ရခိုင်အလားအလာကောင်းကို အိန္ဒိယ ကြိုဆို


ဖြစ်ထွန်းလာနိုင်တဲ့ ရခိုင်အလားအလာကောင်းကို အိန္ဒိယ ကြိုဆို
08 ဇန်နဝါရီ၊ 2021
ဝင်းမင်း

မှတ်တမ်းဓါတ်ပုံ- ၂၀၁၂ တုန်းက ကုလားတန်စီမံကိန်းလုပ်ငန်းခွင်တခု

(Zawgyi/Unicode)

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအလားအလာနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို၊ အိန္ဒိယကောင်စစ်ဝန်ချုပ်သစ်နဲ့ ရခိုင်အမျိုးသားပါတီ (ANP) တို့ မနေ့ညနေက ဆွေးနွေးခဲ့ကြပါတယ်။

စစ်တွေက ANP ဌာနချုပ်ရုံးမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကောင်စစ်ဝန်ချုပ် Dr Gautam Kumar Pandey ကို တွေ့ဆုံခဲ့တဲ့၊ ANP ဥက္ကဌ ဦးသာထွန်းလှကို ကိုဝင်းမင်းကမေးရာမှာ အခုလိုစရှင်းပြပါတယ်။

ဦးသာထွန်းလှ။ ။ အိန္ဒိယကောင်စစ်ဝန်က ဒီကိုရောက်လာတာ ၆ လလောက်ရှိပြီလို့ ပြောတယ်။ အိန္ဒိယကောင်စစ်ဝန်ဟောင်း မဟုတ်ပဲနဲ့ အခုက အသစ် သူရောက်လာတာ ၆ လလောက်ရှိပြီလို့။ COVID ကြောင့် ပါတီကိုလာပြီးတွေ့ဆုံလို့ မရဘူး။ အခု ရွေးကောက်ပွဲမှာ လည်း ANP ကအနိုင်ရတယ်ဆိုတော့ အဲဒါကို ကြိုဆိုတဲ့အကြောင်းနဲ့ သူကိုယ်တိုင်လည်း အခုလို လာတွေ့ပြီး နှုတ်ဆက်ပါတယ်ဆိုတာကို လာပြောတာပါ။ ဂုဏ်ပြုပါတယ်ဆိုတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။ ရခိုင်မှာ ကျနော်တို့ ANP ရခိုင်အမျိုးသား ပါတီက တစုံတရာ အင်အားရှိတဲ့ ပါတီတခုအနေနဲ့ သူတို့ လာတွေ့တဲ့ အစည်းအဝေးဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဥက္ကဋ္ဌကြီးတို့ ဘက်ကရော ဘာတွေ ပြန်ရှင်းပြဖြစ်ခဲ့သလဲ။

ဦးသာထွန်းလှ။ ။ ကျနော်တို့ဘက်ကလည်း အဲဒီလို လာပြီး လာတွေ့တဲ့အတွက် နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ကြိုဆိုတဲ့အကြောင်းကိုကျနော်တို့ ပြန်ပြောလိုက်ပါတယ်။ ပြီးရင် ရခိုင်ကလည်း အိန္ဒိယနဲ့ နယ်စပ်ဒေသဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကလည်း အိန္ဒိယနဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ကျနော်တို့ ဆက်ဆံရေးတွေ ပိုပြီးကောင်းမွန်အောင် ပိုပြီးတည်ဆောက်ဖို့ ဆန္ဒရှိတဲ့အကြောင်းကိုလည်း ကျနော်တို့ပြောပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်ထပ်ရော သူတို့ဘက်က ထူးထူးခြားခြားပြောခဲ့တာ ရှိသေးသလား။

ဦးသာထွန်းလှ။ ။ သူတို့ ပြောတာကတော့ ရွေးကောက်ပွဲမှာ ANP ပါတီက ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရထားတဲ့ ပါတီဖြစ်တယ်ဆိုတာလည်း သူတို့ သိတယ်လို့ ပြောပါတယ်။ အရင်တုန်းကလည်း ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့ခွင့်မရခဲ့ဘူး ဆိုတာလည်း သူတို့သိတယ်လို့ ပြောပါတယ်။ သူတို့က ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနဲ့ ထိတွေ့ဆက်ဆံမှု ကောင်းကောင်းမွန်မွန်ရှိဖို့နဲ့ ဘာပဲပြောပြော ရခိုင်ပြည်နယ်မှာလည်း ကုလားတန် project က အိန္ဒိယက ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့အတွက် ဆက်ဆံမှုကို ကောင်းမွန်အောင် သူတို့ဘက်ကလည်း ရခိုင်နဲ့ ဆက်ဆံဖို့ ပြောပါတယ်။ ပြီးရင် ဒီဘက်မှာ ရခိုင်ပြည်နယ်မှာ စီးပွားရေးလုပ်နေတဲ့ အုပ်စုတွေနဲ့လည်း အိန္ဒိယကောင်စစ်ဝန်ရုံးဆိုတာက စစ်တွေမှာ ရှိနေတာ ၊ သူတို့နဲ့လည်း ထိတွေ့ဆက်ဆံဆွေးနွေးမှုတွေ ရှိပါတယ်ဆိုတဲ့အကြောင်းတွေ ပြောခဲ့တာတွေရှိတယ်။ နောက်တခုက အိန္ဒိယ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို ပံ့ပိုးမှုတွေ ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း သူတို့အဲဒါကို ပြောခဲ့တာလည်း ရှိပါတယ်။

ကိုဝင်းမင်း။ ။ဟုတ်ကဲ့ ပါတီဘက်ကရော ထူးထူးခြားခြားပြန်ရှင်းပြခဲ့တာ ရှိသေးလား။

ဦးသာထွန်းလှ။ ။ ကျနော်တို့ကတော့ အိန္ဒိယအစိုးရက ဒီဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတာ ကုလားတန် project စီမံကိန်းအပေါ်မှာ ဒါကတော့ အိန္ဒိယနဲ့ ရခိုင်ကလည်း ကူးလူးဆက်ဆံမှု ဒီလမ်းကြောင်း ချောချောမွေ့မွေ့ဖြစ်သွားရင် ဒေသခံ ပြည်သူတွေအနေနဲ့လည်း ဖွံ့ဖြိုးမှု လုပ်ငန်းတွေ တစုံတရာ ရှိလာလိမ့်မယ်ဆိုတာကို ကျနော်တို့လည်း ယုံကြည်ပါတယ်ဆိုတဲ့အကြောင်းကို အဲဒါကို ရှင်းပြလိုက်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်တခုကလေ အခု AA ရခိုင်တပ်မတော်နဲ့ မြန်မာတပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ တစုံတရာ ဖြစ်လာတဲ့ အပေါ်မှာရော ဆွေးနွေးဖြစ်ကြသေးလား။

ဦးသာထွန်းလှ။ ။ ဂျပန်က Mr. Sasakawa ရောက်လာတဲ့အပေါ်မှာလည်း သူတို့က တွေ့ဆုံဆွေးနွေး ပြီး ဒီရခိုင်မှာ ခက်ခဲမှုတွေ မရှိပဲနဲ့ တည်ငြိမ်တဲ့အခြေအနေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တာကိုလည်း သူတို့ ဝမ်းသားတဲ့အကြောင်း သူတို့ ပြောသွားပါတယ်။ ပြီးရင် ဒီ အိန္ဒိယ အစိုးရအနေနဲ့လည်း ဂျပန်အစိုးရနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့အကြောင်းလည်း ပြောသွားခဲ့တာလည်း ရှိပါတယ်။

ဖြစ်ထွန်းလာနိုင်တဲ့ ရခိုင်အလားအလာကောင်းကို အိန္ဒိယ ကြိုဆို
by ဗွီအိုအေ
The code has been copied to your clipboard.

The URL has been copied to your clipboard
Facebook တွင်ဖြန့်ဝေရန်
Twitter တွင်ဖြန့်ဝေရန်
No media source currently available

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ