ဟစ်တလာအကြောင်း


ဒုတိယကမ္ဘာစစ်ကို မီးမွှေးခဲ့တဲ့ ဟစ်တလာအကြောင်း

February 8, 2020By adminGeneral Knowledge

ဟစ်တလာဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ ဒုတိယကမ္ဘာစစ်ကြီးကို ဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့ရဲ့ ရန်သူ၊ နာဇီပါတီဝင်တို့ရဲ့ ဖခင်ကြီး၊

အၿရိဆုံး ခေါင်းဆောင်ကြီး ဆိုပြီးတော့ အမျိုးမျိုး တွေးမိကြမယ်လို့ ထင်ပါတယ်။ အဒေါ့လ်ဖ်ဟစ်တလာကတော့ နာဇီဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး တကယ်ကို လျှို့ဝှက်မှုတွေနဲ့ ထူးဆန်းမှုတွေကို ပေးခဲ့တဲ့ ပုဂ္ဂိုလ်တယောက်ဆိုလည်း မမှားပါဘူး။ သူနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေဟာ လက်ရှိချိန်ထိ ကမ္ဘာပေါ်တွင် ပဟေဠိတွေ ဖြစ်နေတုန်းပါပဲ။

Die Zeit ဆိုဂျာနယ်ကတော့ “The Enigma of Hitler is beyond all human comprehension” ဆိုတဲ့ ဟစ်တလာအကြောင်းကို ရေးသားခဲ့ပြီး ဟစ်တလာကတော့ ၁၉၃၈ ခုနှစ်မှာ “Man of the Year” ဆုတံဆိပ်ကို ရရှိခဲ့ကာ နာမည်ကြီး Time မဂ္ဂဇင်းရဲ့ ကာဗာထက်မှာလည်း သူ့ရဲ့ပုံကို ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။ ဟစ်တလာကိုတော့ ကမ္ဘာကြီးကို တုန်လှုပ်သွားအောင် ခြိမ်းခြောက်နို်င်တဲ့ အာဏာရှင်အဖြစ် သတ်မှတ်ထားကြသော်လည်း အဲ့နောက်ကွယ်မှာတော့ ဟစ်တလာကျင့်သုံးတဲ့ အချက်တချို့ကတော့ လေးစားဖို့ ကောင်းပါတယ်။

သူဟာ အလုပ်ကို အရမ်းကြိုးစားတဲ့သူတယောက်ဖြစ်ပြီး တနေ့ကို သုံးလေး နာရီလောက်ပဲ အိပ်တဲ့ အာဏာရှင်တယောက်ဖြစ်ပါတယ်။ ဟစ်တလာရဲ့ ဘဝဇာတ်ကြောင်းတော်တော်များများကိုတော့ လူတော်တော်များများကတော့ ပဟေဠိဖြစ်ခဲ့ကြပြီး ဟစ်တလာ ကိုယ်တိုင်ကလည်း “ငါဘယ်ကလာတယ်၊ ဘယ်မသားစုက ပေါက်ဖွားလာတယ်ဆိုတာကို သင်တို့သိစရာမလိုပါဘူး။ သိဖို့အရေး မပါပါဘူး” ဟု ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဟစ်တလာနဲ့ ပတ်သက်တဲ့ အချက်တွေကတော့ လူအများစိတ်ဝင်စားကြတာကြောင့် ကျွမ်းကျင်ပညာရှင်တွေကတော့လေ့လာခဲ့ကြပြီး သိသင့်သလောက်တော့ သိခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြောချင်လွန်းလို့ပေ့ချ်ကလည်း ပဟေဠိဆန်တဲ့ ပအာဏာရှင်ကြီး ဟစ်တလာအကြောင်းကို လေ့လာမိသလောက်ဖော်ပြသွားမှာ ဖြစ်ပြီး အဒေါ့လ်ဖ် ဟစ်တလာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ဖော်ပြပေးလို်က်ပါတယ်။

၁.ဟစ်တလာရဲ့ အချစ်ဦးဟာ ဂျူးကောင်မလေး တယောက်ဖြစ်ခဲ့ပါတယ်

ဟစ်တလာဟာ ဂျူးလူမျိုးတွေကို မုန်ပေမယ့်လည်း သူ့ရဲ့အချစ်ဦးကတော့ ဂျူးကောင်မလေးတယောက် ဖြစ်ပါတယ်။ ဟစ်တလာကတော့ အသက် ၁၆ နှစ်မှာ Linz မှာ ကျောင်းတက်ခဲ့ပြီး သူချစ်ရတဲ့ အချစ်ဦးကို စတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူ့လူငယ်ဘဝမှာ နက်နက်ရှိုင်းရှိုင်းနဲ့ ချစ်ရတဲ့ကောင်မလေးကို ၁၉၀၅ မှာတွေ့ရှိခဲ့ပါတယ်။ သူကြိုက်ရတဲ့ ကောင်မလေးနာမည်ကတော့ Stefanie Rabatsch ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ August Kubizek ရေးသားခဲ့တဲ့ စာအုပ်ဖြစ်တဲ့ “Adolf Hitler,Mein Jugendfreund” ဆိုတဲ့ စာအုပ်မှာရေးသားထားတာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ ဟစ်တလာဟာ Stefanie Rabatsch ဆိုတဲ့ကောင်မလေးကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ပေမယ့်လည်း ကောင်မလေးကတော့ သူ့ကိုလုံးဝကို စိတ်မဝင်ခဲ့ပါဘူး။ သူဟာနေ့တိုင်းအဲ့ကောင်မလေးကို ငေးကြည့်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူချစ်တဲ့ကောင်မလေးဟာ ဟစ်တလာအမေဆုံးလို့ အသုဘလိုက်ပို့တဲ့ အချိန်မှာမှ ဟစ်တလာကို ဂရုတစိုက်ပြန်ကြည့်ခဲ့ပါတယ်။

ဒီအခိုက်အတန့်မှာတော့ ဟစ်တလာဟာ အရမ်းကို ရင်ခုန်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကောင်မလေးကတော့ ဒုံရင်းဒုံရင်းပါပဲ။ နောက်ပိုင်းတွေမှာ ဟစ်တလာကို လျစ်လျူရှုခဲ့ပြန်ပါတယ်။ ဒါကြောင့် ဟစ်တလာဟာ စိတ်နာခဲ့ပြီး သူ့အနေနဲ့ ကမ္ဘာကြီးကို ဖျက်စီးချင်တဲ့ စိတ်တွေ စပြီးတော့ ပေါ်ပေါက်လာခဲ့တယ်လို့ သူ့သူငယ်ချင်းစာအုပ်မှာ ရေးသားထားဖူးပါတယ်။

၂.သူတို့မိသားစုဆရာဝန်ကတော့ ဂျူးဆရာဝန် ဖြစ်ပါတယ်။

Eduard Bloch ကတော့ ဂျူးလူမျိုးဆရာဝန်ဖြစ်ပြီး သူဟာ ၁၉၀၃ ခုနှစ် သြစတေးလျနိုင်ငံ Linz မှာရှိတဲ့ အဆင့်အတန်းနိမ့်တဲ့ လူနေမှု ပတ်ဝန်းကျင်မှာ ဆေးကုပေးတဲ့ ဆရာဝန်တယောက် ဖြစ်ပါတယ်။ ဒီဆရာဝန်ကတော့ ဟစ်တလာတို့ မိသားစုနဲ့ တွေ့ခဲ့ပြီး သူတို့မိသားစုထဲက နေမကောင်းဖြစ်နေတဲ့သူတွေကို ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ဟစ်တလာမိသားစုထဲမှာ တယောက်ကတော့ အဆုတ်ရောဂါကြောင့် အကြီးအကျယ်နေမကောင်း ဖြစ်ခဲ့ပါသေးတယ်။

ဒါကိုလည်း ဒီဂျူးဆရာဝန်ကပဲ ကုသပေးခဲ့့ပြီး ၁၉၀၇ ခုနှစ်တိုင်အောင် သူတို့မိသားစုရဲ့ ဆရာဝန်ဖြစ်ခဲ့ပါတယ်။ ဟစ်တလာမိသားစုရဲ့ မိခင်ကြီးကလည်း ရင်သားကင်ဆာကြောင့် ဒုက္ခရောက်တဲ့အချိန်မှာလည်း ဒီဆရာဝန်ကလည်း ကူညီခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယင်းဂျူးလူမျိုးဆရာဝန်ဟာ သြစတေးလျနဲ့ ဂျာမနီမှာ ရှိတဲ့ နာဇီပါတီဝင်များနဲ့အတူ အထူးကာကွယ်စောင့်ရှောက်ရေးဆုကို ချီးမြင့်ခြင်းခံခဲ့ရပါတယ်။

၃.သူ့အမေပုံတူကို အမြဲရေးဆွဲခဲ့ပါတယ်။

ဟစ်တလာကလည်း အမေချစ်တဲ့ သားတယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အဖေဖြစ်သူ Alois Hitler ကတော့ သူငယ်စဉ်က ဝါသနာကြီးတဲ့ ပန်းချီပညာကို အားမပေးခဲ့ပါဘူး။ အားမပေးတဲ့အပြင်သူ့ကိုပါ မပြစ်တင်ဝေဖန်မှုတွေ အမြဲရှိခဲ့တာကြောင့် နောက်ပိုင်းမှာတော့ ဟစ်တလာဟာ အဖေနဲ့ လုံးဝမတည့်တဲ့သား တယောက်ဖြစ်ခဲ့ပြီး သူ့အဖေကို သူအလွန်မုန်းတီးခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အမေကတော့ သူ့ကိုအရမ်းဂရုစိုက်ခဲ့ပြီး သူ့အပေါ် နွေးနွေးထွေးထွေး အမြဲတမ်းရှိတာကြောင့် သူ့အမေဟာ သူ့အတွက် အဖိုးတန်ဆုံးဖြစ်လာခဲ့ပါတယ်။ သူဝါဒနာပါတဲ့ ပန်းချီပညာကို သူ့အမေဟာ တက်နိုင်သလောက်သင်ပေးခဲ့ပါတယ်။

ဒါကြောင့်သူ့အနေနဲ့ ပန်းချီပညာကို လေ့လာခွင့်ရရှိခဲ့ပါတယ်။ ဟစ်တလာစိတ်ထဲမှာတော့ ကျေနပ်လောက်တဲ့အဆင့်ထိတော့ မရောက်ရှိခဲ့ပါဘူး။ သူငယ်စဉ်ကပန်းချီတွေဆွဲတဲ့အချိန်မှာ သူ့မွေးရပ်မြေဂျာမနီနိုင်ငံရဲ့ဂုဏ်ကို မြင့်တင်ပေးချင်တဲ့ စိတ်တွေ ပေါ်ပေါက်ခဲ့ဖူးပါသေးတယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ August Kubizek ကတော့ သူနဲ့ဟစ်တလာ Vienna တူတူနေထိုင်ခဲ့တဲ့ အချိန်တုန်းက ဟစ်တလာဟာ အမြဲတမ်းသူ့အမေရဲ့ ပုံတူကို ဆွဲနေလေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

၄.ဟစ်တလာဟာ အကောင်းဆုံးပန်းချီဆရာတယောက် ဖြစ်ပါတယ်

ဟစ်တလာဘဝမှာ သူစိတ်ဝင်တစားရှိခဲ့ပြီး အရေးအကြီးဆုံး အရာလို့သတ်မှတ်ထားတဲ့ အရာတစ်ခုကတော့ ပန်းချီဆွဲတာ ဖြစ်ပါတယ်။ သူ့ဘဝ တစ်လျှောက်လုံးမှာ အလုပ်တွေကို ကြိုးစားခဲ့ရပေမယ့်လည်း ပန်းချီဆွဲဖို့အတွက် အချိန်ပေးခဲ့ပါတယ်။ များသောအားဖြင့် ဟစ်တလာရေးဆွဲခဲ့တဲ့ ပန်းချီကားတွေဟာ ဒုတိယကမ္ဘာစစ်ကို ထင်ဟပ်စေတဲ့ ပန်းချီကားတွေဖြစ်ပြီး စျေးကြီးကြီးနဲ့လေလံတင်ပြီး ရောင်းချခဲ့ပါတယ်။ သူဟာ သူကိုယ်တိုင်ရေးသားခဲ့တဲ့ အထုပ္ပတ္တိထဲမှာတော့ သူဟာအမြဲတမ်း ပန်းချီဆရာတယောက် ဖြစ်ချင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း သူဟာ ငယ်စဉ်တုန်းက ပန်းချီအနုပညာသင်တန်းကျောင်းကို တက်ချင်ခဲ့ပေမယ့်လည်း ဝင်ခွင့်မရခဲ့ပါဘူး။ ပန်းချီအနုပညာသင်တန်းကျောင်းကတော့ သူ့ကို ပန်းချီကျောင်းတက်မယ့်အစား ဗိသုကာအနုပညာ သင်တန်းကျောင်းကိုသာ တက်ဖို့အကြံပေးခဲ့ပါတယ်။ သူ့ကိုသာ ပန်းချီသင်တန်းကျောင်းသာ ပေးတတ်ခဲ့ရင် ဒီလိုမျိုး ကမ္ဘာစစ်တွေ ဖြစ်လာမှာ မဟုတ်ဘူးထင်တယ်နော့်။

၅.ဟစ်တလာဟာ Disney ရဲ့အမာခံ ပရိသတ်

ဟစ်တလာကတော့ တကယ်ကို Disney ရဲ့ အမာခံ ပရိသတ် တယောက်ဖြစ်ပါတယ်။ ရက်စက်တဲ့ အာဏာရှင်ကြီးတောင် Disney ကဇာတ်လမ်းတွေကို ကြိုက်တတ်ပါသေးတယ်။ ဟစ်တလာကတော့ The Big bad Wolf ဆိုတဲ့ ဇာတ်လမ်းထဲက “Who’s Afraid of Big Bad Wolf” ဆိုတဲ့ သီချင်းကိုသူဟာ အရမ်းကြိုက်ခဲ့ပြီး အမြဲတမ်းလိုလို လေချွန်လေ့ရှိပါတယ်။ ဘာကြောင့်သူဟာ ဒီသီချင်းကို အရမ်းကြိုက်ခဲ့ရတဲ့အကြောင်းကတော့ သူ့နာမည်ဟာ ရှေးကျတဲ့ဂျာမန် ဘာသာစကားအရ “Adolf” ဆိုတာဟာ “Adalwolf” ကနေ ဆင်းသက်လာပြီး “Noble Wolf” လို့ အဓိပ္ပါယ်ရပါတယ်။

ပြီးတော့ ဟစ်တလာဟာ ပန်းချီဆွဲရတာကို ဝါဒနာပါတဲ့အလျောက်သူဟာ Disney ကကာရိုက်တာတော်တော်များများကို ပန်းချီရေးဆွဲခဲ့ပါတယ်။ ထို့နောက် “Snow White and The Sevn Dwarfs” ဇာတ်လမ်းထဲက လူပုလေးတွေကိုလည်း ပန်းချီရေးဆွဲလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ Disney ဟာ “Der Fuehrer’s Face” “Donald Duck in Nutzi land” ဆိုတဲ့ဇာတ်လမ်းမှာတော့ ဟစ်တလာကို ဂုဏ်ပြုတဲ့အနေနဲ့ ပြသခဲ့ပါတယ်။

၆. ဟစ်တလာဟာ ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို စလုပ်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံက ဆရာဝန်တွေကတော့ ဆေးရွက်ကြီးသောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာကို ဖြစ်စေတယ်ဟု သတ်မှတ်ချက်ထုတ်ပြန်ခဲ့ပြီးကတည်းက ဟစ်တလာဟာ ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်ခဲ့ပါတယ်။ ဟစ်တလာဟာ ဆေးရွက်ကြီးကို အရမ်းမုန်းပြီး သူဘဝတလျှောက်လုံးမှာတောင် ဆေးရွက်ကြီးကို ထိတောင်မထိဘူးလို့ သိရပါတယ်။ ထို့နောက် ကမ္ဘာ့သမိုင်းရဲ့ ပထမဆုံး Anti-Smoking ဧရိယာကို စတင်လှုပ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

၁၉၃၀ ဝန်းကျင်လောက်မှာ ဟစ်တလောဆေးလိပ်သောက်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ခဲ့ကာ Anti-Smoking ဧရိယာကို နေရာတော်တော်များများမှာ ပြုလုပ်ခဲ့ပါတယ်။ သူဟာ ဆေးရွက်ကြီးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ပေးခဲ့ပြီး မသုံးဖို့အတွက် စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။ ဟစ်တလာကတော့ “ဆေးလိပ်ကို သင်ကမလောင်ကျွမ်းစေပါဘူး။ ဆေးလိပ်ကသာ သင့်ကို လောင်ကျွမ်းစေတာပါ” ဟု ပြောခဲ့ကာ ဆန့်ကျင်ခဲ့ပါတယ်။ အဲ့ချိန်ကစပြီး လက်ရှိခေတ်ကြီးအထိကို Anti-Smoking ဧရိယာတွေ အများအပြားရှိလာခဲ့ပါတယ်

၇.ဟစ်တလာကတော့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် စကာတင်ရွေးချယ်ခံရဖူးပါတယ်

ဟစ်တလာကတော့ ၁၉၃၉ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ချီးမြင့်ဖို့အတွက် ယာထားတဲ့ ထိပ်သီးပုဂ္ဂိုလ်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီစာရင်းကိုတော့ ဆွီဒင်ပါလီမန် အဖွဲ့ဝင် E.G.C Brandt ဆိုတဲ့လူက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဟစ်တလာကို နိုဘယ်လ်ဆုပေးမယ့် အကြောင်းအရာတွေကိုတော့ တခြားထိပ်သီးနိုင်ငံခေါင်းဆောင်တွေနားလည်း မရောက်ခဲ့သလို အခြားသော နိုင်ငံခေါင်းဆောင်တွေကလည်း မထောက်ခံခဲ့ကြပါဘူး။ ဒုတိယကမ္ဘာစစ်ဖြစ်အောင် မီးမွှေးခဲ့တဲ့ နာဇီတို့ရဲ့ ဖခင်ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးမယ်ဆိုတာကတော့ စဉ်းစားစရာပဲဗျာ။ ဘယ်နိုင်ငံခေါင်းဆောင်ကရော လက်ခံချင်မှာလဲ။ ဒီလိုနဲ့ ၁၉၃၉ မှာပဲ ဟစ်တလာကို နိုဘယ်လ်ဆုပေးမယ့် ကိစ္စဟာ ပျောက်ပျယ်သွားခဲ့ပါတယ်။

Credit

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း