Posts

Showing posts from October, 2020

ကမ္ဘာလောကရဲ့ ဒုက္ခလမ်းဆုံး

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မဟာမြိုင်တောကြီးထဲမှာ ဟောတဲ့ တရားတော်များ ■ ကမ္ဘာလောကရဲ့ ဒုက္ခလမ်းဆုံး ■ °°°°°°°°°°°°°🌀💦🌀°°°°°°°°°°°° ✿ မောင်သွေးချွန် မှတ်တမ်းတင်ပူဇော်သည် ❝ ဒုက္ခတစ်ကျပ်သားမှာ သုံးမတ်သားက တွေးလို့ဖြစ်တာ၊ တကယ်ပက် ပင်းကြုံရတဲ့ဒုက္ခက တစ်မတ်သားပဲ ရှိတာ။ နောက် ကြောင်းပြန်တွေးလို့ ဖြစ်တဲ့ဒုက္ခက ငါးမူးသား၊ ရှေ့ မျှော်တွေးလို့ဖြစ်တဲ့ ဒုက္ခက တစ်မတ်သား။❞ ■ သာသနာသည် ဘုရားပွင့်မှာ ပေါ်လာတာ၊ ဒီတော့ ဘုရားပွင့်တာနဲ့ ကြုံရခြင်းသည် နံပါတ်တစ် အခွင့်အရေး...။ ■ နံပါတ်နှစ် အခွင့်အရေးကတော့ သာသနာကတော့ ပွင့်နေပါတယ်။ သို့သော် ယူတတ်မှရတယ်။ မယူတတ်ရင် မရ။ ဒါ့ကြောင့် သာသနာထွန်းကားရာမှ လူဖြစ်ခွင့်ရတာသည် အထူးအခွင့်အရေးကြီး တစ်ခု၊ ■ နံပါတ်သုံး အခွင့်အရေးကတော့ သာသနာ ပွင့်ချိန်မှာ ကိုယ်က သမ္မာဒိဋ္ဌိအယူရှိသူ ဖြစ်နေဖို့လိုပါတယ်။ အခြေခံအားဖြင့် ကံ ကံ၏အကျိုးကို ယုံကြည်ရမယ်။ ကမ္မဿကထာ ဉာဏ်အခြေခံလောက်တော့ ရှိနေရမယ်။ ကောင်းတာလုပ် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ် ဆိုးတာဖြစ်မယ်ဆိုတာလောက်တော့ သိထားရမယ်။ ကောင်းတာလုပ် ကောင်းကျိုး ရဆိုတာ ဆောင်းရာသီထဲ အေးအေးချမ်းချမ်းကလေး နေရသလိုပ

" ဓမ္မစင်္ကြာသုတ် (ဝါ) သစ္စာလေးပါးတရားတော် " အပိုင်း (၁)

" ဓမ္မစင်္ကြာသုတ် (ဝါ) သစ္စာလေးပါးတရားတော် " အပိုင်း (၁) ( သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာ တရားစခန်း ) < Unicode Font >                                          နေရာ ။  ။ ဗာရာဏသီပြည်အနီး၊ ဣသိပတန မိဂဒါဝုန်တော။ နေ့ရက် ။ ။  မဟာသက္ကရာဇ် ၁၀၃ ခု၊ဝါဆိုလပြည့်နေ့ စနေနေ့။ အချိန် ။ ။ နေဝန်းလည်းတစ်ခြမ်းဝင်ဆဲ၊ လဝန်းလည်းတစ်ခြမ်းထွက်ဆဲ ညနေချမ်း အချိန်။ ဟောကြားသူ ။ ။ လွန်ခဲ့သော ၃လက ကိုယ်တိုင်သစ္စာ သိမြင်၍ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူသော ဗုဒ္ဓဘုရားရှင်။ တရားနာသူ ။ ။ ဝဂ္ဂီ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ။ ဟောကြားသောတရား ။ ။ ဓမ္မစက္ကပဝတ္တနသုတ် (ဝါ) သစ္စာလေးပါးတရားတော်။ #နိဒါန်း ၁။  သတ္တဝါအားလုံးတို့ ဝဋ်ဒုက္ခမှလွတ်ကင်းရန် မိမိကိုယ်တော်တိုင် ရှာဖွေသိမြင်ကျင့်သုံးခဲ့ပြီးသော ကျင့်စဉ်တို့ကို ဟောကြားရန်အတွက် နည်းလမ်း(Method)ကို ကိုယ်တော်တိုင် ရွေးချယ်ခဲ့၏။ ထိုနည်းလမ်းကား အပြစ်လည်းကင်း အစွန်းတို့မှလည်း လွတ်ကင်းသော ဝဋ်ဒုက္ခကို လျင်မြန်စွာ ဖယ်ရှားနိုင်၍ သတ္တဝါတို့ သိနားလည်နိုင်သည့် သစ္စာလေးပါး အယူအဆ(Theory) ကိုဗုဒ္ဓ ဉာဏ်တော်ဖြင့် ဖော်ထုတ် ခဲ့၏။ ဤသစ္စာလေးပါးကား ………  ဒုက္ခသစ္စာ