ဒုတိယကမ္ဘာစစ်ကို မီးမွှေးခဲ့တဲ့ ဟစ်တလာအကြောင်း February 8, 2020 By admin General Knowledge ဟစ်တလာဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ ဒုတိယကမ္ဘာစစ်ကြီးကို ဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့ရဲ့ ရန်သူ၊ နာဇီပါတီဝင်တို့ရဲ့ ဖခင်ကြီး၊ အၿရိဆုံး ခေါင်းဆောင်ကြီး ဆိုပြီးတော့ အမျိုးမျိုး တွေးမိကြမယ်လို့ ထင်ပါတယ်။ အဒေါ့လ်ဖ်ဟစ်တလာကတော့ နာဇီဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး တကယ်ကို လျှို့ဝှက်မှုတွေနဲ့ ထူးဆန်းမှုတွေကို ပေးခဲ့တဲ့ ပုဂ္ဂိုလ်တယောက်ဆိုလည်း မမှားပါဘူး။ သူနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေဟာ လက်ရှိချိန်ထိ ကမ္ဘာပေါ်တွင် ပဟေဠိတွေ ဖြစ်နေတုန်းပါပဲ။ Die Zeit ဆိုဂျာနယ်ကတော့ “The Enigma of Hitler is beyond all human comprehension” ဆိုတဲ့ ဟစ်တလာအကြောင်းကို ရေးသားခဲ့ပြီး ဟစ်တလာကတော့ ၁၉၃၈ ခုနှစ်မှာ “Man of the Year” ဆုတံဆိပ်ကို ရရှိခဲ့ကာ နာမည်ကြီး Time မဂ္ဂဇင်းရဲ့ ကာဗာထက်မှာလည်း သူ့ရဲ့ပုံကို ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။ ဟစ်တလာကိုတော့ ကမ္ဘာကြီးကို တုန်လှုပ်သွားအောင် ခြိမ်းခြောက်နို်င်တဲ့ အာဏာရှင်အဖြစ် သတ်မှတ်ထားကြသော်လည်း အဲ့နောက်ကွယ်မှာတော့ ဟစ်တလာကျင့်သုံးတဲ့ အချက်တချို့ကတော့ လေးစားဖို့ ကောင်းပါတယ်။ သူဟာ အလုပ်ကိ...