အသက်ရှည်ကြောင်း_အကျင့် (၁၀) မျိုး....

#အသက်ရှည်ကြောင်း_အကျင့် (၁၀) မျိုး....

...ဓမ္မပါလဇာတ်ဆိုတာ လူတိုင်းနီးပါ
သိပြီးသားပါ...

"ဘုရားရှင် " ဟာ...
ခမည်းတော် " သုဒ္ဓေါဓနမင်း "ကို
ကျေးဇူးဆပ်တဲ့အနေနဲ့ဟောခဲ့တာ။...

ဒီမှာတော့ ဇာတ်ကြောင်းကို....
မပြောတော့ဘူး။
အသက်ရှည်စေတဲ့ တရားလေးကိုပဲ
ထုတ်နှုတ်ဖော်ပြပေးပါ့မယ်။

တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီး"က
"ဓမ္မပါလမင်းသား"ရဲ့ မိဘတွေကို
ဘာကြောင့် သူတို့မိသားစုတွေ
ငယ်ငယ်နဲ့ မသေကြသလဲ ဆိုတာကို မေးတော့....

မိဘတွေက-ဒီလို ဖြေပါတယ်။

ကျွန်ပ်တို့ဟာ.....အချိန်တိုင်း ၊ အရာရာတိုင်းမှာ
အမှန်တရားကိုပဲ တရားနည်းလမ်းကျကျ လိုက်နာကြပါတယ်။

✅ ( ၁ ) ။
အသက်တိုင်းဟာ တန်ဖိုးရှိပါတယ်။
ဒါကြောင့် - ကျွန်ပ်တို့ဟာ ယုတ်စွအဆုံး
အသေးဆုံးသော သတ္တဝါကိုပင်
အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြတယ် ။

✅ ( ၂ ) ။
သူများရဲ့ ပျော်ရွင်မှုကို မနာလိုမဖြစ်သလို...
သူများ ပိုင်ဆိုင်မှုတွေကိုလည်း အငမ်းမရ မလိုချင်ကြပါ။

✅ ( ၃ )
လူလိမ်တစ်ယောက်ဟာ  -
ပြစ်မှုအမျိုးမျိုးကို ကျူးလွန်နိုင်တဲ့အတွက်
ကျွန်ပ်တို့ဟာ ပျက်လုံးသဘော အနေနဲ့တောင်
မှားယွင်းတဲ့စကား မပြောဆိုကြပါဘူး။

✅ ( ၄ )။
လူမိုက်တွေကို ရှောင်ကြဉ်ပြီး
ပညာရှိတို့ကိုပဲ ပေါင်းသင်းပါတယ်။
ပညာရှိတို့ ကဲ့ရဲ့မယ့် အပြုအမူ
အပြောအဆိုမျိုးကို
မပြုလုပ်ကြပါဘူး ။

✅ ( ၅ ) ။
လူတိုင်းကို စကားပြောဆိုခွင့်ပေးပါတယ်။
သူတို့စကားကိုလည်း သေချာ နားစိုက်ထောင်ပါတယ်။
သို့သော်လည်း  - ပညာမဲ့သော အယူအဆတွေကို ပယ်ပြီး..
ပညာရှိတို့ရဲ့ မှန်ကန်တဲ့ အယူအဆမျိုးကိုပဲ လိုက်နာပါတယ်။

✅ ( ၆ ) ။
ပေးလှူဖို့ ပြင်ဆင်နေတဲ့အခါမှာလည်း
ဝမ်းမြောက်တယ်။
ပေးလှူနေစဉ်မှာလည်း ဝမ်းမြောက်တယ်။
ပေးလှူပြီးနောက်လည်း ဝမ်းမြောက်တယ်။

✅ ( ၇ ) ။
ပစ္စေကဗုဒ္ဓါ, လှည့်လည်သွားလာနေထိုင်သူ,
ရဟန်း, ပုဏ္ဏား, လူသေလူလွင့်, သူတောင်းစား...
အားလုံးကို မခွဲခြားပဲ ပေးလှူကြတယ်။
ထမင်းဆာရင် ထမင်း၊
ရေဆာရင် ရေ...
လိုတာ.လှူတယ်။

✅ ( ၈ ) ။
လင်မယားအချင်းချင်း သစ္စာရှိတယ်။
ဘယ်တော့မှ အခြားသူနဲ့ မဖောက်ပြန်ဘူး။
.

✅ ( ၉ ) ။
ဘယ်တော့မှ သူများဥစ္စာ. ခိုးဖို့ စိတ်မကူးပါ။
.

✅ ( ၁၀ ) ။
စိတ်ကို မကြည်မလင်ဖြစ်စေမယ့်...
မည်သည့် အရက်သေစာ မူးယစ်ဆေးဝါးကိုမျှ
မသောက်ကြပါ။

ဒါတွေဟာ -
#အသက်ရှည်ကြောင်း_အကျင့်_ဆယ်မျိုး ပါပဲ။

မိဘတိုင်းက သားသမီးတိုင်းကို ဒီဆယ်မျိုး
သင်ပေးကြတယ်။
သား သမီးတွေကလည်း ဒီဆယ်မျိုးကို
သင်တယ်။
သင်ပြီးရင် ကျင့်တယ်။
စည်းကမ်းတကျ နေကြတယ်။

သားသမီးတွေတင် မကဘူး ။
အိမ်မှာနေတဲ့ ကျွန်တွေက အစ
လိုက်နာကြတယ်။
ဒါကြောင့် -
ထီးဟာ......မိုးရေကို ကာကွယ်ပေးသလို ၊
တရားကလည်း -သူ့ကို ကျင့်သုံးတဲ့သူတွေကို
စောက့်ရှောက်ပေးခြင်း ဖြစ်ပါတယ်။

အားလုံးသောစာဖတ်ပရိတ်သတ်များလည်း
ဒီဇာတ်တော်လာ အကျင့်များကို အတုယူကျင့်သုံးလို့
အသက်ရှည်ကျန်းမာ ပျော်ရွင်စရာဘဝလေးများကို
ပိုင်ဆိုင်နိုင်ကြပါစေ ။

#Credit...ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

Like & Share

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း