မရိုမသေ လှူဒါန်းခြင်း
မရိုမသေ လှူဒါန်းခြင်း
**********************
ဘုန်းကြီးက နေ့တိုင်းလမ်းပေါ် သွားနေတဲ့ ဘုန်းကြီးဆိုတော့ တွေ့တယ်။
ဒီကနေ့ ဗမာနိုင်ငံတစ်ခွင် လမ်းဘေးက အလှူခံရုံမှန်သမျှရဲ့ အလှူပုဂ္ဂိုလ်ကို
ကားတွေပေါ်ကနေ လှူတဲ့အလှူမှန်သမျှဟာလည်း
အနွမ်းဆုံး အပေကျန်ဆုံးပိုက်ဆံကို
ကားပေါ်ကနေ ကားမရပ်ပဲနဲ့ ပစ်ချပြီးတော့
လှူတဲ့အလှူမို့လား။တရိုတသေ လက်အုပ်ချီ ရှိခိုး
ပြီးတော့ လှူတာ လမ်းဘေးမှာ ဘယ်မှာမှ
မရှိဘူး။ဒါဆိုရင် ဘုန်းကြီးတို့ နားလည်ဖို့ကောင်းပြီ
ဗုဒ္ဓဘာသာလောကမှာလည်းပဲ အလှူက
လမ်းဘေးအလှူခံရုံမှာ ပစ်စလက်ခတ် အလှူတွေ
ဖြစ်ကုန်ပြီမို့လား။
တခါသောအခါ အနာထပိဏ်သူဋ္ဌေးကြီး
စီးပွားရေးအခြေအနေတစ်ခုကြောင့်
သာဝတ္ထိမှာ သူအမြဲအလှူပြုနေတဲ့ ခိုကိုးရာမဲ့တွေကို
ဆန်ကွဲထမင်းနဲ့ ပုန်းရည်ကြည်ဟင်းပဲ
ကျွေးနိုင်တော့လို့ စိတ်မကောင်းဖြစ်တာ။
ဘုရားနဲ့သံဃာတော်တွေအတွက်ကတော့ သူက
ပနီတဘောဇဉ်ပဲ ကပ်တယ်။သို့သော် အခြေအနေကြောင့်
ခိုကိုးရာမဲ့တွေကို သူ ဆန်ကွဲထမင်းနဲ့ ပုန်းရည်ကြည်ဟင်းပဲကျွေးနိုင်လို့
စိတ်ထဲ မချမ်းမြေ့ပဲကျောင်းရောက်လာတာ။
ဘုရားကျောင်းရောက်လာတော့ ဘုရားက ဒါကို ပြောတာ။
အခုဘုရားဘာပြောမလဲ နားထောင်
" တဉ္စ ခေါ လူခံ ကဏာဇကံ ဗိဠင်္ဂဒုတိယ -
မင်းလှူတဲ့အလှူသည် ဆန်ကွဲထမင်းနဲ့ ပုန်းရည်နဲပဲ လှူရစေကာမူ
အသက်ကစ်စံ ဒါနံ ဒတေိ၊
အစိတ္တီကတွာ ဒါနံ ဒေတိ၊
အသဟတ်ထာ ဒါနံ ဒတေိ၊
အပဝိဒ္ဓံ ဒေတိ၊
အနာဂမနဒိဋ္ဌိကော ဒေတိ။(၅)မျိုးပြောတယ်။
(၁) အသက္ကစ္စံ ဒါနံ ဒေတိ-ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းပဲ
လှူလှူ ၊မင်းအဲ့ဒါ ပေါ့ပေါ့ဆဆ မရိုမသေ
မလေးမစား လှူခဲ့မယ်ဆိုရင် ဘယ်ဖြစ်မလဲဆိုတာ နောက်မှပြောမယ်။
ဒါဆိုရင် ပုရိသတ် ရိပ်မိနေပြီ။ပိုက်ဆံ
အနွမ်းလေးပဲ လှူလှူ ၊ငှက်ပျောသီး အပုတ်ကလေးပဲ
လှူလှူ ထမင်းကျန် ဟင်းကျန်လေးပဲ ပေးပေး၊
အသက္ကစ္စံ ဒါနံ ဒေတိ-အကယ်၍များ
မရိုမသေ မလေးမစားပေးခဲ့မယ်ဆိုရင်၊
ဘာဖြစ်မလဲ ဘုရားပြောလိမ့်မယ်။
အနာထပိဏ်က စိတ်ပျက်ငြီးငွေ့ပြီး
ဆန်ကွဲထမင်း ပုန်းရည်ဟင်းလှူရတာကို
ပစ်စလက်ခတ် ကြီး လုပ်ပစ်မှာစိုးလို့ ဘုရားပြောနေတာ။
-ပစ္စည်းကိုလည်း မရိုသေပဲနဲ့။ကားပေါ်က
ပစ်ချတာလောက် ပစ်စလက်ခတ် လုပ်တာဘယ်ရှိတော့မလဲ။
- အလှူခံပုဂ္ဂိုလ်ကိုလည်း မရိုသေပဲနဲ့။
အောက်ကလည်းကောင်မလေးတွေ
ဖလားလေးတွေ ထည့် ပိုက်ဆံက
အကြွေက ခေတ်မရှိတော့ဘူးလေ။
ကျောက်ခဲလေးတွေ ထည့်ပြီးတော့
ဂျောက် ဂျောက်-နဲ့ ခေါက်နေကြတာ။
အဲ့လိုဖြစ်သွားပြီ ခေတ်ကြီးက။
အကြွေခေတ်မဟုတ်တော့ဘူး။
တစ်ကျပ် ငါးကျပ်ဆိုတာလည်း မြန်မာနိုင်ငံက
အခုအသုံးမဝင်တော့ဘူးမို့လား။အေး ခေတ်တွေက
ပြောင်းသွားတာ။အေး ဘုန်းကြီးတို့ငယ်ငယ်တုန်းက
အကြွေတွေအများကြီး ဖလားနဲ့ ဂျောက် ဂျောက်ခေါက်ရင်
အကြွေတွေထည့်ခေါက်တာ။ အခုတော့ ကျောက်ခဲခေါက်နေရတာ။
အဲ့ဒီတော့ ဘယ်သူက ဘယ်သူ့ကို ရိုသေဦးမှာလဲ။
အခြေအနေတွက ဒီလိုဖြစ်သွားတယ်။
အလှူပစ္စည်းကိုလည်း မရိုသေ အလှူခံပုဂ္ဂိုလ်ကိုလည်း မရိုသေ။
ဘယ်ရိုသေတော့မလဲဗျာ (၁၀၀)တန် (သို့) (၅၀၀)တန် စက္ကူလေးတွေ၊
နှစ်ရွက် သုံးရွက်လောက် ပစ်ချလိုက်ရင် ကားရဲ့ဒီမောင်းပြေးတဲ့
လေကြောင့် ငွေစက္ကူလေးတွေက မြေပြင်မှာ
လေထဲလွင့်ပြီးတော့ ကားရဲ့အရှိန်နောက်ကနေ
ပြေးကြတယ်မို့လား။အဲ့ဒီ စက္ကူ အနွမ်းလေးတွေကို
ကောင်မလေးတွေ လေးဘက်ကုန်းပြီး ကောက်နေကြတာ။
ဘယ်သူက ဘယ်သူ့ကိုမှ မရိုသေတော့တဲ့ အနေအထားတွေ။
ဒီလိုတွေ ရောက်သွားတယ်။ခေတ်တွေ စနစ်တွေပြောင်းသွားကြပြီ။
အလှူပစ္စည်းကိုလည်း မရိုသေ အလှူခံပုဂ္ဂိုလ်ကိုလည်း မရိုသေဘူးဆိုရင်
(၁) အသက်ကစ်စံ ။
(၂)အစိတ္တီကတွာ ဒါနံ ဒေတိ- နံပါတ်(၂)က
စိတ္တီကတ-ဆိုတာက သပ်သပ်ရပ်ရပ်
လှလှပပ မွန်မွန်မြတ်မြတ်ကလေး ခုနက
အလှူငွေတွေပေးသွားကြတဲ့ သီတဂူဒကာ ဒကာမတွေ
ပေးသွားကြတာ သေချာထုပ်ပြီးတော့ ကလပ်ကလေးပေါ်တင်။
အထုပ်ကလေးထဲထည့်လက်နှစ်ဖက်နဲ့ကိုင်
ထူးထောက်လက်အုပ်ချီပြီး ဒီလိုပေးသွားတာ။
ထုပ်ထားတဲ့ အထုပ်ကလေးကိုက သပ်သပ်ရပ်ရပ်ကလေးမို့လား။
အဲ့ဒါ စိတ်တီကတ-ဆိုတာ အဲ့ဒါ။
ငှက်ပျောသီးလေးတစ်လုံး ပေးမလို့။
ပစ်ပြီးတော့ မျောက်ကျွေးသလို မလုပ်နဲ့။
ပန်းကန်းများလေးလည်း ရေဆေး၊
ငှက်ပျောသီးလေးလည်းရေဆေး
အရင်းနဲ့အဖျားလေးဖြတ်ပြီးတော့မှ
ပန်းကန်လေးနဲ့ထည့်ပေး ဒါဘာခေါ်လဲ။ စိတ္တီကတ။
မွန်မွန်မြတ်မြတ်လုပ်ပြီးတော့ ပေးရမှာ။ဒီလိုမို့လား။
ဘုန်းကြီး တစ်ခါတစ်ခါတွေ့ဘူးတယ်။
ဘယ်မှာရယ်လို့တော့ မမှတ်မိဘူး။
ကဲကွာ ဆွမ်းစားပြီး ငှက်ပျောသီးတစ်လုံး စားရကောင်းမှာပဲဆိုပြီး
ငှက်ပျောခိုင်က ခြောက်လို့ ငှက်ပျောသီးက မဲပြီး မှည့်နေတယ်။
အဲ့ဒီ ငှက်ပျောသီးစုပ်ပြီးတော့ ဆွဲဖြုတ်တာ
အညှာက ခြောက်ပြီးခိုင်နေတော့
တော်တော်နဲ့ တော်တော်နဲ့ မပြုတ်ဘူး။
မပြုတ်တော့ လက်က တအား
press လုပ်ပြီး ဆွဲတော့ ငှက်ပျောသီးက
ပျော့ပြီးတော့ လက်ကြားထဲ
ငှက်ပျောသီးက ထွက်လာတယ်။အဲ့ဒီ
အခွန်မပါတဲ့ လက်ကြားထဲ ကထွက်လာတဲ့
လက်ကြားယို ငှက်ပျော်သီးလာကပ်တယ်။
သူ့လက်ကလည်း ဘယ်လိုလက်ကြီးမှန်းမသိဘူး။
ပြီးတော့ ဘယ်လက်ကြီး။
စိတ္တီကတ ဒါန-ကိုနားလည်အောင် ပြောရတာ။
ငှက်ပျောသီးကို ရေလေးဘာလေးဆေး အရင်းအဖျားလေးဖြတ်ပြီးတော့
လက်ကြားထဲက ထွက်သလို မဟုတ်ပဲ
စနစ်တကျ ဆန်းဆန်းကျယ်ကျယ်လေး
မွန်မွန်မြတ်မြတ် ဒီလိုလေးလှူမှပေါ့။အဲ့ဒါကို စိတ္တီကတ။
(၃)အပဝိဒ္ဓံ ဒေတိ- ဒါက ဘာကိုပြောလဲဆိုတော့
ရန်ကုန်မှာ ဘုန်းကြီးတို့ရဲ့ဒကာတစ်ယောက် ပစ္စည်းကြွယ်ဝတယ်
အလုပ်အကိုင်ကြီးကြီး လုပ်တယ်။တနေ့တနေ့
အလုပ်သမားတွေကို အိမ်မှာ ထမင်းကျွေးတာ
လူ(၂၀၀)စာ ထမင်းချက်ရတယ်။အလုပ်သမား
အကုန်ထမင်းကျွေးတာ လူ(၂၀၀)လောက်ရှိတယ်။
အဲ့ဒီတော့ လူ(၂၀၀) စားလို့ မကုန်တော့ ပိုတာ
လျံတာ ဘာလုပ်မလဲ မေးစရာတွေ။ ပိုတာတွေ လှူမလား
ဖုန်းတောင်းယာဇကာ ပေးမှာလား မေးခွန်းမေးထား။
ကိုယ့်ဘာကိုယ် ကြံဖန်ဖြေကြ။ဒီကနေ့ စားမကုန်တဲ့ပစ္စည်း
မနက်ဖြန်ကိုယ်မစားချင်ရင်
ဘာလုပ်မလဲ အမှိုက်ပုံးထဲ ထည့်ပစ်မလား။
မနက်စောစောကြွလာတဲ့ဘုန်းကြီး
ဆွမ်းလောင်းပစ်မလား။ မေးကြည့်။
အဲ့ဒီတော့ ဒီမှာ မြတ်စွာဘုရားက ပြောထားတယ်။
အပဝိဒ္ဓံ ဒေတိ-ကိုယ့်အိမ်မှာ ကိုယ်မသုံးချင်လို့
ပိုနေတဲ့ကျန်နေတဲ့ အကြွင်းအကျန်ပစ္စည်း
ပေးလှူမယ်ဆိုရင် ဘုရားမြတ်စွာက သင်ပေးထားတယ်။
အဲ့ဒါမျိုးလည်း မလုပ်ရဘူး။
အိမ်မှာ မသုံးချင်တဲ့ပစ္စည်းကျောင်းပို့တာ ဒါတွေဟာ
ခေတ်တော်တော်စားခဲ့တယ်။ အခုလည်းပဲ မကုန်သေးပါဘူး။
ဘုန်းကြီးတို့ အမေရိကန်ကျောင်းတိုက်
တည်ခါစကဆို အိမ်တိုင်း အိမ်တိုင်းက သူတို့
ကုတင်လဲပြီဆိုရင် အသစ်လဲရင် အဟောင်းကျောင်းပို့တာပဲ။
ထမင်းစား စားပွဲအသစ်လဲရင် အဟောင်းကျောင်းပို့တာပဲ။]
မီးဖိုအသစ်လဲရင် သူတို့မီးဖို
အသစ်လဲပြီး မီးဖိုအဟောင်းကျောင်းပို့တာ။
ကျောင်းမှာ အဟောင်းတွေကို တစ်ပုံကြီးပဲ။
နည်းနည်းနောနော အဟောင်းတွေ မဟုတ်ဘူး။
အိမ်တကာအိမ်က လာပို့ထားတယ်။
အော် ဘုန်းကြီးဆိုတာ အဟောင်းစား ဒီလိုထင်ပုံရတယ်။
အဲ့ဒီနောက် ဘုန်းကြီးက ကျောင်းတိုက်
ကျကျနနတည်ပြီးအချိန်လည်းကျရော ညလူခြေတိတ်
တိတ်ဆိတ်တဲ့အချိန် အကုန်ထုရိုက်
ချိုးဖဲ့ပြီးတော့ အမှိုက်ပုံးထဲ အကုန်ထည့်ပစ်လိုက်တယ်။သွားရော။
အဲ့ဒီတော့ ဆိုလိုတာက အကြွင်းအကျန်ကို မလှူရဘူး။
ဦးဦးဖျားဖျား မွန်မွန်မြတ်မြတ် လှူရမယ်။
(၄)နောက်တစ်ခုက ဘာပြောသလဲဆိုတော့။
အသဟတ္ထာ ဒါနံ ဒေတိ - သဟတ္ထာ- ပရိတ်သတ်ကြီး
ဒီစာလုံးရင်းနှီးတယ်နော် သဟတ္ထိက-ဆိုတာ
ကြားဖူးတယ်မို့လား။သ-ဆိုတာ သက-ကိုယ်၊
ဟတ်-က လက်၊ဘယ်လို လှူမလဲ ၊
ကိုယ့်လက်နဲ့ကိုယ်တိုင်လှူ၊ ခိုင်းပြီးတော့ မလှူနဲ့။
လှူတဲ့နည်းတွေ အခြေခံစည်းမျဉ်းတွေ မကောင်းဘူးလား ။
အနာထပိဏ် အလှူခံပုဂ္ဂိုလ်တွေက
ခိုးကိုးရာမဲ့ အလုပ်အကိုင်မဲ့တွေ အလှူခံပုဂ္ဂိုလ်တွေက
ညံ့လွန်းလို့ ပစ္စည်းကလည်း ညံ့လွန်းလို့
ကိုယ်ထိလက်ရောက် မလှူပဲ သူတစ်ပါးခိုင်းလှူတာ
မလုပပွါနဲ့တဲ့။ဘုရားက
အနာထပိဏ်ကို သင်ပေးနေတာ။
နံပါတ်(၅)က အနာဂမနဒိဋ္ဌိကော ဒေတိ- ကံ ကံရဲ့
အကျိုးကို မယုံပဲနဲ့ပေးလှူနေကြမယ်ဆိုရင်
နံပါတ်(၅)က သိပ်အရေးကြီးသွားပြီ။ဒါ
ဗုဒ္ဓဘာသာလောကမှာပဲ ရှိနိုင်တယ်။
လှူတော့ လှူနေတာပဲ ဘာနဲ့ဘာ မယုံလည်း။
ကံလည်း မယုံဘူး ကံ၏အကျိုးပေးပုံလည်း မယုံဘူး။
ကမ္မသကတာ သမ္မာဒိဋ္ဌိ-မရှိဘူးဆိုရင် အဲ့ဒီပုဂ္ဂိုလ်ကို
ဘယ်လို ခေါ်လဲဆိုတော့ ဒိဋ္ဌိဝိပန္နပုဂ္ဂိုလ်
အရူဝါဒ ပျက်နေတဲ့ ပုဂ္ဂိုလ် ။အလှူခံပုဂ္ဂိုလ်တွေကလည်း
အယူဝါဒ ဘာမှမရှိဘူး။
ငါးပါးသီလလည်း မရှိဘူးဆိုတော့ သီလ ဝိပန္န-ပုဂ္ဂိုလ်။
မင်းကြီး အလှူခံတွေကလည်း ညံ့ဖျင်းလွန်းလို့
အလှူပစ္စည်းကလည်း ညံ့ဖျင်းနေပြီ
ဖြစ်တဲ့အတွက်ကြောင့် မင်း
(၁)မရိုမသေ လှူခဲ့မယ်ဆိုရင်
(၂) မမြတ်မနိုးပဲ ပစ်စလက်ခတ်လှူခဲ့မယ်ဆိုရင်
(၃)ကိုယ့်လက်နဲ့ မဟုတ်ပဲသူတစ်ပါးခိုင်းပြီးတော့ လှူခဲ့မယ်ဆိုရင်
(၄)အကြွင်းအကျန်တွေကို ပေးလှူနေမယ်ဆိုရင်
(၅)ကံ ကံရဲ့အကျိုးကို မမျှော်ကိုးပဲနဲ့ လှူခဲ့မယ်ဆိုရင်
အဲ့ဒီလိုလှူရင် အသက္ကစ္စဒါန ဖြစ်သွားပြီ။★
အဲ့ဒီလို လှူရင်ဘာဖြစ်မလဲဆိုတော့။
ယတ်ထ ယတ်ထ တဿ တဿ ဒါနဿ ဝိပါကော နိဗ်ဗတ်တတိ-
ရောက်ရာ ဘဝမှာကွာ မင်းပစ္စည်းဥစ္စာပေါပြီးတော့
သူဌေးတော့ဖြစ်နိုင်တယ်တဲ့ လူပြည့်မှာ။
နတ်ပြည်မှာလည်း နတ်တော့ ဖြစ်မှာပေါ့။
ဒါ ကမ္မဝါစက ကုသိုလ်ပဲ။အဲ့ဒါကြောင့်လူ နတ် နှစ်ပါးမှာ
လူလည်းပဲ ဖြစ်နိုင်တယ် နတ်လည်းပဲဖြစ်နိုင်တယ်။
ဒီဒါနရဲ့ အကျိုးကြောင့် မင်းသူဌေးတော့
ဖြစ်လိမ့်မယ်။ဒါပေမယ့် ဒါပေမယ့်က သိပ်ထိတယ်။
★ န ဥဠာရာယ ဘတ်တဘောဂါယ စိတ်တံ နမတိ၊
ဥဠာရာယ-မွန်လှစွာသော ၊
ဘတ္တဘောဂါယ-စားဖွယ်သောက်ဖွယ်တွေကို
စာသောက် သုံးဆောင်ခြင်းငှာ ၊စိတ္တ-စိတ်သည်၊
န နမတိ- မညွှတ်ကိုင်းတော့ဘူး။
အသက္ကစ္စများ လုပ်လိုက်မယ်ဆိုရင် အနာထပိဏ်ရေ
မင်းသံသရာမှာ မွန်မြန်သော ခဲဖွယ်ဘောဇဉ်ကို
မစားသုံးရဘူး။ကိုယ့်မှာ ရှိပြီး မစားချင်ပဲ ဖြစ်နေလိမ့်မယ်။
မွန်မြတ်သောဘောဇဉ် စာလိုကတော့
ဥဠာရာယ ဘတ္တဘောဇဉ်လို့ သုံတယ်။
လောကမှာပြောနေတာကတော့ ပဏီတဘာဇဉ်ပေါ့ဗျာ။
ဟာ အုန်းထမင်းတို့ ဒန်ပေါက်တို့ ကြက်သားဟင်း ဒါမျိုးပေါ့
ပဏိတဘောဇဉ် သိပ်ပြီးတော့ အဆီအစိမ့်နဲ့ အရသာရှိတဲ့
ဟာတွေပေါ့ ဒူးရင်းသီးတို့ပေါ။ စားဟေ့ဆိုတာနဲ့ ဟာ မလုပ်ပါနဲ့။
အဲ့ဒါကြီး စားရင်တော့ ငါမနက်ဖြန်သေလိမ့်မယ်။
မွန်မြတ်တဲ့အစားအစာကို
ဘယ်အစားအစားမှ မကြိုက်ပဲဖြစ်နေတာတွေ။
ငပိ-လက်တစ်ဆစ်လောက်ကို ဖုတ်ပြီးမှ လင်မယားနှစ်ယောက်
ညမနက် လက်ညိုးနဲ့ ပွတ်စားတယ်။
ရှင်းအောင် ပြောပြတာ။ကောင်းတာတွေရှိ
တစ်ခုမှ မစားဘူး။ကြက် ဝက် ငါး ဒန်ပေါက် ဘာမှ မစားဘူး။
တို့များနဲ့တော့ သိပ်ကွာတယ်။ကောင်းဆို တို့ကတော့
အကုန်ကြိုက်တယ်။မကောင်းဆိုလို့ကတော့
ဘာမှ မကြိုက်ဘူး။ဒို့ကတော့ အကောင်းဝါဒပဲ။ဒါလေး
ဘုန်းပေးပါဘုရား အေး ကောင်းရင် စားတယ်။
ဒီသင်္ကကန်းလေး ဝတ်ပါဘုရား အေးကောင်းရင်
ဝတ်တယ်။ဒါ ဘုန်းကြီးရဲ့ ပေါ်လစီပဲ။
မကောင်းတာမှရွေးကြိုက်နေတာ
ဘာအကျိုးပေးတာလဲ အသက္ကစ္စ ဒါနရဲ့အကျိုးပဲ။
န ဥဠာရာယ ဝတ္ထဘောဂါယ စိတ္တံ နမတိ- မွန်းမြတ်တဲ့အဝတ်အထည်
အဝတ်ကောင်းကောင်းဆိုရင် သူမဝတ်ဘူး။
အုန်းဆံမျှင် ဖျင်ကြမ်းကြီးလို အဝတ်မျိုး သူကြိုက်တယ်။
ပိုးဖဲ ကတီပါ ဘယ်တော့မှ မကြိုက်ဘူး။
န ဥဠာရာယ ယာနဘောဂါယ စိတ္တံ နမတိ-မထက်တန်းကြတဲ့
ယာဉ်ရထား ဘာလဲ သူတို့မကြိုက်ဘူး။
Mercedes-Benz တို့ ဘာတို့ဆို အမလေး ကြောက်စရာကြီး၊
ငါတော့ ဆိုက်ကားနဲ့ပဲ သွားပါမယ်ကွာ။
မြင်းလည်းလေးပဲ သုံးပါတော့မယ်။ဒီလိုဖြစ်တယ်။
ဘုန်းကြီးတို့ ကြားဖူးတယ် အခုတော့ မရှိတော့ဘူး
အဲ့ဒီဒကာကြီးတွေ။ဘုန်းကြီးတို့ ဆရာ အနီးစခန်းပြောသွားတာ
မန္တလေးမြို့ မဟာမြတ်မုနိရဲ့ မြောက်စောင်းတန်းကို လှူတာ
ရွှေဘိုရဲ့အထက်နားက မြို့ကလေးတစ်မြို့က
သူဌေးတစ်ယောက် စောင်းတန်းကြီးတစ်ခုလုံးလှူပြီးတော့
ရေစက်ချပွဲ ကျင်းပ အလှူဒကာကြီးလာမယ်။
အိုး ဘုရားသူကြီးတွေ ခေါင်းပေါင်းစ တလူလူနဲ့ ကြိုလိုက်ကြတာ။
ဟမ်းဘား-ဆိုတဲ့ ကားကြီးနဲ့များ လာမလား။
မာစီးတီးကြီး စီးလာမလား ထင်တယ်။ပိုးဖဲကတီပါတွေ ဝတ်ပြီး
ခေါင်းပေါင်းစထောင် လာလိမ့်မယ်လို့ထင်တာ။
ဘုရားကြီးထဲဝင်လာတော့ အထဲက အင်္ကျီမပါဘူး ပင်နီ
အင်္ကျီဖျင်ကြမ်းကြီးကို ရင်ဖတ်ကြီး ဖွင့်ပြီးတော့
ပုဆိုးဆုတ်ခေါင်းပေါင်းပြီးတော့ တောင်ဝှေးကြီးနဲ့
ကွမ်းတွေ တဖတ်ဖတ်ဝါးပြီးတော့ ဆင်းလာတာ။
ဆိုက်ကားကြီးနဲ့ ဘုရားကြီးထဲဝင်လာတာ သူတောင်းစားကြီးထင်ပြီး
ခင်များ ဘုရားထဲ မဝင်နဲ့ဆိုပြီး သူက တန်စောင်း အလှူရှင် လက်မခံဘူး။
ဟ ကျုပ်ဘာလို့ မဝင်ရမှာလဲ ကျုပ်ဒီတန်စောင်းကြီး လှူထားတာ။
ဘုရားသူကြီးတွေ အကုန်လန့်သွားကြတယ်ဆိုပဲ။အဲ့ဒါ
ချပ်သင်းက ဒကားကြီးတစ်ဦးအဲ့လိုပြောတယ်။
ကောင်းတာဆိုရင် ဘာမှမကြိုက်တာ
ဘာဖြစ်လို့လဲ အသက္ကစ္စဒါန လုပ်ခဲ့လို့ ။
န ဥဠာရသေု ပဉ်စသု ကာမဂုဏသေု ဘောဂါယ စိတ်တံ နမတိ-
ကာမဂုဏ်ငါးပါး ကောင်းတာ
ဘာမှ မသုံးဆောင်ပဲ ဖြစ်နေလိမ့်မယ်လို့
သတ္ထ နတ်လူတို့ ဆရာ မြတ်စွာဘုရားက အဟောစ
ကရုဏာရှေးရှု့ ဟောပြတော် မူခဲ့ပါပေ ကုန်သတည်း။
သာဓု သာဓု သာဓု _
ညံ့တာပဲလှူလှူ ကောင်းတာပဲလှူလှူ တဉ္စ -ထို အလှူဒါနကို
သက္ကစ္စံ ဒေတိ- ရိုရိုသေသေ လှူကြပါ။ပစ္စည်းကိုလည်း
ရိုသေရမယ် အလှူခံပုဂ္ဂိုလ်ကိုလည်း ရိုသေရမယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ရိုသေရမယ်။
သက္ကစ္စ ဒါန လုပ်တတ်အောင် လုပ်ကြ။
စိတ္တီကတွာ ဒေတိ- ဆန်းဆန်းကျယ်ကျယ် တမြတ်တနိုး လှူရမယ်။
သဟတ္ထာ ဒေတိ-ကိုယ်တိုင် ကိုယ့်လက်နဲ့ လှူရမယ်။
အနပဝိဒ္ဓံ ဒေတိ- အညံ့စားတွေရွေး လှူတဲ့ အလှူမျိုးလည်း မဖြစ်စေနဲ့။
အာဂမနဒိဋ္ဌိကော ဒေတိ- ကံနဲ့ ကံအကျိုးကို ယုံကြည်ပြီးတော့
ပေးလှူတဲ့အလှူမျိုးလည်း ဖြစ်ပါစေ။
အဲ့ဒီလို လှူတဲ့အလှူမျိုးကို ခေါ်တယ် သက္ကစ္စဒါန။
သက္ကစ္စဒါနရဲ့ အကျိုးမှာ ထူးတာလေးအမှတ်ရလို့ ပြောဦးမယ်
ထင်ပေါ်ကြော်ကြားပြီးတော့နာမည်ကြီးတာဟာ သက္ကစ္စဒါန သမား။
အသက္ကစ္စဒါန သမားက သူဋ္ဌေးဖြစ်ပြီးတော့ မထင်ရှားဘူး။
တခြားတော့ မပြောနဲ့တော့ ဒီမှာ အနာထပိဏ်
ကလေးက အကုန်သိတယ်။
အနာထပိဏ်ရဲ့ သူဋ္ဌေးကတော်ကြီး
ဘယ်သူလဲ ဘယ်သူမှတောင် မသိဘူး။
ဝိသာခနဲ့ သွားမပေးစားနဲ့ မိုးကြိုးပစ်မယ်။
ဝိသာခက သူ့ယောင်္ကျားနဲ့ သူတခြား။
တချို့ ရောချတယ် အဲ့ဒီလို မဟုတ်ဘူး။
အနာထပိဏ်ရဲ့ကျောင်းအမက ပုညလက္ခဏဒေဝီ။
အခုမှ ကြားဖူးတယ်မို့လား။တစ်ယောက်က
သိပ်နာမည်ကြီးပြီးတော့ ဧဝံမေသုတံ
မင်္ဂလာသုတ်ထဲတောင် ပါတယ်။
တစ်ယောက်က ဘယ်မှ သူ့နာမည်မပါဘူး။
မင်းကွန်းဆရာတော်ကြီးရှိတုန်းက အဲ့ဒါကို ပိုင်ပိုင်နိုင်နိုင်ပြောတာ။
Story ကောင်းကောင်း မမှတ်မိတော့ဘူး။
မြင်းခြံဘက်မှာ လင်မယားနှစ်ယောက်။
အဘိုကြီးက အမြဲတမ်းမြင်းစီးသွားတယ်။
အဲ့ဒီအဘိုးကြီး မြင်းစီးလာတာမြင်လို့ရှိရင်
အဘိုးကြီး နာမည်မပြောဘူး။
အဘွားကြီးနာမည်ပဲပြောတယ်။အဘွားကြီး ဘယ်သူရဲ့
မြင်းကြီးကို ဒီအဘိုးကြီးစီးလာတယ်ဆိုပြီး
ဒီလိုပြောတာ။အဘိုးကြီး သူ့မြင်းသူစီးလာတာ
အဘိုးကြီးနာမည်နဲ့ပြောမခံရဘူး။
ဒကာမကြီးဘယ်သူရဲ့မြင်းစီးလာတယ် ဒီလိုပဲပြောတယ်။
ဒါတွေဟာ အသက္ကစ္စဒါန-ပေါ့။ဒါဘုန်းကြီးတို့ ခန့်မှန်းပြောတာ။
နာမည်ကြီး ထင်ရှားကျော်ကြားခြင်းဟာ-သက္ကစ္စသမားတွေ။
အဲ့ဒီတော့ သက္ကစ္စဒါနသမားတွေဟာ ရောက်ရာအရပ်မှာ
ပစ္စည်းပေါကြွယ်ဝသူဖြစ်မှာပဲ ၊သူ့မှာ ပေါကြွယ်ဝသည့် အားလျော်စွာ
သူ့မှာရှိတဲ့အကောင်းမှန်သမျှ မွန်မြတ်တာမှန်သမျှ
သူအကုန်ကြိုက်တယ်။မွန်ုမြတ်တဲ့ စားဖွယ်ခဲဖွယ်ကိုကြိုက်တတ်တယ်။
မွန်မြတ်တဲ့ အဝတ်အထည်တွေကို
သူကြိုက်တယ်။မွန်မြတ်တဲ့ယာဉ်ရထားကို သူကြိုက်တယ်။
သက္ကစ္စဒါန သမားတွေက အကောင်းတွေကို ကြိုက်တယ်။ဒါကံပဲ။
ဒါတွေဟာ ဘာအကျိုးလဲဆိုရင်
သက္ကစ္စံ ကတာနံ ကမ္မာနံ ဝိပါကော- ရိုရိုသေသေလေးလေးစားစား၊
မွန်မွန်မြတ်မြတ် ဆန်းဆန်းကျယ်ကျယ်
ကိုယ့်လက်နဲ့ မွန်မြတ်တာရွေးပြီးတော့
ကံနဲ့ ကံအကျိုးကို ယုံကြည်စွာပေးလှူခဲ့တဲ့
သက္ကစ္စဒါနရဲ့ အကျိုးပါပဲလို့
သတ္ထ- လူနတ်တို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်က
အဟောစ-ကရုဏာရှေးရှု
ဟောပြတော် မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓု
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
ဝေလာမသုတ်မှကောက်နှုတ်ချက်
Credit orginal uploder
Comments
Post a Comment