ညာဏ်တရား
. ကံ - မျ က်လုံးက
မြ င်တယ်
ဉာဏ် - မျ က်လုံး ( နာမ်တရား )က
သိတယ် ။
ကံ - နားက
ကြားတယ်
ဉာဏ် - နား ( နာမ်တရား ) က
သိတယ် ။
ကံ - နှာခေါင်းက
နံတယ်
ဉာဏ် - နှာခေါင်း ( နာမ်တရား ) က
သိတယ် ။
ကံ - ပါးစပ် ( လျှ ာ ) က
စားတယ်
ဉာဏ် - ပါးစပ် ( လျှ ာ ) ( နာမ်တရား ) က
သိတယ် ။
ကံ - ခန္ဓာကိုယ် ခြေလက်အင်္ဂါတွေက
လှုပ်ရှားတယ်
ဉာဏ် - ခန္ဓာ ( နာမ်တရား ) ကသိတယ်။
မျ က်စိက. မြ င်တာပဲရှိတယ်
သိလို့ မရဘူး
သိတာက နာမ်တရား ( ဉာဏ် ) ။
နားက ကြားတာပဲရှိတယ်
သိလို့ မရဘူး
သိတာက နာမ်တရား ( ဉာဏ် ) ။
နှာခေါင်းက နံတာပဲရှိတယ်
သိလို့ မရဘူး
သိတာက နာမ်တရား ( ဉာဏ် ) ။
လျှ ာ ( ပါးစပ် ) က စားတာပဲရှိတယ်
သိလို့ မရဘူး
သိတာက နာမ်တရား ( ဉာဏ် )။
ခန္ဓာကိုယ်ကြီးက အမူအရာ လှုပ်ရှား
တာပဲ ရှိတယ်
သိလို့ မရဘူး
သိတာက. နာမ်တရား ( ဉာဏ် ) ။
ပဉ္စဒွါရ - ပဉ္စာရုံ
ဒွါရ - အာရုံဆိုတာ ရုပ်တရား
ဒွါရ - အာရုံ ဆုံမိတိုင်းမှာ
ဖြစ်ပေါ်လာတဲ့ သိမှု သဘောက
နာမ္တရား ။
အဲဒီရုပ် နာမ်တရားတွေဟာ
နာရီ မိနစ် စက္ကန့် မလပ်
ဖြစ်လိုက် ပျ က်လိုက် ၊ ဖြစ်လိုက် ပျ က်လိုက်နဲ့
ဒလစပ် ဖြစ်ပျ က်နေတယ် ။
ခန္ဓာသံသရာ ဆိုတာ
အဲဒါကို ပြောတာ ဖြစ်ပါတယ်။
သေလိုက် ၊ နောက်ပြန်ဖြစ်လိုက်နဲ့
လူဖြစ်ခါ ဖြစ်လိုက် ၊ နတ်ဖြစ်ခါ ဖြစ်လိုက်
ငရဲ တိရစ္ဆာန် ဖြစ်ခါ ဖြစ်လိုက်နဲ့
အဲဒီလို တပြောင်းပြန် ဖြစ်နေတာကို
သံသရာလို့. ခေါ်တာ မဟုတ်ဘူး ။
မြ င်မှု ကြားမှု စသည်
ဖြစ်လိုက် ပျ က်လိုက်နဲ့. အဆက်မပြတ်
ဖြစ်ပြီး ပျ က်နေတဲ့ သဘော "ဝိပါကဝဋ် "ကို
သံသရာ လို့ ခေါ်တာ ဖြစ်ပါတယ်။
ဘုရားဖူး သွားကြတယ်ဆိုတော့
ကြားရတာ အလွန်မင်္ဂလာ ရှိပါတယ်။
ကံ မျ က်လုံးနဲ့
ဘုရား မဖူးကြနဲ့ ၊
ဉာဏ် မျ က်လုံးနဲ့ ဘုရားဖူးတတ်ဖို့လိုတယ်
ကံ မျ က်လုံးနဲ့
ဘုရားဖူး သွားကြရင်
ဘုရားကို မမြင်ခဲ့ရပဲ
အရုပ်ကြည့်ပြီး ပြန်လာခဲ့ကြရလိမ့်မည်။
ဉာဏ် မျ က်လုံးနဲ့
ဘုရားဖူးတတ်မှ
ဘုရားကို မြ င်ကြရမှာ ဖြစ်ပါတယ်။
ဉာဏ် မျ က်လုံးနဲ့
ဘုရားကို ဖူးမြှေ ာ်ပြီး ဘုရားကို
မြ င်ရင် အပါယ်တံခါး ပိတ်တယ်။
ကံ မျ က်လုံးနဲ့
ဘုရားဖူး သွားကြလို့
ဘုရား မမြ င်ခဲ့ရပဲ ၊ အရုပ်ချ ည်းကြည့်ပြီး
ပြန်လာလို့. အပါယ်တံခါး မပိတ်ဘူး ။
ဘုရားဖူးတတ်ဖို့ လိုသည်
ဘုရားဖူးသွားတာနဲ့. အရုပ်ကြည့်ဖို့သွားတာ
မတူဘူး ။
ဘုရားဖူးသွားကြပြီး
အရုပ်ကြည့်ပြီး ပြန်လာဖြစ်တာက
ပိုမျ ားသည် ။
ဘုရားဖူးသွားရင်
အထူးသဖြင့် ဘုရားကို အာရုံရောက်ဖို့
လိုသည် ။
ဘုရားဖူးဆိုပြီး
ပျေ ာ်ပွဲစားထွက်တာ မဖြစ်စေနဲ့ ။
ဘုရားဂုဏ်တော် တခုခုကို
အာရုံပြု နိုင်အောင် အာရုံပြု
ဂုဏ်တော်တပါးပါးကို အာရုံပြု လို့
မိမိရဲ့စိတ်က ဂုဏ်တော်တပါးပါးဆီ
အာရုံရောက်သွားပြီဆိုရင်
အဲဒီအချ ိန် မိမိရဲ့ စိတ်ထဲမှာ
လောဘ ဒေါသ မောဟတွေ ငြိမ်းနေတယ်
လောဘ ဒေါသ မောဟတွေ
ပျေ ာက်ကင်းနေတာသည်
ဘုရားကို တွေ့တာပါပဲ ။
=============
Comments
Post a Comment