အဘိဓမ္မာနှင့်သုတ္တန်တရားတော်များ
ဓမ္မသင်္ဂဏီကျမ်းဆိုသည်မှာ (နိဒါန်း) ဓမ္မသင်္ဂဏီကျမ်းဆိုသည်မှာ (နိဒါန်း) ဓမ္မသင်္ဂဏီကျမ်း၏ ကျမ်းဦးမှတ်ဖွယ်ကို အဓိကရည်ရွယ်ချက်သုံးခုဖြင့် အောက်ပါအတိုင်း ရေးသား ဖော်ပြထားပါသည်။
ရည်ရွယ်များမှာ ---
(၁) ဓမ္မသင်္ဂဏီကျမ်း၏ ဆိုလိုရင်း အချက်များကို ဖတ်ရှုသူတို့အား ရှေးဦးစွာ သိစေလိုခြင်း။ (၂) အဘိဓမ္မာဒေသနာနှင့် စပ်လျဉ်း၍ သိအပ်သော ဗဟုသုတ အကြောင်းအရာတို့ကို သိစေလိုခြင်း။
(၃) အဘိဓမ္မာဒေသနာသမိုင်းနှင့် မြန်မာပြည်၌ ဆရာအစဉ်အဆက် ရေးသားပြုစုခဲ့သည့် အဘိဓမ္မာသမိုင်း တို့ကို သိစေလိုခြင်းတို့ပင် ဖြစ်ပါသည်။
ဓမ္မသင်္ဂဏီကျမ်း၏ ကျမ်းဦးမှတ်ဖွယ်၏ အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ ဓမ္မသင်္ဂဏီကျမ်းဟု ခေါ်တွင်ပုံနှင့် ‘ဓမ္မသင်္ဂဏီ’ ပုဒ်၏ အနက်အဓိပ္ပါယ်။
၂။ ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားပုံ အစီအစဉ်များနှင့် ပါ၀င်သော အကြောင်းအရာ အချက်အလက်များ။
၃။ ဓမ္မသင်္ဂဏီကျမ်း၏ မှတ်သားဖွယ်ရာ အနှစ်သာရ။
၄။ အဘိဓမ္မာပိဋကအကြောင်း။
၅။ အဘိဓမ္မာ၏ ထူးခြားချက်များ။
၆။ အဘိဓမ္မာ၏ နိဒါန်းများ။
၇။ အဘိဓမ္မာပိဋကသည် ဘုရားဟောဒေသနာ အစစ်ဖြစ်ကြောင်း။
၈။ အဘိဓမ္မာ ၇ ကျမ်း အကျဉ်းချုပ်။
၉။ အဘိဓမ္မာ၏ နက်နဲပုံများ။
၁၀။ အဘိဓမ္မာပိဋကသမိုင်း။
၁၂။ မြန်မာပြည် အဘိဓမ္မာသမိုင်းနှင့် အဘိဓမ္မာအရကောက်ကျမ်းများ၏ ကျေးဇူး။
၁၃။ အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းနှင့် မြန်မာပြည်ဖြစ် အဘိဓမ္မာကျမ်းများ။
ဓမ္မသင်္ဂဏီကျမ်း ခေါ်တွင်ခြင်း
လောကသုံးရပ် ဘုံသုံးထပ်အတွင်း၌ ရှိကြကုန်သော လူ နတ် ဗြဟ္မာသတ္တဝါတို့အား ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်၍ နိဗ္ဗာန်ဟူသော ဝိမုတ္တိသုခကို ရရှိခံစားနိုင်ကြရန် ရည်သန်တော်မူလျက် ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သော တရားဒေသနာတော် အစဉ်သည် ပိဋကအားဖြင့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ သုံးမျိုးသုံးစားသုံးပါးရှိပါသည်။ ထိုသုံးပါးတို့တွင် ဓမ္မသင်္ဂဏီပါဠိတော်သည် တတိယမြောက်ဖြစ်သည့် အဘိဓမ္မာပိဋက၏ ပထမဦးဆုံးကျမ်းဖြစ်သည်။ အဘိဓမ္မာဟု ဆိုရုံမျှဖြင့်ပင် သုတ္တန်ဒေသနာတော်များထက် ထူးခြားသာလွန်သည့် တရားတော်ဖြစ်ကြောင်း အများအားဖြင့် နားလည်ကြပြီးဖြစ်သည်။ သို့ဖြစ်သည့်အတိုင်း ထိုအဘိဓမ္မာပိဋိက၀င်ကျမ်း ခုနှစ်ဆူတို့အနက် လက်ဦးဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည်လည်း အဘိဓမ္မာဒေသနာ၌ ပင်ရင် အကျဆုံး အရေးအကြီးဆုံး ကျမ်းကြီးဖြစ်သည်ဟူသော အချက်မှာ ထင်ရှားပေါ်လွင်လျက်နေပေသည်။ သို့ဖြစ်ရကား ထိုအချက်ကိုပင် ပို၍ ထင်ရှားစေရန် “ဓမ္မသင်္ဂဏီ” ဟူသော ဝေါဟာရစကားလုံး၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို တိတိကျကျ ကြံဆရှာဖွေ၍ ပြရသော် --- “ဓမ္မသင်္ဂဏီ” ဟူသောစကားလုံး၌ ‘ဓမ္မ’ နှင့် ‘သင်္ဂဏီ’ ဟူသောပုဒ်နှစ်ခုကို သမာသ်တွဲစပ်ထားခြင်းဖြစ်၏။ အလွယ်ဆုံးအားဖြင့် ဖွင့်ဆိုရှင်းလင်းပြရပါမူ ---
ဓမ္မ = သဘာ၀တရားများ
သင်္ဂဏီ = သိမ်းကျုံးစုပေါင်း၍ယူခြင်း (ပြခြင်း)။
= ကောင်းစွာ (ပြည့်စုံစွာ) ရေတွက်ခြင်း ဟူ၍ အဓိပ္ပါယ်ရလေသည်။ ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်းသည် --
(၁) သဘာ၀တရား (ပရမတ္ထတရား) အားလုံးကို သိမ်းကျုံးစုပေါင်း၍ ပြသောကျမ်း။
(၂) ကောင်းမွန်ပြည့်စုံစွာ သဘာ၀တရား (ပရမတ္ထတရား) တို့ကို ရေတွက်၍ ပြသောကျမ်းဟု ဆိုလိုသည်။
( Thein Naing Ohn (17.1.2020)
11:20 P.M)
ဓမ္မသင်္ဂဏီကျမ်း ဆိုသည်မှာ
(၂) ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားပုံ အစီအစဉ် မာတိကာကျမ်း ရှင်းလင်းချက် အကျဉ်းချုပ် ဟေတုဒုက ၀ီထိရှင်းတမ်း မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက မဂ္ဂင် ၁၂ ပါး၊ မဂ္ဂင်တရားကိုယ် ၉ ပါး ဓာတုကထာ တတိယနယ နိဒ္ဒေသ “အသင်္ဂဟိတေနသင်္ဂဟိတံ” (ခန္ဓာမတူ - အာတယတန၊ ဓာတ်တူ) ၀ိပါက်ကဘာကြောင့် အာသေ၀နမတပ်သနည်း?
၀ိပါကပစ္စည်း၌ ပါရှိသော
ဝိပါက်(၃၆)ပါး၊
စေတသိက်(၃၈)ပါး၊
ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး
ရှင်းလင်းချက် ကမ္မဋ္ဌာန်း နှင့် စျာန် တွဲစပ်ပုံ သိသင့်သမျှ ..
အဘိဓမ္မာ (၇) ကျမ်းလာ ကိုယ်ကျင့်တရားများ ပိဋကတ်သုံးပုံဆိုသည်မှာ .. သီလ (သို့မဟုတ်) ကိုယ်ကျင့်တရား သီလ (သို့မဟုတ်) ကိုယ်ကျင့်တရား မနေ့က အရိယာ ဥပုသ် (အရိယုပေါသထ) ပို့စ်တင်ရင်း နိဂုံးပိုင်းမှာ ဥပုသ်ကျင့်သုံးမှုသည် နိဗ္ဗာန်သွားဘို့ရောက်ဘို့ရန် အခြေခံမျှသာ ဖြစ်ပေသည်၊ သီလကျင့်သုံးရုံမျှနှင့် နတ်ပြည်လောက်သာ ရောက်နိုင်ဘဲဟု မပေါ့ဆသင့်ပေ၊
ဝိပဿနာ ကမ္မဋ္ဌာန်းကို အားထုတ်တဲ့အခါ သီလဝိသုဒ္ဓိသည် ပထမဆုံး ဖြစ်ပေသည်၊ သို့အတွက်ကြောင့် သီလဝိသုဒ္ဓိ သီလစင်ကြယ်မှုအလွန် အရေးကြီးလှပေသည်ဟု ထည့်ရေးခဲ့ပါတယ်။ ဒါနဲ့ သီလရဲ့အရေးပါပုံလေးကိုတစ်ဆက်တည်း ဆက်စပ်စဉ်းစားမိရင်း သီလအကြောင်းလေးကိုပါရေးချင်စိတ် ပေါ်လာပါတယ်။ ဗုဒ္ဓအလိုအရ မကောင်းမှုပြုရခြင်းကို ရှက်ခြင်းနှင့် မကောင်းမှုပြုရန် ကြောက်ခြင်းတရား နှစ်ပါးသည် လောကလူ့အဖွဲ့အစည်း တိုးတက်တည်တံ့ရေးအတွက် ထိန်းမတ်ပေးသော တရားများဖြစ်သည်။ မကောင်းမှုမှ ရှောင်ကြဉ်ခြင်းသည် သီလစောင့်ထိန်းခြင်းမည်ပေသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ အမြင့်ဆုံးရည်မှန်းချက်သည် နိဗ္ဗာန်မဂ်ဖိုလ်ဖြစ်သည်။ ရည်မှန်းချက် ရောက်အောင် ကိုယ်ကျင့်တရား (သီလ) ပိုင်းနှင့် အလုပ်တရား (ပညာ) ပိုင်းတို့ကို ဖြည့်ကျင့်ရမည် ဖြစ်ပေသည်။ သီလဆောက်တည်ခြင်း၊ (၃၈) ဖြာ မင်္ဂလာကဲ့သို့သော မြတ်ဗုဒ္ဓ၏ အဆုံးအမဩဝါဒများကို လေ့လာမှတ်သား နာယူခြင်းသည် သိမ်မွေ့နူးညံ့ပြီး ကိုယ်ကျင့်တရား ကောင်းမွန်သည့် သူများဖြစ်လာနိုင်ပေသည်။ ထိုမှတစ်ဆင့် အကျင့်ကောင်း အကျင့်မြတ်ဝိပဿနာတရားကို ကြိုးစားအားထုတ်ရပေမည်။ ယင်းသို့ အားထုတ်ရာတွင်လည်း သမာဓိတည်ကြည်၍ အကျင့်သီလနှင့်ပြည့်စုံမှသာ ပေါက်ရောက်အောင်မြင်နိုင်မည် ဖြစ်ပေသည်။
သီလနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင်နှင့် သောဏဏ္ဍပုဏ္ဏားတို့၏ ဗြဟ္မဏဟု သတ်မှတ်ချက်နှင့် ပတ်သက်သော အမေးအဖြေတွင် .. မြတ်စွာဘုရားရှင်က သောဏဒဏ္ဍပုဏ္ဏားအား -- “ဗြဟ္မဏဟု ခေါ်ဝေါ်နိုင်ဖို့ အင်္ဂါ ဘယ်နှစ်ပါးဖြင့် သတ်မှတ်ပါသလဲ” ဟု မေးမြန်းရာ သောဏဒဏ္ဍက -- “အမျိုးဇာတ်မြတ်ခြင်း၊ ဗေဒင်မန္တန်တတ်ခြင်း၊ ရုပ်အဆင်း လှပခြင်း၊ အကျင့်စာရိတ္တ သီလနှင့် ပြည့်စုံခြင်း၊ အသိပညာ ပြည့်စုံခြင်းဟူသော အင်္ဂါငါးပါးဖြင့် သတ်မှတ်ကြောင်း” ဖြေကြားပါသည်။ ဘုရားရှင်က -- “ထိုအင်္ဂါငါးပါးမှ တစ်ပါးနှုတ်၍ လေးပါးဖြင့် သတ်မှတ်လျှင် ဘယ်တစ်ပါးကို နှုတ်မည်နည်း” ဟု မေးမြန်းရာ သောဏဒဏ္ဍက -- “အဆင်းလှခြင်းကို နှုတ်၍ ကျန်လေးပါးဖြင့် သတ်မှတ်ပါမည်” ဟု ဖြေကြားသည်။ ထို့အတူ နှစ်ပါးနှုတ်၍ သုံးပါးဖြင့် သတ်မှတ်လျှင် ဗေဒင်မန္တန်တတ်ခြင်းကိုလည်းကောင်း၊ သုံးပါးနှုတ်၍ နှစ်ပါးဖြင့် သတ်မှတ်လျှင် အမျိုးဇာတ်မြင့်ခြင်းကိုလည်းကောင်း နှုတ်ပယ်၍ အကျင့်သီလနှင့် အသိပညာ နှစ်ပါးဖြင့် ပြည့်စုံသူကို ဗြဟ္မဏဟူ၍ သတ်မှတ်ရပါမည်ဟု ဘုရားရှင်၏ အမေးတို့ကို ဖြေကြားခဲ့သည်။ ထို့နောက် ဘုရားရှင်က -- “အကျင့်သီလနှင့် ပြည့်စုံခြင်းမရှိဘဲ ပညာရှိခြင်း ဂုဏ်တစ်ခုနှင့်သာ ပြည့်စုံပါက ဗြဟ္မဏဟူ၍ ခေါ်နိုင်ပါသလား” ဟု မေးမြန်းရာ သောဏဒဏ္ဍက -- “မခေါ်နိုင်ပါ၊ လက်တစ်ဖက်ကို အခြားလက်တစ်ဖက်ဖြင့် ဆေးကြောရသကဲ့သို့၊ ခြေတစ်ဖက်ကို အခြားခြေတစ်ဖက်ဖြင့် ဆေးကြောရသကဲ့သို့ ပညာကို သီလဖြင့် ဆေးကြောရပါတယ်။ သီလကို ပညာဖြင့် ဆေးကြောရပါတယ်။ သီလနှင့်ပညာကို လောကမှ အမြတ်ဆုံးဟု ဆိုသင့်ပါတယ်” ဟူ၍ ဖြေကြားခဲ့ပါသည်။ ထိုအခါ ဘုရားရှင်က -- “သင့်စကားမှန်ပါတယ် သောဏဒဏ္ဍ၊
ပညာကို သီလဖြင့် ဆေးကြောရတယ်။ သီလကိုလည်း ပညာဖြင့် ဆေးကြောရတယ်။ အမြော်အမြင်၊ အဆင်ခြင်နဲ့ ထိုးထွင်းသိမြင်တဲ့ပညာရှိမှ မှန်ကန်သော အကျင့်သီလလည်း ရှိနိုင်တယ်၊ အကျင့်သီလကောင်း၊ အကျင့်သီလမှန်မှလည်း အသိပညာရှိသူ ဖြစ်နိုင်တယ်၊ အကျင့်သီလနှင့်ပညာ ကို လောကမှာ အမြတ်ဆုံးလို့ ဆိုသင့်ပါတယ်” ဟု ဟောတော်မူခဲ့သည်။ အခါတစ်ပါး မြတ်စွာဘုရားအား အရှင်အာနန္ဒာက ဤသို့ လျှောက်ထား၏ “မြတ်စွာဘုရား၊ အမြစ်နံ့သာ၊ အနှစ်နံ့သာ၊ အပွင့်နံ့သာ သုံးမျိုးတို့၏ အနံ့သည် လေစုန် လေအောက်သို့ သာလျှင် သွားပါ၏။ လေညာ လေဆန်သို့ မသွားပါ။ လေစုန် လေကြေသို့လည်းကောင်း၊ လေဆန် လေညာသို့လည်းကောင်း သွားနိုင်သော တစ်စုံတစ်ခုသော အနံ့ရှိပါသလော” ဘုရားရှင်က -- “အာနန္ဒာ - ပန်းအနံ့သည် လေဆန်လေညာသို့ မသွား၊ စန္ဒကူး၊ တောင်ဇလပ်၊ စပယ်၊ ကြက်ရုံးပန်းအနံ့ တို့သည်လည်း လေဆန် လေညာသို့မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လေဆန် လေညာသို့ သွား၏။ သူတော်ကောင်းတို့၏ အနံ့သည် အရပ်မျက်နှာအားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏” “အာနန္ဒာ - စန္ဒကူး၊ တောင်ဇလပ်၊ ကြာညို၊ မြတ်လေး၊ ကြက်ရုံးပန်းတို့၏ အနံ့အမျိုးမျိုးတို့ထက် ထိန်းသိမ်း စောင့်စည်းအပ်သော သီလရနံ့သည်သာ အတုမရှိ မြတ်၏” ဟု ဟောကြားတော်မူသည်။ သီလဟူသောစကားသည် ပါဠိအတိုင်း ခေါ်ဆိုထားသော မြန်မာဝေါဟာရ ဖြစ်သည်။ ပဋိသမ႓ိဒါမဂ်ပါဠိတော်၌ - “ကိံသီလန္တိ စေတနာသီလံ စေတသိကံသီလံ၊ အဝီတက္ကမောသီလန္တိ” ဟူ၍ ဟောတော်မူသည်။ အဓိပ္ပါယ်မှာ စေတနာသည် သီလမည်၏။ စေတသိက်တို့သည် သီလမည်၏။ ပိတ်ဆို့ စောင့်ရှောက်ခြင်း သံဝရတရားသည် သီလမည်၏။ မလွန်ကျူးခြင်းသည် သီလမည်၏ဟူ၍ ဖြစ်သည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဣန္ဒြေခြောက်ပါးတို့ကို မကောင်းသော အာရုံများဘက်သို့ မရောက်အောင် ပိတ်ဆို့စောင့်ရှောက်ခြင်း၊ မကောင်းမှုကို မကျူးလွန်ခြင်း၊ ထိုသို့ မကောင်းမှု မကျူးလွန်မိစေရန် တိုက်တွန်းသည့် စိတ်စေတသိက် ဖြစ်ပေါ်အောင် မွေးမြူခြင်းတို့သည် သီလပင် ဖြစ်သည်။ “သီလန” ဟူသော အနက်သဘောကြောင့်လည်း သီလဟူ၍ ခေါ်ခြင်းဖြစ်သည်။ သီလနအနက်မှာ ကာယကံ၊ ဝစီကံ တို့ကို သိမ်းသိမ်းဆည်းဆည်း ကောင်းစွာ သိုမှီးထားခြင်း၊ ကုသိုလ်ဖြစ်ကုန်သော တရားတို့၏ တည်ရာ မှီရာ ဖြစ်ခြင်း တို့ပင် ဖြစ်သည်။ ချုပ်၍ ဆိုရလျှင် “ကာယကံမှု၊ ဝစီကံမှုတို့ကို ရုန့်ရင်း ကြမ်းတမ်းစွာ ဖြစ်ခွင့်မပေးဘဲ သိမ်မွေ့နူးညံ့အောင် ကောင်းစွာ ထားတတ်သောကြောင့်လည်းကောင်း၊ ကုသိုလ်တရားများ အဆင့်ဆင့် ဖြစ်ပွားအောင် အခြေခံအကြောင်းရင်းအဖြစ် ဆောင်ရွက်တတ်သောကြောင့်လည်းကောင်း သီလဟု ခေါ်ဆိုခြင်း ဖြစ်သည်။” မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် အရှင်အာနန္ဒာက -- “အပြစ်မရှိသော သီလသည် အဘယ်အကျိုးအာနိသင် ရှိပါသနည်း” ဟု လျှောက်ထားသဖြင့် ဟောကြားရာ၌ -- - အပြစ်မရှိသော သီလတို့သည် စိတ်နှလုံး ရွှင်လန်းခြင်း အကျိုး အာနိသင် ရှိ၏။ - စိတ်နှလုံး ရွှင်လန်းခြင်းသည် ဝမ်းမြောက်မှုအကျိုး အာနိသင် ရှိ၏။ - ဝမ်းမြောက်မှုသည် နှစ်သက်မှု အကျိုးအာနိသင် ရှိ၏။ - နှစ်သက်မှုသည် ငြိမ်းချမ်းမှု အကျိုးအာနိသင် ရှိ၏။ - ငြိမ်းချမ်းမှုသည် ချမ်းသာမှု အကျိုးအာနိသင် ရှိ၏။ - ချမ်းသာမှုသည် တည်ကြည်မှု အကျိုးအာနိသင် ရှိ၏။ - တည်ကြည်မှုသည် ဟုတ်တိုင်းမှန်စွာ သိမြင်မှုအကျိုး အာနိသင် ရှိ၏။ - ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှုအကျိုး အာနိသင် ရှိ၏။ - ငြီးငွေမှုသည် တပ်မက်ခြင်းကင်းမှုအကျိုး အာနိသင် ရှိ၏။ - တပ်မက်ခြင်းကင်းမှုသည် လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော အကျိုးအာနိသင် ရှိ၏။ ဤသို့လျှင် အပြစ်မရှိသော သီလသည် အစဉ်အတိုင်း အရဟတ္တဖိုလ်သို့ ရောက်ကုန်၏ဟု ဟောတော်မူသည်။ သီလသည် အောက်ပါ ယုတ်ညံ့သော တရားများကြောင့်လည်း သီလညစ်နွမ်းတတ်ပါသည်။ - အမျက်ထွက်ခြင်း (ကောဓ) - ရန်ညှိုးဖွဲ့ခြင်း (ဥပနာဟ) - သူ့ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း (မက္ခ) - ဖက်ပြိုင်တုပခြင်း (ပဠာသ) - သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလို၊ မရှုဆိတ်ခြင်း (ဣဿာ) - မိမိစည်းစိမ်ကို နှမြောဝန်တိုခြင်း၊ သူတစ်ပါးအား ပေးကမ်းရမည်ကို တွန့်တိုစေနှဲခြင်း (မစ္ဆရိယ) - မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်း (မာယာ) - မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ရှိလေဟန်ဆောင်ခြင်း (သာဌေယျ) တို့သည် ယုတ်ညံ့သောတရား များပင် ဖြစ်သည်။ ငါးပါးသီလသည် လူတို့ အမြဲစောင့်ထိန်းအပ်သော သီလ ြဖစ်သောကြောင့် “နိစ္စသီလ” ဟု ေခါ်သည်။ တစ်သက်လုံး မကျိုးမပေါက်ရအောင် သူတော်ကောင်းတို့ အလေးအမြတ်ပြုရမည့် အကျင့်ဖြစ်သောကြောင့် “ဂရုဓမ္မသီလ” ဟူ၍ လည်း ေခါ်ကြသည်။ အရိယာသူတော်ကောင်းတို့ နှစ်သက်မြတ်နို်းအပ်သောကြောင့် “အရိယကန္တသီလ” ဟုလည်း ေခါ်၏။ အိမ်ရာတည်ထောင် လူဝတ်ကြောင်မှန်သမျှ ေစာင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် “ဂဟဌသီလ” ဟုလည်း ေခါ်ကြသည်။ လောက၌ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ စသည်တို့ ထင်ရှားရှိစေကာမှု ငါးပါးလုံး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးလုံး ဆောက်တည်စောင့်ထိန်းနိုင်မှ စောင့်ထိန်းကောင်းသည်မဟုတ်ချေ။ တစ်ပါးတတ်နိုင်လျှင် တစ်ပါးတည်း စောင့်ထိန်းနိုင်သည်။ နှစ်ပါး သုံးပါး စသည်ဖြင့် တတ်နိုင်သမျှ စောင့်ထိန်းလိုလျှင်လည်း စောင့်ထိန်းနိုင်သည်။ စောင့်ထိန်းနိုင်သမျှ ကုသိုလ်ရသည်။ မိမိစွမ်းနိုင်သမျှ အချိန်ကာလအတွင်းမှာပင် သီလကို စောင့်ထိန်းကြဖို့ သင့်လှသည်။ အထူးသဖြင့် ညဉ့်အခါ၌ ငါးပါးသီလ ခံယူဆောက်တည်ပြီးမှ အိပ်သင့်ပေသည်။ ယင်းသို့ သီလရှိ၍ သီလနှင့်ပြည့်စုံကာ သီလကို နှလုံးသွင်းရင်း သေသွားသော် နတ်ရွာသုဂတိ ရောက်နိုင်ပေသည်။ ယင်းသို့ ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်တော်များ ပွားများပြီးလျှင် ယနေ့ပြုရ ဒါနသီလ ဘာဝနာစုမြတ် ကောင်းမှုကြောင့် ယခုဘဝ ပစ္စက္ခတွင် ကင်းစင်အနာ သက်ရှည်ကာဖြင့် ဘယာခပ်သိမ်း ကင်းငြိမ်းကွယ်ပ လိုတိုင်းရ၍ ဘဝတမလွန်နတ်ထံလူ့ပြည်တည်ကာသန္ဓေတိဟိတ်နေ၍ ပညိန္ဒြေအခြေကြီးမားဥစ္စာများလျက် ထက်မြက်တေဇောသဒ္ဓါပေါပြည့် ဟိရိဩတ္တပ်နှစ်ရပ်ပြည့်စုံ တတ်မျိုးစုံကာ ဒါနသီလ ဘာဝနာမှု ပြုရပါစေ တောင်းဆုချွေ၏ အန္တိမေယျ ဆုံးဘဝဝယ် လေးသွယ်ပဋိသမ်ဈာန်အဘိညာ ဂုဏ်ပေါင်းဖြာလျက် အရဟတ္တမဂ် အရဟတ္တဖိုလ် ဉာဏ်မြတ်ကိုသာ မှန်စွာမုချ ရရပါလို၏ဟု နှုတ်မြွက်၍ ဆုတောင်းရာလေသည်။ ယင်းသို့ တနေ့လုံး လင်းသည်ကစ နေဝင်သည့်တိုင်အောင် မိမိစောင့်ထိန်းအပ်သော သီလ၏ လုံခြုံပုံကိုလည်းကောင်း လူ့စည်းစိမ် လူ့ဘဝ နတ်စည်းစိမ် နတ်ဘဝကို မတောင့်တသဖြင့် တဏှာ၏ကျွန် တာဝန် လွတ်ကင်းပုံကိုလည်းကောင်း ယင်းသီလကို အရင်းခံလျက် မဂ်ဖိုလ်အထိ သမာဓိရနိုင်ပုံကိုလည်းကောင်း အဖန်ဖန်အောက်မေ့ပါ။ ယင်းအောက်မေ့မှုကိုပင် သီလာနုဿတိဟု ခေါ်ပါသည်။ သီလနှင့်ပြည့်စုံကြပါစေ
မေတ္တာဖြင့် TNO (4.7.2018)
ကျမ်းကိုး။ ။ သီလ သို့မဟုတ်ကိုယ်ကျင့်တရား
(သာသနာရေးဝန်ကြီးဌာန) နှင့် သီလဂုဏ်ရည် ၊ အရှင်ကေလာသ ဓမ္မာစရိယ၊ ဂဏဝါစက၊ B.A.Hons. ဝိဇ္ဇာဂုဏ်ထူး (သီရိလင်္ကာ) တို့မှ ထုတ်နှုတ်ဖော်ပြ ပါသည်။
သီလနှင့်တူသော အခြားသောနတ်ပြည်တက်ကြောင်း စောင်းတန်းလှေကားသည် အဘယ်မှရှိအံ့နည်း၊ နိဗ္ဗာန်ရွှေပြည်သို့ ဝင်ခြင်း၌ သီလနှင့် တူသော တံခါးသည် အဘယ်မှာရှိအံ့နည်း ဟူ၍ မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။ (ဝိသုဒ္ဓိမဂ်အဋ္ဌကထာ )
Comments
Post a Comment