်ဘက်သို့ ပြန်သွားရပြီးနောက်ပိုင်း ဆိုရှယ်လစ်များသည် ဦးနေဝင်းအပေါ်
အထင်ကြီးမှု လျော့နည်းလာခဲ့သည်။စစ်ရေးနှင့်ပတ်သက်၍ ဘာ အရည်
အချင်းမျှမရှိဟု မြင်လာကြသည်။ ၁၉၅၂ ခုနှစ် အိမ်ထောင်ရေးပြဿနာ
ပေါ်သောအချိန်တွင် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များက ၄င်းကိုတပ်မတော်
ခေါင်းဆောင်နေရာက ဖယ်ရှားလိုသော ဆန္ဒများ ဖြစ်ပေါ်လာကြပါသည်။
ဗိုလ်နေဝင်းနေရာတွင် ဗိုလ်မှူးချုပ်ကျော်ဇောကို အစားထိုး၍ ရနိုင်မရနိုင်
စဉ်းစားလာကြသည်။ ဦးကျော်ငြိမ်းကိုယ်တိုင် အနောက်ဥရောပလေ့လာရေး
ခရီးများတွင် ဗိုလ်ကျော်ဇောကို ဒုတိယအဖွဲ့ခေါင်းဆောင် နေရာပေး၍
ခေါ်ယူသွားမှုများ ရှိခဲ့သည်။ ဦးကျော်ငြိမ်း ယုံကြည်အောင် ဗိုလ်ကျော်ဇော
လိမ္မာပါးနပ်ခဲ့ပါလျှင် ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်ဗိုလ်ချုပ်မှာ ဗိုလ်ချုပ်
ကျော်ဇောဖြစ်၍ ဦးဆောင်ပါတီအဖြစ် မဆလအစား ဗကပဖြစ်နိုင်လောက်
သည် ဟု ထင်ပါသည်။ ဗိုလ်ကျော်ဇောသည် အရိုးခံဖြင့် ဆိုရှယ်လစ်
ဦးကျော်ငြိမ်းအုပ်စု၏ စည်းရုံးမှုကိုလက်မခံဘဲ ဆိုရှယ်လစ်ဆန့်ကျင်ရေး
စကားများကိုပင် ပြောဆိုခဲ့သောကြောင့် ဆိုရှယ်လစ်အုပ်စုသည် ဗိုလ်နေဝင်း
နေရာကို ဗိုလ်ကျော်ဇောဖြင့် အစားထိုးရေး အစီအစဉ်ကို လက်လျော့လိုက်ရ
သဖြင့် ဗိုလ်နေဝင်းသည် မိမိနေရာတွင် ဆိုရှယ်လစ်များ မကြိုက်ဘဲ ဆက်
တည်မြဲခဲ့ရခြင်း ဖြစ်ပါသည်။
ဗိုလ်ကျော်ဇော အနောက်ဥရောပမှ ဦးကျော်ငြိမ်းနှင့် ပြန်လာသောအချိန်
မိမိရာထူးတည်မြဲရေးအတွက် ရင်တထိတ်ထိတ် ဖြစ်နေသော ဗိုလ်နေဝင်း
လေဆိပ်တွင် အစိုးရအဖွဲ့အား ကြိုဆိုရင်း ဗိုလ်ကျော်ဇောကိုတောင်ပိုင်းတိုင်း
စစ်ဋ္ဌာနချုပ်ခန်းမထဲ၌ ၂ ယောက်တည်း တွေ့ဆုံမေးမြန်းခန်းကိုဗိုလ်
ကျော်ဇောက ၄င်းအတ္ထုပ္ပတ္တိစာအုပ် စာမျက်နှာ ၁၅၉ တွင် ရေးသားထားပါ
သည်။ ထို့ကြောင့် ၉-၉-၅၀ မှ ၂၉-၁၀-၅၈ ခုနှစ် အိမ်စောင့်အစိုးရဝန်ကြီးချုပ်
ဖြစ်ချိန်အထိ ဗိုလ်နေဝင်းသည် ဦးကျော်ငြိမ်း၊ဦးဗဆွေနှင့်ဆိုရှယ်လစ်တပ်မှူး
များ အခြေအနေကြည့်ပြီး မိမိရာထူးတည်မြဲရေးအတွက် စိုးရိမ်မှုဖြင့် အထူး
သတိထားနေခဲ့ရသူ အမှန်ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ချုပ်တည်းခဲ့ရသော ဗိုလ်
နေဝင်း၏ ခံစားချက်များသည် ၁၉၆၃ ခုနှစ် ဩဂုတ်လအတွင်း ရေကြည်အိုင်
အချုပ်ခန်းသို့ ရောက်ရှိလာသော ဦးကျော်ငြိမ်းအပေါ် မည်ကဲ့သို့ဆက်ဆံခဲ့
သည်ကို ဦးတင်မောင်ဝင်းရေး နိုင်ငံရေးသမားနှင့် နိုင်ငံရေးစာအုပ် စာမျက်နှာ
၃၃၃-၃၃၅ တွင် လေ့လာသိရှိနိုင်သည်။
၁၉၆၃ ဇွန်လမှ နိုဝင်ဘာလအတွင်း ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီ
အစိုးရနှင့်တောတွင်း လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ
နေစဉ် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးဝင်းစသည့် ဆိုရှယ်လစ်များကို ဗိုလ်နေဝင်း
က ကြိုတင် ဖမ်းဆီး ထိန်းသိမ်းထားချိန် ဖြစ်ပါသည်။ ဦးကျော်ငြိမ်း အဖမ်းခံရ
သည့်အခါ အခြား နိုင်ငံရေးခေါင်းဆောင်များနှင့် မတူပါ။ ရေကြည်အိုင်တွင်
အလွန်တရာ အညှင်းခံရသည်ဟု ဆိုပါသည်။ ကိုယ်ထိလက်ရောက် ရိုက်
နှက်ခြင်း မခံရသော်လည်း စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲမှုနှင့် စော်ကားမှုကို
အတော်ခံခဲ့ရပါသည်။ သူ့ကို အခြားသူများနှင့် တန်းတူ တိုက်ခန်းထဲမထား
ဘဲ တိရစ္ဆာန်များထားသကဲ့သို့ သံတိုင်ပတ်လည်ကာရံထားသောလှောင်အိမ်
ထဲတွင် ထားပါသည်။ ကုတင်နှင့် ခြင်ထောင်တော့ ပေးသည်။ အပြင်မှနေ၍
အလွန်တရာလင်းသော မီးလုံးကြီးများ ထိုးထားသဖြင့် အပြင်ကို မမြင်နိုင်
သောအခြေအနေ ဖန်တီးထားသည်။ ဦးကျော်ငြိမ်းနာမည်ကို ခေါ်၍ မကြာ
ခဏ အမှောင်ထဲမှ မဖွယ်မရာ ဆဲရေးတိုင်းထွာကြသည် ဆိုပါသည်။ မခံ
မရပ်နိုင်ဖြစ်လာသော ဦးကျော်ငြိမ်းက”မင်းတို့ ငါကို ဒီလိုစော်ကားတာ ငါ
မခံနိုင်ဘူးကွ၊ ဒီလို မင်းတို့စော်ကားတာ ခံနေရတာထက် ကိုယ့်ဘာသာ
ကိုယ် သတ်သေတာက ကောင်းတယ်”ဟု ပြောဆိုပြီး ခြင်ထောင်ကြိုးဖြင့်
မိမိကိုယ်မိမိကြိုးဆွဲချရန် ပြင်ဆင်သည့်အခါမှ အစောင့်များ တံခါးဖွင့်၍
ဝင်ဆွဲကြသည်။
ထိုသတင်းကိုကြားသော ဗိုလ်နေဝင်းသည် ထောင်ထဲသို့လာပြီး ဦးကျော်ငြိမ်း
ကို တွေ့သည်ဟု ဦးကျော်ငြိမ်းကိုယ်တိုင် ဦးဝင်းကို ပြောပြသည့်အကြောင်း
ဦးတင်မောင်ဝင်း၏ စာအုပ်တွင်ပါရှ်ိသည်။ ယင်းစာအုပ်တွင်ပင် ဦးဗဆွေက
ဦးကျော်ငြိမ်း ကျူးလွန်ခဲ့သည့်အမှုများမှာ ကြီးသဖြင့် ၄င်းကိုသွားပြီး စကား
မပြောရဲကြောင်း ဖော်ပြပါရှိပါသည်။ ထိုအချိန်က ရေကြည်အိုင်ထောင်မှူးမှာ
မုဒုံတင်ဦး(မျက်မှန်) ဖြစ်ကြောင်း သိရပါသည်။ ပြည်သူ့အရေးတော်ပုံပါတီ၏
ထောက်လှမ်းရေးတာဝန်ခံ ဦးကျော်ငြိမ်းအား မဆလခေတ်ထောက်လှမ်းရေး
တာဝန်ခံဖြစ်လာမည့် ဦးတင်ဦး၏ ဆက်ဆံပြုမူပုံ မှတ်တမ်းပင် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
စာရေးသူ နေမင်းထံမှ ကူးယူဖော်ပြပါသည် ။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ
(နိဂုံး) နေမင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြီးခဲ့သော ဆောင်းပါးတွင် ဦးကျော်ငြိမ်းနှင့်ပတ်သက်၍ ဗိုလ်နေဝင်း၏တုံ့ပြန်
ဝေဖန်ချက်များကို တင်ပြခဲ့ပါသည်။ ဦးသန်း(ကိုသန်း- ကြည့်မြင်တိုင်) အပါ
အဝင် ဆိုရှယ်လစ်ပါတီ လူဟောင်းများဘက်ကမူ ဗိုလ်နေဝင်းအပေါ် စစ်ရေး
နိုင်ငံရေးအရ လုံး၀ အထင်မကြီးသော ဝေဖန်စကားများကိုသာ စာရေးသူ
ကြားခဲ့ဘူးပြီး ဖဆပလနှင့် ဆိုရှယ်လစ်အုပ်စုမှ စစ်ရေး နိုင်ငံရေးတွင် အမှန်
တကယ် တန်ဘိုးထားသော စစ်ရေး နိုင်ငံရေး အနာဂတ်ခေါင်းဆောင်
ဖြစ်လာနိုင်သူမှာ ဗိုလ်မောင်မောင်သာဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ဦးသန်း၏ ကိုယ်တွေ့သိခဲ့ရသမျှနိုင်ငံတော်လုပ်ကြံမှုကြီးစာအုပ်ပါဖော်ပြချက်
အရ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းက
အနာဂတ်တပ်မတော် ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့သောဗိုလ်လက်ျာအား
တပ်မတော်မှ အပြတ်မောင်းထုတ်ရန် မိတ္ထီလာ၌ ဆိုရှယ်လစ်များ ဦးစီး၍
ဟန်ပြဆန္ဒပြပွဲတခု ဖန်တီးခဲ့ကြောင်း၊ ယင်းဆန္ဒပြပွဲကို အကြောင်းပြု၍
ဗိုလ်လက်ျာကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ၂ ပတ်သာ ထား၍ ၄င်း
နေရာတွင် ဆိုရှယ်လစ်များအလိုကျ ဗိုလ်မောင်မောင်ကိုတိုင်းမှူးခန့်ခဲ့
ကြောင်း ဖော်ပြထားပါသည်။
ဗိုလ်ကျော်ဇော၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်နှင့် ဦးသန်း၏ စာအုပ်ကို
ပေါင်းစပ် လေ့လာလိုက်သောအခါ ဗိုလ်ကျော်ဇောသည် ၁၉၄၉ ဖေဖော်ဝါရီ
လဆန်းတွင် မြောက်ပိုင်းတိုင်းမှူးမှ တောင်ပိုင်းတိုင်း ဗိုလ်မှူးချုပ်အောင်သင်း
နေရာ လွှဲပြောင်းလက်ခံရယူစဉ် ပထမဦးစွာ မြောက်ပိုင်းတိုင်းမှူးနေရာကို
ကာကွယ်ရေးဝန်ကြီးနေရာမှ နှုတ်ထွက်ပေးခဲ့ရသော ဗိုလ်လက်ျာအား
တာဝန်ပေးခဲ့ကြောင်း၊ ဗိုလ်လက်ျာကို ဆိုရှယ်လစ်ဦးသန်းတို့ ဆန္ဒပြပွဲလုပ်၍
နှင်ထုတ်သဖြင့် တိုင်းမှူးသက်တမ်း ၂ ပတ်ခန့်သာခံ၍ ရန်ကုန်စစ်ရုံးသို့
ပြန်သွားခဲ့ရကာ မြောက်ပိုင်းတိုင်းမှူးနေရာကို ဆိုရှယ်လစ် ဗိုလ်မောင်မောင်
က ၁၇-၂-၄၉ ရက်တွင် ရခဲ့ကြောင်း သိရှိရပါသည်။ ၁၉၄၉ ဖေဖော်ဝါရီ
တတိယပတ်အတွင်း ဗိုလ်မောင်မောင် မြောက်ပိုင်းတိုင်းမှူး ရာထူးရသည်ဟု
ဆိုနိုင်ပါသည်။
အဆိုပါ မြောက်ပိုင်းတိုင်းမှူး ဆိုရှယ်လစ်ဗိုလ်မောင်မောင်သည် ၁၉၄၉ ခုနှစ်
ဖေဖော်ဝါရီလ ၂၀ ရက် ဝန်းကျင်တွင် မိတ္ထီလာကို ကေအင်ဒီအိုသိမ်းစဉ်
အဖမ်းခံသွားခဲ့ရကာ ၁၉၅၁ ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင်မှ ဗိုလ်မှူးချုပ်
ကျော်ဇောဦးဆောင်၍ ကြည်းတပ် လေတပ် ပူးပေါင်းစစ်ဆင်ရေးနှင့် ရန်ကုန်
ဘဆွေ၏ အရပ်သားပျောက်ကျားတပ်ဖွဲ့များက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရ
ကြောင်း မှတ်တမ်းများအရ သိရပါသည်။ ဗမာ့တပ်မတော်မှ တိုင်းမှူးအဆင့်
ရှိသူ ဗိုလ်မှူးကြီးသည် ကရင်သူပုန်များလက်တွင်း ၂ နှစ်ခွဲခန့် စစ်သုံ့ပန်း
ဖြစ်ခဲ့ရပြီး ပြန်လွတ်လာသောအခါတွင်လည်း ဗိုလ်မှူးချုပ်အဆင့်သို့ပင်
ရာထူးတိုးမြှင့်ခံရသည်မှာ ဆိုရှယ်လစ်များ အားကိုးမျှော်လင့်ခြင်းကြောင့်
မှတပါး အခြားမဖြစ်နိုင်ပါ။
ဗိုလ်မောင်မောင်သည် ၂ ရက်ကျော်သာတိုင်းမှူးဖြစ်ရပြီးကရင်သူပုန်လက်ထဲ
၂ နှစ်ခွဲခန့် စစ်သုံ့ပန်းဘ၀ ရောက်ရှိခဲ့ရခြင်းသည် ဗိုလ်လက်ျာအား ၂ ပတ်
ခန့်သာ တိုင်းမှူးဘဝခံအောင် ဆိုရှယ်လစ်ဆရာကြီးများ၏ ဉာဏ်လှည့်စားမှု
အပေါ် ကံဇာတ်ဆရာက မမျှော်လင့်ထားသော ကြိုးဆွဲကပြမှုဖြင့် ချိုးကွေ့
လိုက်ခြင်းဖြစ်သည်။ ပြည်တွင်းစစ်သမိုင်းတွင် သင်ခန်းစာယူသင့်သည့်
ဇာတ်ကွက်ဖြစ်ပါသည်။ ဆိုရှယ်လစ်များ မည်မျှဉာဏ်များသော်လည်း
ကံဇာတ်ကွက်ဆရာ အလိုကျ ဆိုရှယ်လစ်တပ်မှူးများ ၄-၄-၆၀ နောက်ပိုင်း
တွင် ကံကုန်၍ ဇာတ်သိမ်းသွားပုံမှာလည်း မြန်မာ့နိုင်ငံရေးသမိုင်းစဉ် အလှည့်
အပြောင်းတွင် မှတ်သားဖွယ် ကောင်းလှပါ၏။
ဗိုလ်မောင်မောင်အား ၄င်း၏သေဘော်သေဘက် ရဲဘော်အရင်းအခြာ
ရန်ကုန်ဘဆွေက အရပ်သားပျောက်ကျားတပ်ဖွဲ့ဖြင့် တပ်မတော်ကြည်းနှင့်
လေ ပေါင်းစပ်ထိုးစစ်တွင် ထူးထူးခြားခြား ပါဝင်ကယ်တင်ခဲ့ကြောင်း
ဗိုလ်ကျော်ဇော၏ (အတ္ထုပ္ပတ္တိစာ-၁၄၈-၁၄၉) တွင် လေ့လာဖတ်ရှုနိုင်ပါ
သည်။ ရန်ကုန်ဘဆွေရေးသော “ချီလေသော်လည်း” နှင့် “တိုက်ယူရတဲ့
မျက်ရည်တပေါက်”စာအုပ်များသည်လည်းရန်ကုန်ဘဆွေနှင့်ဗိုလ်မောင်မောင်၊]
ဗိုလ်အောင်ကြီးတို့၏ ဆက်စပ်မှုကို သိရှိနိုင်သော အထောက်အထားများဖြစ်
၍ တပ်မတော်သမိုင်း စာအုပ်ကျမ်းကိုးစာရင်းတွင်လည်း ရန်ကုန်ဘဆွေ၊
ဦးမြလှိုင်၊ ဗိုလ်မောင်မောင်တို့ရေးသော အဆိုပါစာအုပ်များ ပါဝင်သည်ကို
သတိပြုသင့်ပါသည်။
ကေအင်ဒီအို လက်တွင်း ၂ နှစ်ခွဲကျော် စစ်သုံ့ပန်းဘ၀ နေခဲ့ရသော
ဗိုလ်မောင်မောင်၏ အဖြစ်ကို ယူကြုံးမရ ခံစားရသည့် ဆိုရှယ်လစ်အုပ်စု
သည် ရဲဘော်သုံးကျိပ်ဝင်ထဲမှ စစ်ရေးနှင့်ပတ်သက်၍ သုံးမရသော
ဗိုလ်နေဝင်း၊ မိမိတို့ ဆိုရှယ်လစ်ဂိုဏ်းဝင်ဖြစ်အောင် စည်းရုံးမရသော
ဗိုလ်ကျော်ဇောတို့ကို အားမကိုးတော့ဘဲ မိမိတို့ကိုယ်တိုင် စစ်တက္ကသိုလ်
ထူထောင်၍ စိတ်တိုင်းကျ စစ်ဗိုလ်များမွေးထုတ်ရန် ၁၀-၁၁-၅၂ တွင်
ဗိုလ်အောင်ကြီးက သဘာပတိပြုလုပ်၍ အတွင်းရေးမှူး ဗိုလ်ထွန်းအုံနှင့်
ဗိုလ်မောင်မောင်၊ ဗိုလ်သောင်းကြည်၊ ဗိုလ်အောင်စိုး၊ ဗိုလ်ဘသန်း၊
ဗိုလ်မောင်မောင်လေးတို့ ပါဝင်သော အစည်းအဝေးမှ စစ်တက္ကသိုလ် ရေးဆွဲ
ရေးတာဝန်ကို စစ်သုံ့ပန်းဖြစ်ခဲ့သူ ဗိုလ်မှူးကြီးမောင်မောင်အား ဦးဆောင်ရန်
တာဝန်ပေးခဲ့ပါသည်။
ထို့နောက် စစ်တက္ကသိုလ် အကောင်အထည်ဖော်ရေးအဖွဲ့ကို ၁၉၅၃ မေလ
တွင် ကာကွယ်ရေးဝန်ကြီး ဆိုရှယ်လစ်ဦးဗဆွေက တရားဝင်ဖွဲ့စည်းပေးခဲ့
ပါသည်။စစ်တက္ကသိုလ်ဖွဲ့စည်းရေးအထူးကော်မတီကိုဗိုလ်မှူးချုပ်မောင်မောင်
အား ဦးဆောင်ဖွဲ့စည်းစေခဲ့ပါသည်။ ဤသို့ဖြင့်စစ်တက္ကသိုလ်ကို ပထမဆုံး
မျိုးစေ့ချပျိုးထောင်ခဲ့သော အဆိုပါဦးဆောင်ကော်မတီ၏ ခေါင်းဆောင်မှာ
ဗိုလ်မှူးချုပ်မောင်မောင် ဖြစ်လာခဲ့ပါသည်။ အဆိုပါစစ်တက္ကသိုလ်မှ နောင်
တွင် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ
စသော အနာဂတ်စစ်ခေါင်းဆောင်များကို ဦးစွာပထမ မွေးထုတ်ပေးခဲ့နိုင်ပါ
သည်။ စစ်တက္ကသိုလ် ပထမဆုံးကျောင်းအုပ် တာဝန်ယူရသော ဗိုလ်မှူးကြီး
ကျော်စိုးမှာ ဆိုရှယ်လစ်ဂိုဏ်းသား အမာခံတစ်ဦးဖြစ်ကြောင်း ဗိုလ်ကျော်ဇော
၏ စာအုပ်တွင်ဖော်ပြပါရှိသကဲ့သို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ
အဆောက်အဦး အား ၇-၇-၆၂ ညအချိန် ဗုံးခွဲဖျက်ဆီးမှုတွင် ဖြေရှင်းရန်
အဓိက တာဝန်ရှိသူများထဲမှ တဦးလည်း ဖြစ်ပါသည်။
အထက်ပါ မြန်မာ့နိုင်ငံရေးဖြစ်စဉ် မှတ်တိုင်များကိုကြည့်ရှု့လျှင် ဆိုရှယ်လစ်
ပါတီသည် ပြည်သူ့အရေးတော်ပုံပါတီဘဝမှစ၍ လက်နက်ကိုင်တပ်ကို
ထာဝစဉ်လက်ဦးမှုရှိရှိ ရယူနိုင်ရေးဦးတည်ချက်ကို အမြဲမပြတ် ဆောင်ရွက်ခဲ့
သည်ကို တွေ့နိုင်မည်ဖြစ်ပါသည်။ယင်းကဲ့သို့ဆောင်ရွက်ရန် ဥပဒေအတွင်း၊
ဥပဒေပ နည်းပေါင်းစုံကျင့်သုံးရန် ဝန်မလေးဘဲ ဥပဒေပ လုပ်ဆောင်မှုနှင့်
ပတ်သက်၍ ရန်ကုန်ဘဆွေက ဦးဆောင်လုပ်ဆောင်ရန် တာဝန်ယူထားပုံ
ရပါသည်။
ဦးစောကို ဟန်ပြလုပ်ကြံမှုတွင် ရန်ကုန်ဘဆွေ ကျူးလွန်ခဲ့သလို နောင်တွင်
နိုင်ငံအကြီးအကဲ ဖြစ်လာနိုင်သော ဦးနုအား ရန်ကုန်ဘဆွေကပင် လုပ်ကြံ
ရန် ကြိုးစားခဲ့ပုံကို သခင်သန်းထွန်းကိုယ်တိုင် ပဲခူးရိုးမ ဘဝဟစ်တိုင်လှုပ်ရှား
မှုမိန့်ခွန်းတွင် ထုတ်ဖော်ပြောကြား ထားကြောင်းဆောင်းပါးရှင် ကိုစိုးမြင့်သိန်း
က ၁၃-၃-၂၀၁၄ ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ထုတ်ဖော်ရေးသား
ထားပြီး ဖြစ်ပါသည်။
ဗိုလ်မောင်မောင် ကယ်တင်ရေး တပ်မတော်ကြည်းနှင့် လေထိုးစစ်တွင်
ရန်ကုန်ဘဆွေ၏ ဥပဒေပြင်ပဖွဲ့စည်းခဲ့သော အရပ်သားပျောက်ကြားတပ်ဖွဲ့
များ သုံးခဲ့သည်ကိုလည်း ဗိုလ်ကျော်ဇော၏ စာအုပ်တွင် တွေ့နိုင်ပါသည်။
ဗိုလ်မောင်မောင်၊ ရန်ကုန်ဘဆွေတို့သည် တွဲဖက်၍ ရဲဘော်သုံးကျိပ် မြန်မာ
ပြည်မဝင်ခင်ကပင် အင်္ဂလိပ်တော်လှန်ရေးလုပ်ငန်းများ လုပ်ခဲ့ကြောင်း
ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ဥပဒေနှင့်ဆန့်ကျင်သော လုပ်ကြံမှုများကို ပညာသား
ပါပါ လုပ်ဆောင်မှုများရှိခဲ့၍ ဗိုလ်စက်ရောင်က ဆိုရှယ်လစ်တွေမဟုတ်တာ
လုပ်မှန်း ငါတို့သိတယ်။ ဒါပေမယ့် ငါတို့က ပေါ်အောင်မဖော်တတ်ဘူးဟု
ပြောခဲ့သည်။ ဥပဒေပညာရှင်ဒေါက်တာဘမော်သည် နိုင်ငံ၏ အဓိပတိ ရာထူး
ရထားသူဖြစ်ပါလျက် မိမိအားလုပ်ကြံသူများကို တိတိကျကျ မဖော်ထုတ်နိုင်
ခဲ့ပါ။ ဝန်ကြီးချုပ်ဖြစ်လာမည့်ဦးနုသည် မိမိအား ဆိုရှယ်လစ်ဂိုဏ်းသား
ရန်ကုန်ဘဆွေတို့အုပ်စု လုပ်ကြံရန်ကြိုးစားမှုနောက်ကွယ်မှ အစစ်အမှန်
တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အတူ ရှေ့နေဦးစောသည် မိမိအား
လုပ်ကြံသူသည် အစစ်အမှန်မည်သူဖြစ်သည်ကို မဖော်ထုတ်နိုင်ဘဲ
ဦးအောင်ဆန်း၏လူများဟု အထင်အမြင်လွဲမှားအောင် လုပ်ခြင်းခံလိုက်ရ
သည်ကိုသာ မိမိကိုယ်တိုင် ပြစ်မှုကျူးလွန်ပြီးမှ သိလိုက်ရသည်။ ဖဆပလ
အစိုးရကိုယ်တိုင် မိမိအပေါ်အမှုဆင်ခြင်းကို မိမိခံလိုက်ရကြောင်း အစစ်ခံ
ထွက်ဆိုခဲ့သော်လည်း ခိုင်လုံအောင် သက်သေမပြနိုင်ခဲ့ချေ။
သခင်စိုးက ဗိုလ်ချုပ်အား ကိုယ်တိုင်သတ်သူများမှာ ဦးစော၏လူများဖြစ်
သော်လည်း လုပ်ကြံမှုကြီး၏ တရားခံဇစ်မြစ်မှာ ဆိုရှယ်လစ်များဖြစ်သည်ဟု
ပြောခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီးတွင် ကွန်မြူနစ်ပါတီနှင့်ပြည်သူ့အရေး
တော်ပုံ ပါတီတို့ တော်လှန်ရေးတပ်ဦးအဖြစ် ပူးပေါင်းဖွဲ့စည်းရန် ၂ ပါတီ
စီစဉ်ကြသောအခါ ကွန်မြူနစ်ပါတီဘက်မှ ဦးကျော်ငြိမ်းနှင့်ရန်ကုန်ဘဆွေက
လွဲ၍ ကျန်သူများနှင့် ပူးပေါင်းနိုင်ကြောင်း ကြေငြာခဲ့သဖြင့် တော်လှန်ရေး
တပ်ဦးဖွဲ့ရန် အစီအစဉ်ပျက်ခဲ့ရသည်ဟု သခင်တင်မြ၏ ဘုံဘဝမှာဖြင့်
စတုတ္ထတွဲနှင့် တပ်မတော်သမိုင်း တတိယတွဲတွင် လေ့လာ ဖတ်ရှုရပါသည်။
ဘုံဘဝမှာဖြင့် ရေးသူ သခင်တင်မြ တယောက် သက်ရှိထင်ရှား ကျန်ရှိသေး
သည်။ ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေတို့အကြောင်းကို ကောင်းစွာသိသူဖြစ်
သော်လည်း ဒေါက်တာဘမော်၊ ဦးစော၊ သခင်နု၊ ဗိုလ်စက်ရောင်တို့ကဲ့သို့
အကျိုးကိုသိသော်လည်း အကြောင်းရင်း မဖော်ထုတ်နိုင်၍လား မဖော်ချင်
တော့၍လား မသိပါ။မသေခင် ရှင်းနိုင်သမျှ ရှင်းပြခဲ့လျှင် စာရေးသူအပါအဝင်
နောင်လာနောင်သားများအတွက် သင်ခန်းစာ ယူစရာ၊ သံဝေဂ ရစရာများ
ရနိုင်ကောင်းသည်။
ဦးသန်း၏ နိုင်ငံတော်လုပ်ကြံမှုကြီးစာအုပ် စာမျက်နှာ ၂၄ တွင်မူ ဗိုလ်ချုပ်ကို
အသိမပေးဘဲ ဦးကျော်ငြိမ်းက ဆိုရှယ်လစ်ပါတီဌာနချုပ်၊ ပြည်သူ့ရဲဘော်
အဖွဲ့ချုပ်တို့နှင့် တိုင်ပင်ပြီး ရဲဌာနချုပ်နှင့်ညှိကာ ရန်ကုန်ဘဆွေ၏ (ဖျာပုံမှ)
ရဲဘော် ၂ ဦး တို့ကို တာဝန်ပေးခဲ့ဖူးကြောင်း၊ သူတို့သည် ခြောက်လုံးပြူးနှင့်
ပစ္စတိုတို့ကို ၁၀ ချက်ပစ်လျှင် ၈ ချက်လောက် ပစ်မှတ်ကို ထိမှန်အောင်
ပစ်နိုင်သူ လက်ဖြောင့်သေနတ်သမားများဖြစ်ကြောင်း၊ ဗိုလ်ချုပ်သိသွားပြီး
နောက် မလိုအပ်ဟုဆိုခြင်းကြောင့် သူ့ကိုစောင့်ရှောက်နေသည့် အစီအစဉ်
ကို ဖျက်သိမ်းလိုက်ရကြောင်း ဖော်ပြထားပါသည်။ အဆိုပါ ရန်ကုန်ဘဆွေ၏
တပည့်နှစ်ယောက်နာမည်ဝှက်မှာ ရဲဘော်ဘတုတ်နှင့် ရဲဘော်ရဲမြင့်ဟုခေါ်ပြီး
ဖျာပုံခရိုင်အတွင်း အလံနီများသတ်၍ သေဆုံးသွားကြပြီဟု ပဲခူးတွင်အသတ်
ခံရသော စောရန်နောင်ကဲ့သို့ပင် အစရှာမရအောင် ဦးသန်း၏ စာအုပ်တွင်
ဇာတ်သိမ်းထားပါသည်။
ဗိုလ်ချုပ်တို့ကျဆုံးပြီး နှစ်ပေါင်း ၆၃ နှစ်ကြာမှ ၂၀၁၀ တွင် ထုတ်ဝေသော
လုပ်ကြံမှုဆိုင်ရာ ကိုယ်တွေ့များတွင် ရန်ကုန်ဘဆွေ၏ တပည့်များကို
ဗိုလ်ချုပ်အနီး၌ ဦးကျော်ငြိမ်း တာဝန်ချထားပေးကြောင်း ထုတ်ဖော်ရေးသား
ထားသော်လည်း လုပ်ကြံမှုကြီး စတင်ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သည့်
ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင်၊ ရန်ကုန်ဘဆွေက ပြည်သူ့ရဲဘော်
ယူနီဖောင်းဝတ်၍ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ဂျစ်ကားစီးပြီး ဦးစောအား
မထိတထိ ရန်စလုပ်ကြံခဲ့မှုအကြောင်း တလုံးတပါဒမျှမဖော်ပြဘဲ ယနေ့တိုင်
ထိန်ချန်ထားမှုကြောင့် ၄င်းစာအုပ်၏ ဖော်ပြပါရှိချက်များမှာ အထူး ဂရုပြု
ဆင်ခြင်ပြီးမှ လက်ခံသင့်သည်ဟု ယူဆပါသည်။
ဦးသန်း၏စာအုပ်တွင် အဓိက မှီငြမ်းပြုသောအချုက်များကို မူလရေးသားသူ
ဗိုလ်မှူးချုပ်မောင်မောင်မှာ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေတို့နှင့် တွဲဖက်၍
ကိုလိုနီနယ်ချဲ့အစိုးရအား ပြည်တွင်းမှ လက်နက်ကိုင်တော်လှန်ရသည့်ကိစ္စ
များတွင် အတူလုပ်ဆောင်ခဲ့သူသာ ဖြစ်ပါသည်။ ဗိုလ်မောင်မောင်သည်
၁၉၅၈ ခုနှစ်တွင် ဗိုလ်အောင်ကြီးနှင့်အတူ စစ်တပ်ဖြင့် ဆိုရှယ်လစ်ခေါင်း
ဆောင်များအတွက် ဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းရန် ဦးဆောင်ခဲ့သူ
လည်း ဖြစ်ပါသည်။ အဆိုပါ၁၉၅၈ ခုနှစ် စစ်တပ်ဖြင့် အာဏာသိမ်းရန် ကိစ္စ
တွင်ဗိုလ်နေဝင်းသည် ဦးဆောင်ပါဝင်သူမဟုတ်ပေ။ အခြေအနေအရပ်ရပ်ကို
နှစ်ဖက်ခွ၍ စောင့်ကြည့်နေရသူတဦးသာ ဖြစ်ပါသည်။ ဝန်ကြီးချုပ်ဦးနုက
လိမ္မာပါးနပ်စွာ သမိုင်းဝင်မည့်စာ၂ စောင် အပြန်အလှန်ရေးဟန်ပြု၍
ဦးနေဝင်းအား အာဏာလွှဲအပ်သည့် အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့်
ဗိုလ်မောင်မောင်တို့ အာဏာသိမ်းအစီအစဉ် ပျက်ယွင်းသွားစေခဲ့ပါသည်။
ဆိုရှယ်လစ်အုပ်စု တပ်မှူးများနှင့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ဦးနု
အစိုးရကြားတွင် ဗိုလ်နေဝင်းကလည်း လိမ္မာပါးနပ်စွာ တပ်မတော်တွင်းမှ
မိမိအတွက် အန္တရာယ်ရှိသော ဆိုရှယ်လစ်တပ်မှူးများကို ရှင်းထုတ်လိုက်
ခြင်းဖြင့် ဉာဏ်များလှသော ဗိုလ်မောင်မောင်တို့ ကံမကောင်းအကြောင်းမလှ
စွာဖြင့် တပ်မှထွက်ခဲ့ရရုံမက မြန်မာနိုင်ငံတွင်းကပါ ယဉ်ကျေးသိမ်မွေ့စွာ
သံအမတ်အဖြစ် ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပါသည်။
ရဲဗိုလ်ချုပ် ဦးထွန်းလှအောင်အား စစ်သံမှူးအဖြစ် မြန်မာနိုင်ငံမှ ယဉ်ကျေးစွာ
နှင်ထုတ်ခဲ့သော ဆိုရှယ်လစ်တပ်မှူးများသည် ဝိဘက်ကြမ္မာငင်ပြီး ၁၉၆၀ မှ
စ၍ မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းမှ ကင်းပြတ်သွားအောင် ဗိုလ်နေဝင်းက
နိုင်ငံရပ်ခြားသို့ သံတမန်အဖြစ် ပို့လွှတ်ခံခဲ့ရာမှ ဗိုလ်မောင်မောင်အပါအဝင်
ဆိုရှယ်လစ်တပ်မှူးများစွာလည်း ပြည်ပသို့ အပြီးအပိုင် ထွက်ခွာသွားကြရ
သည့်အခြေသို့ဆိုက်ရောက်ခဲ့သည်။ပြည်တွင်း၌ကျန်ရှိခဲ့သောဗိုလ်အောင်ကြီး
အပါအဝင် ဆိုရှယ်လစ် တပ်မှူးများမှာလည်း ဗိုလ်နေဝင်း၏ ဖမ်းဆီးထောင်ချ
မှု၊ စောင့်ကြည့်ခံရမှုများနှင့် နိုင်ငံရေးလောကမှ ခပ်ဝေးဝေး ရှောင်တိမ်းနေရ
သော ဘဝဖြင့် နိဂုံးချုပ်သွားခဲ့ကြရပါတော့သည်။ နိုင်ငံရေးလောကသို့
ပေါ်ပေါ်ထင်ထင် ဝင်ရောက်ခြင်းမရှိဘဲ စာရေးဆရာဘဝဖြင့် ရပ်တည်သော
ရန်ကုန်ဘဆွေကိုပင် ဗိုလ်နေဝင်း အလွတ်မပေးဘဲ ထာဝရစောင့်ကြည့်ခဲ့ရာ
အစောင့်များ ၄င်းပတ်ဝန်းကျင်တွင်ထားရှိကြောင်း ရန်ကုန်ဘဆွေကိုယ်တိုင်
ထုတ်ဖော်ပြောကြားသည်ကို သိရှိသူများကတဆင့် စာရေးသူ မှတ်သားခဲ့ဖူး
ပါသည်။
အထက်ပါမှတ်တမ်းများအရ ဦးနေဝင်းသည် ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊
ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့နှင့် တွဲခဲ့ဘူးသော်လည်း ၁၉၄၅ မှ
၁၉၆၀ အတွင်း ဆိုရှယ်လစ်ဂိုဏ်းအတွင်း တပည့်တယောက်ပုံသွင် ဆိုရှယ်
လစ်တို့ကို မချစ်သော်လည်း အောင့်ကာနမ်းရသည့် အနေအထားဖြင့် ဆက်
ဆံခဲ့ရသူသာဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ထို့ကြောင့် ၁၉၄၅-၁၉၆၀ခုနှစ်
အတွင်း ဖြစ်ပွားခဲ့သော ဆိုရှယ်လစ်ဂိုဏ်း၏ နိုင်ငံရေးလုပ်ကြံမှုများတွင်
ဦးနေဝင်းပါဝင်ပတ်သက်သည်ဆိုလျှင် နောက်ကွယ်မှ ပူးတွဲကြံရာပါ တပည့်
အဆင့်သာ ရှိပါမည်။ အဓိက ဦးဆောင်လမ်းညွှန်မှုပြုသူများမှာ ဦးကျော်ငြိမ်း၊
ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ လေးဦးဂိုဏ်းသာဖြစ်
မည်ဟု ယူဆရပါသည်။
ဦးနေဝင်းအနေဖြင့် ၁၉၆၂ မှ ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီးစောမောင် ဖြုတ်
ထုတ်ခံရသည့်အချိန်အတွင်းနိုင်ငံရေးလုပ်ကြံမှုများတွင်သာဦးစီးခေါင်းဆောင်
အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်မည်ဆိုလျှင် ယင်းကောက်ချက်သည်
သာ တရားနည်းလမ်းတကျဖြစ်မည်ဟု ဆိုချင်ပါသည်။ စာရေးသူလေ့လာ
တွေ့ရှိသော နိုင်ငံတော်လုပ်ကြံမှုကြီးနောက်ကွယ်မှ ပဟေဠိ ကွင်းဆက်
မှတ်တမ်းများကို စာဖတ်သူများ လေ့လာဆန်းစစ်၍ နိုင်ငံရေး အတွေးအမြင်
ရင့်ကျက်စေပြီး ဘဝခရီးလျှောက်လှမ်းရာတွင် မကောင်းမှုရှောင် ကောင်းမူ
ဆောင်ရန် အနည်းငယ်မျှ အထောက်အပံ့ဖြစ်စေသည်ဆိုလျှင်ပင် ဤစာကို
ရေးရကျိုးနပ်ပြီဟု ယူဆပါသည်။
စာဖတ်ရှုသူအားလုံးအား မေတ္တာရပ်ခံလိုပါသည်။ သမိုင်းအမှားများပါရှိလျှင်
ထောက်ပြပြင်ဆင်ပေးစေလိုပါသည်။ လိုအပ်ချက်များတွေ့ရှိလျှင် ထပ်မံ
ဖြည့်စွက်ပေးစေလိုပါသည်။ကျနော်တို့သည် သမိုင်းမှန်များကိုသာ အနာဂတ်
လူငယ်များအတွက် လက်ဆင့်ကမ်း အမွေပေးခဲ့ကြရန် တာဝန်ရှိပါသည်။
သမိုင်းမှန်ကိုဖော်ပြရာတွင် နစ်နာသည်ဟု ခံစားရသူများရှိပါက အနူးအညွတ်
ခွင့်လွတ်ပါရန် တောင်းပန်အပ်ပါသည်။ ပညာနှင့် သတိကြီးသူများ ဖြစ်ကြပါ
စေ။
စာရေးသူ နေမင်းထံမှ ကူးယူဖော်ပြ မျှဝေပါသည် ။

ငွေစိုး

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ