ဗုဒ္ဓပြဿနာ
━━━━━━━━━━━━━━━━━━━━━
(1) "ဗုဒ္ဓ"ကသူ့ကို "ဆင်းတုများပြုလုပ်ပူဇော်ရမယ်"လို့ပြောခဲ့ဖူး ပါသလား။
အဲလိုလုပ်ရပ်ကို သူ ကိုယ်တိုင်ရောကြိုက်ပါရဲ့လား။
(2)"ဆင်းတုများ, စေတီများ"ပြုလုပ်ပူဇော်ခြင်း-က သူ ရှိစဉ်ကတည်းကပါလား၊သူ မရှိမှလား။
(3)"ဆင်းတုများ, စေတီများပြုလုပ်ခွင့်"ကို"တောင်းဆိုခဲ့ရတယ်"လို့
ပို့စ်တစ်ခုမှာပြောထားတာတွေ့ရတဲ့အတွက်-
"ကမ္ဘာ"ပေါ်မှာ"မည့်သည့်စေတီ"က "ပထမဆုံး"ပါလဲ။
(4)"စေတီ"တိုင်းမှာအများအားဖြင့်"ဆင်းတုတော်"တွေ
အများကြီးတွေ့ရ ပါတယ်။
"စေတီ"တည် တဲ့အခါ "အဓိက"လိုအပ်ချက်ကဘာပါလဲ။
(5)"ဗုဒ္ဓဘာသာ"ရဲ့ကိုးကွယ်မှုဖြစ်တဲ့
"ရတနာသုံးပါး"ဆိုတာကို "ဗုဒ္ဓ" က ချ မှတ်ပေး ထားခဲ့ခြင်း လား။
(6) "ဗုဒ္ဓဘာသာ"ရဲ့"ပညတ်ချက်"တွေကဘာပါလဲ။
(7)"ရတနာသုံးပါး"အပြင်-
"မိဘ, ဆရာ" အစရှိတာတွေက -
"ဘုရားနဲ့တစ်ဂိုဏ်းတည်းသတ်မှတ်ထားတာ"ဆိုရင် -
"သံဃာ"နဲ "့မိခင်"-ဘယ်သူက ပိုမြတ်ပါသလဲ။
(8)"ဗုဒ္ဓဘုရားရှင်"ယခုရှိပါသေးလား။
"အစ္စလာမ်ရော, ခရစ်ယာန်တွေ"ပါ ဆုတောင်းမှုပြုရင်
"ဖန်ဆင်းရှင်"ဆီမှာသာတောင်း ခံကြပါတယ်။
"ဗုဒ္ဓဘာသာ"မှာ-
"ဘယ်သူ့ဆီကဆုတောင်း"နေကြတာပါလဲ။
(9)"ဗုဒ္ဒဘာသာ"ကို၀င်ချင်လို "့နိုင်ငံခြားသားတစ်ယောက်"က
"ဗုဒ္ဓ"ကို ဘယ်လိုသုံးနှုန်းမလဲ။
ကျွန်တော်မေးချင်တာက
"မြန်မာ"မှာဆို"ဘုရား လို့သုံးတယ်။
"ထိုင်း"မှာဆိုလည်း-
"ဖကျောင်း"ဆိုပြီးသုံးနှုန်း ပါတယ်။
အဲဒီမှာ-
"အာရှ"ကမဟုတ်တဲ့ "အမေရိကန်တစ်ယောက်"
က "ဘုရား ရှိခိုးမယ်"ဆိုရင်-"ဘုရား"ဆို တဲ့နေရာမှာ ဘယ်လိုအသုံး အနှုန်းကိုသုံးလို့ရနိုင်မလဲ။
(10)"ဘုရား"ဟောတာတွေက သိပ်ကောင်းနေပါ ရဲ့နဲ့ "ဗုဒ္ဓဘာသာ၀င်"တော်တော်များများကဘာလို့မကျင့်သုံးနိုင်ကြတာပါလဲ။
ဥပပမာ..
"ခက်လို့လား" (ဒါမှမဟုတ်)"မလုပ်နိုင်လို့လား" ဆိုတာသိပါ ရစေ။
ဖြေပေးတဲ့
အကို/အမများ အားလုံးကိုလေးစားပါတယ်။
ဒီထဲကအသုံးအနှုန်း တစ်ခုခုက ရိုင်းသွားရင်လဲ
ခွင့်လွှတ်ပေးပါ။
━━━━━━━━━━━━━━━━━━━━━
(1) "ဗုဒ္ဓ"ကသူ့ကို "ဆင်းတုများပြုလုပ်ပူဇော်ရမယ်"လို့ပြောခဲ့ဖူး ပါသလား။
အဲလိုလုပ်ရပ်ကို သူ ကိုယ်တိုင်ရောကြိုက်ပါရဲ့လား။
(2)"ဆင်းတုများ, စေတီများ"ပြုလုပ်ပူဇော်ခြင်း-က သူ ရှိစဉ်ကတည်းကပါလား၊သူ မရှိမှလား။
(3)"ဆင်းတုများ, စေတီများပြုလုပ်ခွင့်"ကို"တောင်းဆိုခဲ့ရတယ်"လို့
ပို့စ်တစ်ခုမှာပြောထားတာတွေ့ရတဲ့အတွက်-
"ကမ္ဘာ"ပေါ်မှာ"မည့်သည့်စေတီ"က "ပထမဆုံး"ပါလဲ။
(4)"စေတီ"တိုင်းမှာအများအားဖြင့်"ဆင်.တုတော်"တွေ
အများကြီးတွေ့ရ ပါတယ်။
"စေတီ"တည် တဲ့အခါ "အဓိက"လိုအပ်ချက်ကဘာပါလဲ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၁ ) ( ၂ ) ( ၃ ) ( ၄ ) အတွက်
အ ဖြေ ပါ။"
"မြတ်စွာဘုရား"သက်ရှိထင်ရှားရှိစဉ်အခါတုန်းက "ဘုရားရှင်ကို ကြည်ညိုတဲ့သူ"တွေ "မြတ်စွာဘုရား"ကို ပူဇော်ဘို့ လှူဒါန်းဖို့
အခါအားလျှော်စွာ "မြတ်စွာဘုရား"ထံလာကြပါတယ်။
"မြတ်စွာဘုရား" ကျောင်းတော် မှာ ရှိနေစဉ်အချိန်မှာတော့
"မြတ်စွာဘုရား"ကို လှူကြတာပေါ့။
" မြတ်စွာဘုရား" မရှိတဲ့အခါ "ပါလာတဲ့ပစ္စည်း"ဘယ်ကို လှူဒါန်းခဲ့ရ
မှန်းမသိတော့ဘူး။
"မြတ်စွာ ဘုရား"ကို လှူဒါန်းဖို့ စိတ်ကူးနဲ့ လာကြတာကိုး။
ဒီတော့
ကျောင်းဒကာ -"အနာထပိဏ်သူဋ္ဌေး"က -
"ဘုရား ထံ လှူဒါန်းဘို့ လာတဲ့သူတွေ
"ဘုရားရှင်" မရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင်
သင့်လျှော်တဲ့နေ ရာ"-စီစဉ်ဖို့ "အရှင်အာနန္ဒာ"ကို
လျှောက်ထားပါတယ်။
"အရှင်အာနန္ဒာ"ကလည်း ဒီ ကိစ္စ ကို "မြတ်စွာဘုရား" နဲ့တွေ့တော့
လျှောက် ထားပါတယ်။
"မြတ်စွာဘုရား"က -
"လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုး"ကို ပြောပြခဲ့ပါတယ်။
၁။ "ဓာတ်တော်,မွေတော်"အပါအ၀င် "မြတ်စွာဘုရား"ရဲ့ ခန္ဓာကိုယ်။
၂။ "မြတ်စွာဘုရား"ရဲ့ အသုံး အဆောင်များ။
၃။" မြတ်စွာဘုရား"ကို အာရုံယူဘို့ "မြတ်စွာဘုရား"ကို ရည်ညွှန်းထားသော
-ရုပ်တု၊
-စေတီ ကိုလှူဒါန်း ပူဇော်သင့်ကြောင်း" မိန့်ခဲ့ပါတယ် ။
တစ်ဖန်
"အရှင်အာနန္ဒာ"က-
"မြတ်စွာဘုရား"သက်ရှိထင်ရှားရှိတုန်း "စေတီ,ပုထိုး"တည်ထား
ကိုးကွယ်ရရင် အဆင်ပြေနိုင်မလား"လို့ - ဆက်လျှောက်တဲ့အခါ-
"ဘုရားရှင်"က-
"စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ,
ဓာတ်တော်-တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း"-။
သူ့ကိုယ်စား "ကိုးကွယ်ဆည်းကပ်"ဖို့အတွက်
"စေတီ ၄ မျိုး"-ကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။
( ၁ ) "ဓာတုစေတီ"
"ဗုဒ္ဓ"ရဲ့ "ရုပ်ကလပ်တော်"ကို မီးသဂြိုဟ်တဲ့အခါ ကျန်ရစ်တဲ့"
ဓါတ်တော်များ"ကို "ဘုရားရှင်"ကိုယ်စားကိုးကွယ်နိုင်တယ်။
( ၂ ) "ဓမၼေစတီ"
"ဗုဒ္ဓမြတ်စွာ"( ၄၅)နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
-"ပိဋကတ်သုံးပုံ၊
-မဂ် လေးတန်၊
-ဖိုလ် လေးတန်နဲ့
-နိဗ္ဗာန်တရား"တို့ကို
"ဘုရားရှင်"ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
( ၃ ) "ဥဒ္ဒိဿ စေတီ"
သက်တော်ထင်ရှား "မြတ်စွာဘုရား"ကို ရည်မှန်းပြီး ရေးသားတဲ့
-"ပုံတော်၊ပန်းချီကားချပ်"တွေ၊
-"သစ်သား,ဆင်စွယ်"စသည်တို့ကို ထုလုပ်ထားတဲ့ "ဆင်းတု"တွေ၊
-"အုတ်၊ သဲ၊ အင်္ဂတေ" စသည်တို့ဖြင့် တည်ဆောက်ထားတဲ့
"စေတီ,ပုထိုး"တွေ၊
ဒီအရာတွေအားလုံးကို "ဘုရားရှင်ကိုယ်စား"- ရှိခိုးပူဇော်နိုင်တယ်။
( ၃ ) "ပရိဘောဂစေတီ"
"မဟာဗောဓိပင်"အပါအ၀င် "ဘုရားရှင်"အသုံးပြုတော်မူခဲ့တဲ့
-"သပိတ်၊"
-"သင်္ကန်း"၊
-"တောင်ဝှေး"-စသည်ိတို့ ကို လည်း "ဘုရားရှင်"ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့
"ဗုဒ္ဓဘာသာ၀င်များ"က "မြတ်ဗုဒ္ဓရဲ့"
-"ပုံတော်ပန်းချီကား"တွေ၊
-"ဆင်းတု"တွေကို ရှိခိုးပူဇော်တာဟာ "ဥဒ္ဒိဿ စေတီ"အဖြစ်
ရည်မှန်းပြီး "ရှိခိုးပူဇော်ခြင်း"ဖြစ်တယ်။
-"ပန်းချီကား အနေနဲ့
-"ရုပ်ထု၊ဆင်းတုတော်များ"အနေနဲ့
ရှိခိုးပူဇော်နေတာ မဟုတ်ပါဘူး။။
"ဘုရားရှင်"က -
-"ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ
"ရုပ်"ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊
-"စေတီပုထိုးတော်တွေ ကို ပူဇော်တာဟာ
"စိတ်ရဲ့အလုပ်"ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။
"စေတီ,ပုထိုး"ကို ကြည့်၊
"ဘုရားအစစ်"(သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့"ဆုံးမသြ၀ါဒ"တွေကို "စိတ်နဲ့အာရုံပြု"ပြီး "ပူဇော်ရမှာ"- လို့ နားလည်ထားရမှာပါ။
တစ်နည်းအားဖြင့်-
"ပုံ"နောက်က "ဂုဏ်"ကို "စိတ်အာရုံ"ရောက်အောင်ပြု၊
ပူဇော်ရတာဖြစ်ပါတယ်။
"စေတီ,ပုထိုး"မတည်သေး ပဲနဲ့ သူ"တရားအားထုတ်" ခဲ့တဲ့ "ဗောဓိညောင်ပင်"ကို စိုက်ပျိုးပြီး
-သူမရှိတဲ့အခါ
-သူခရီးထွက်နေ သခိုက်
သူ့ကိုယ်စား "ဗောဓိညောင်ပင်"ကို ပူဇော်ဖို့
"မြတ်စွာဘုရား"က "အရှင်အာနန္ဒာ"ကို အကြံပြုပါတယ်။
ဒီနောက်
"အရှင်အာနန္ဒာ" ဟာ -
"အရှင်မဟာမောဂ္ဂလာန်"အကူအညီနဲ့ "ဗုဒ္ဓဂယာ" က "ဗောဓိညောင် မျိုးစေ့"ကိုယူပြီး "ဇေတ၀န်ကျောင်း"နဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။
အဲ့ဒီ"ဗောဓိညောင်ပင်"ကို
"အာနန္ဒဗောဓိပင်"-လို့ အမည်တွင်စေခဲ့ပါတယ်။
"ပထမဆုံး စေတီတော်"ကတော့-
"ဘုရားရှင်"ကို "ပထမဆုံး ဖူးမြော်ကြည်ညိုခွင့်ရသူ "
"ဥက္ကလာပတိုင်းသား"ကုန်သည်ညီနောင်-
"တဖုဿ " နှင့် "ပလ္လိကာ"က-
"ဘုရားရှင်"ထံမှပင့်ဆောင်လာသော "ဆံတော်များ"ကို
"ဥက္ကလာကမင်းကြီး"ထံ ဆက်သရာမှ ဖြစ်ပေါ်လာသော -
လက်ရှိအားလုံး ဖူးမြော်နေရပါသော "နှစ်ပေါင်း (၂၆၀၀) နီးပါးသက်တမ်းရှိ -
"ရွှေတိဂုံ စေတီတော်မြတ်ကြီး"ပါပဲ။
━━━━━━━━━━━━━━━━━━━━━
(5)"ဗုဒ္ဓဘာသာ"ရဲ့ကိုးကွယ်မှုဖြစ်တဲ့
"ရတနာသုံးပါး"ဆိုတာကို "ဗုဒ္ဓ" က ချ မှတ်ပေး ထားခဲ့ခြင်း လား။
(6) "ဗုဒ္ဓဘာသာ"ရဲ့"ပညတ်ချက်"တွေကဘာပါလဲ။
(7)"ရတနာသုံးပါး"အပြင်-
"မိဘ, ဆရာ" အစရှိတာတွေက -
"ဘုရားနဲ့တစ်ဂိုဏ်းတည်းသတ်မှတ်ထားတာ"ဆိုရင် -
"သံဃာ"နဲ "့မိခင်"-ဘယ်သူက ပိုမြတ်ပါသလဲ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၅ ) ( ၆ ) ( ၇ ) အတွက်
အ ဖြေ ပါ။"
"ရတနာသုံးပါး"ကိုသိမြင်ဖို့ "မြတ်ဗုဒ္ဓ"က-
"လမ်းပြ"ခဲ့တာပါ။ "ချမှတ်"ခဲ့တာ မရှိပါ။
"ရတနာသုံးပါး"အပြင်-
"မိဘ,ဆရာသမား"ကိုလဲ "တစ်ဂိုဏ်း"ထဲထား ရိုသေသင့်တယ်"-လို့သွန်သင်ဆုံးမခဲ့ပါတယ်။
-"သံဃာ" ရယ် , "မိခင်"ရယ် မဟုတ်ပါဘူး။
"စော်ကား"မိရင် "တူညီတဲ့ -ငရဲ"ရမှာဖြစ်ပါတယ်။
("တစ်ဂိုဏ်း" လို့ ရေးထားပြီးပါပြီ။
"ဘယ်ဟာပိုကြီးလဲ" ဆိုတာ ကတော့
မေးခွန်း မမေးတတ်ရာကျပါတယ်။)
"မြတ်စွာဘုရား"က "လူတစ်ယောက်"ဟာ-
-အောက်တန်းစားလား?
-အထက်တန်းစားလား?
-မြင့်မြတ်သူလား?
-အောက်တန်းကျသူလား?ဆိုတာ
-သူရဲ့အလုပ်နဲ့
-သူ့ရဲ့ကိုယ့်ကျင့်တရားနဲ့ပဲ တိုင်းတာရမယ်။
တခြားနည်းနဲ့ မတိုင်းတာရဘူး"လို့ ဒီလိုဟောတာ
ကို ဗဟုသုတ အနေနဲ့ ဆက်လက်တင်ပြပါမယ်။
"လောကကြီး"က -တစ်ခြားနည်း တွေနဲ့ပဲ
တိုင်းတာနေတယ်။
" မြတ်စွာဘုရား"-ကမဟုတ်ဘူး၊
"တပနေ၊ ဗွဟ်မစရိယနေ သံမယနေ ဓမ်မနေစ"
အဲဒါမှ
"ဘ၀ မှာမြင့်မြတ်ခြင်း အကြောင်းတရား"။
ကိုယ့်ဘ၀မှာ လူတွေက
-ဘယ်လောက်ပဲ နိမ့်ကျတယ်လို့ထင်ထင်
-ဘယ်လောက်ပဲ အောက်တန်းစားလို့ထင်နေနေ
"တပ"လို့ဆိုတဲ့ "အက်င့္တရား"၊
"ဗြဟ္မစရိယ"လို့ဆိုတဲ့ "အကျင့်တရား"၊
"သံမယ"လို့ဆိုတဲ့ "စောင့်စည်းမူ"၊
"ဓမ္မ"လို့ဆိုတဲ့ -"မိမိကိုယ်ကိုဆုံးမနိုင်တဲ့
အသိဉာဏ်"
အဲဒီ"အချက်လေးချက်"နှင့် ပြည့်စုံပြီ
ဆိုရင်တော့" မြင့်မြတ်သူ"လို့ ဒီလိုသတ်မှတ်တယ်။
လောက လူ တွေက
-ဘယ်လောက်အောက်တန်းစားလို့ထင်ထင်
တကယ့်"ပညာရှင်"တွေက "မြင့်မြတ်သူ"လို့ သတ်မှတ်တယ်။
"တပ"ဆိုတာ -"ဣၿႏၵိယ သံ၀ရ"
"မျက်စိ"ကမြင်ပြီးတော့ -
"လောဘ"မဖြစ်အောင် ,"ဒေါသ"မဖြစ်အောင် ထိန်းနိုင်သူ၊
"နား"နဲ့ကြားပြီးတော့ -
"လောဘ"မဖြစ်အောင် ,"ဒေါသ"မဖြစ်အောင်ထိန်းနိုင်သူ၊
-"နှာခေါင်း"ကနမ်းရှူပြီးတော့
-"လျှာ"ကအရသာခံပြီး
-"ခန္ဓာကိုယ်"ကထိတွေ့ပြီး
-"စိတ်ကူးကြံစည်" ပြီး ဖြစ်လာမယ့်
လောဘ ဒေါသတွေ မဖြစ်ရအောင်ထိန်းကျောင်းနိုင်တဲ့ "ဣနြ္ဒိယ သံ၀ရ၊ ဒွါရ(၆)ပါး"ကို ထိန်းနိုင်သူ။
လောကမှာ , "အောက်တန်းကျတဲ့ အခြေအနေ"ကနေ"မြင့်မြတ်တဲ့ဘ၀"ကို ကူးပြောင်းသွားနိုင်တဲ့ "ပုဂ္ဂိုလ်"ဟာ -
"ဘာတွေနဲ့ကူးပြောင်းသွားသလဲ?"
မေးလို့ရှိရင် "သီလ၊ သမာဓိ၊ ပညာ" ဆိုတဲ့ "သိက္ခာတရားသုံးပါး"ပဲ။
" မြတ်သောအကျင့်"လို့ဆိုတဲ့ -
"သီလ၊ သမာဓိ၊ ပညာ"ဆိုတဲ့
"သိက္ခာအကျင့်သုံးရပ်"ဟာ လူရဲ့အဆင့်အတန်းကို မြင့်မား စေတာအမှန်အကန်ပဲ၊
က်န္တဲ့
"ဥစ္စာဂုဏ် , ဓနဂုဏ် , မျိုးရိုးဂုဏ်"ဆိုတာတွေက
လောကလူတွေလောက်သာတန်ဖိုးထားတာ
"အရိယာသူတော်စင်"တွေအနေနဲ့ တန်ဖိုးမထားဘူး။
ပြီးတော့ -
"ဘုရား ရှင်"က "ဝိနယ"လို့ခေါ်တဲ့ "ဝိနည်း"တွေကိုသာ "ပညတ်"ခဲ့ပါတယ်။
ကျန်တာတွေ တော့
"လောကရဲ့ သစ္စာတရား"တွေကို ညွှန်ပြခဲ့တာပါ။
"ဝိနည်း ပညတ်ချက်"တွေကို
အောက်ဖော်ပြပါ Link မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
http://moenatvilla.blogspot.com/2013/09/blog-post_8.html
━━━━━━━━━━━━━━━━━━━━━
(8)(က)"ဗုဒ္ဓဘုရားရှင်"ယခုရှိပါသေးလား။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၈ ) [က]အတွက်
အ ဖြေ ပါ။"
တစ်ခြားသော ဘာသာတွေ ကိုးကွယ်တဲ့
"ဘုရားသခင်"ဆိုတာ-
-အခုထိ "ကောင်းကင်ဘုံနန်း"မှာ ရှိနေတယ်။
ပြီးတော့
သူတို့"ဘုရားသခင်"က ကိုးကွယ်,ဆည်းကပ် လာသူတိုင်းကို "ရှိသမျှ အပြစ်"တွေလည်း ဆေးကြော ဖယ်ရှားပေးမယ်။
"ဆင်းရဲဒုက္ခ"တွေ ကင်းဝေးစေမယ်။
ချမ်းသာသုခ တွေနဲ့ ပြည့်စုံအောင်လည်း
အစစ တာ၀န်ယူတယ်”-ဆိုတဲ့
အာမခံချက် အပြည့်ရှိကြောင်းတွေကို
ရွှန်းရွှန်းဝေအောင် ပြောပြတတ်ကြပါတယ်။
ပြီးတော့ -
“မင်းတို့ ကိုးကွယ်တဲ့ "ဗုဒ္ဓဘာသာ ဘုရား"ဆိုတာ "လူကဖြစ်လာတဲ့ဘုရား"ဖြစ်လို့ "လူတွေလိုပဲ သေ"သွားခဲ့ပြီ။
အခု မရှိတော့ဘူး။
အဲဒီတော့ မင်းတို့ဟာ
-မရှိတဲ့ ဘုရားကို ကိုးကွယ်နေကြသူတွေ ဖြစ်မနေဘူးလား?။
တို့ "ဘုရားသခင်"က -
တို့အတွက် လုံး၀ အပြည့်အစုံ တာ၀န် ယူပြီး အာမခံချက် ပေးသလို
မင်းတို့ "ဘုရားသခင်"ကကော မင်းတို့အတွက် ဘယ်လို တာ၀န်ယူသလဲ၊
ဘာတွေ အာမခံချက် ပေးသလဲ?။"
-ဆိုတဲ့ မေးခွန်းမျိုး တွေ မေးလာလေ့ရှိပါတယ်။
လက်ရှိ "ကိုးကွယ်"နေကြတဲ့ "ဘာသာတရား တွေကို
ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီး ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်"တွေ
အားလုံးထဲမှာ-
-ဘယ် ခေတ်က၊
-ဘယ် အရပ်မှာ၊
-ဘယ် မိ ဘယ် ဖ-က ဖွားမြင်တယ်။
-ငယ်နာမည် က ဘယ်လိုခေါ်တယ်။
-ဘယ်အရွယ်မှာ "ဘုရား"ဖြစ်တယ်။
-ဘယ်လို"တရား"တွေကို
ဘယ် အရပ် ,ဘယ် ဒေသ မှာ
-ဘယ် ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး ဟောခဲ့တယ်” စတဲ့
-သေချာရေရာတဲ့ မှတ်တမ်း မှတ်ရာ
-သမိုင်း အထောက်အထား ခိုင်ခိုင်လုံလုံ ရှိတာ"ဆိုလို့ -
"ဗုဒ္ဓဘာသာ၀င်"တွေ ကိုးကွယ်နေတဲ့ “ဂေါတမမြတ်စွာဘုရား”
တစ်ဆူတည်းသာ ရှိတယ်"ဆိုတာ-
ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်
နေတဲ့ "ကမ္ဘာ့ပညာရှင်"တွေ အားလုံးကလည်း အလေးထား သိမှတ်ထားကြတာ အားလုံးအသိပါ။
"ဗုဒ္ဓဘုရား" ပွင့်တော်မူခဲ့တဲ့ "မဇ္ဈိမဒေသ"(အိန္ဒိယ၊ နီပေါနိုင်ငံတွေ) မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်
ထောင်ကျော်က "အသောကမင်းကြီး" ရေးထိုးစိုက်ထူခဲ့တဲ့
ဒီ"မှတ်တမ်း ကျောက်စာ"တွေ၊ "ကျောက်တိုင်ကြီး"တွေကို "ကမ္ဘာ့ပညာရှင်"တွေ အားလုံတို့ကလည်း အလေးထား အသိအမှတ်ပြုကြတယ်ဆိုတာ အားလုံးသိကြမှာပါ။
ဒါကြောင့် "ဗုဒ္ဓဘာသာ"ဆိုတာ-
"ကမ္ဘာ"မှာ
-အေရရာဆုံး၊
-အခိုင်မာဆုံး၊
-အထောက်အထားပြနိုင်တဲ့ "ဘာသာတရား"ဖြစ်တယ်ဆိုတာ
"ဘယ်ပညာရှင်ကမှ မငြင်းဆန်"ပါဘူး။
နောက်တစ်ချက်က-
“ဗုဒ္ဓ ဘုရားရှင် ယခုရှိပါသေးသလား?” ဆိုတဲ့ကိစ္စပါ။
"ဂေါတမ မြတ်စွာဘုရားရှင်"ဟာ (၄၅) ဝါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလည်း မရပ်မနားလို့ ဆိုရလောက်အောင် ဟောတော်မူခဲ့တာပါ။
သက်တော် (၈၀) အရွယ်၊ ဝါတော် (၄၅) ဝါ ပြည့်ပြီးချိန်မှာ
"ပရိနိဗ္ဗာန်စံ"သွားပါတယ်။
"ပရိနိဗ္ဗာန်"စံ၀င်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့
"အရှင်အာနန္ဒာမထေရ်"ကို-"ဘုရားရှင်"မိန့်ကြားခဲ့တဲ့စကား
ရှိပါတယ်။
“ ငါ ဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊
ခန္ဓာရုပ်ဒြပ်ကြီး ကွယ်ပျောက်သွားပြီဆိုတာနဲ့
-ကိုးကွယ်ရာမဲ့သွားပြီ၊
-ဘုရားမရှိတော့ဘူး"လို့
မမှတ်ယူပါနှင့်။
ငါ ဘုရားရှင်(၄၅) ဝါပတ်လုံး ဟောကြားခဲ့တဲ့ တရားပုဒ်စု (ဓမ္မက္ခန္ဓာ) ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ။
ဒီ တရားပုဒ်စုတွေ ထင်ရှားရှိနေသမျှ
-ငါဘုရား ထင်ရှားရှိနေတယ်လို့ ခံယူကြပါ ” ဆိုတဲ့
"မှာတမ်းစကား"ပါ။
ဒါကြောင့်
“ မြတ်စွာဘုရား အခု ဘယ်မှာရှိသလဲ?” ဆိုရင်
"ဓမ္မက္ခန္ဓာ တရားတော်"တွေရှိတဲ့နေရာမှာ ရှိတယ်"လို့ ပြောရမှာပါ။
ဒါကို ကြည့်လိုက်ရင် "ဗုဒ္ဓဘာသာ၀င်များ"ဟာ "မရှိတော့တဲ့ ဘုရား
ကို ကိုးကွယ်နေကြသူ"တွေ မဟုတ်ဘူး။
ထင်ရှားတဲ့ "မြတ်ဗုဒ္ဓရဲ့ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံး ပူဇော်နေကြသူ"တွေ ဖြစ်တယ်ဆိုတာကို
အထူးသိမှတ်သင့်ပါတယ်။
ထပ်ပြီး သတိ ပေးလိုတာကတော့
“ ဗုဒ္ဓဘာသာ-ဆိုတာ
-ကိုးကွယ်,ပသရေး "ဘာသာတရား" မဟုတ်ဘူး၊
-လိုက်နာ,ကျင့်သုံး,ပူဇော်ရေး ဘာသာတရား"သာ ဖြစ်တယ် ” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━━
(8)(ခ)"အစ္စလာမ်ရော, ခရစ်ယာန်တွေ"ပါ ဆုတောင်းမှုပြုရင်"ဖန်ဆင်းရှင်"ဆီမှာသာတောင်း ခံကြပါတယ်။
"ဗုဒ္ဓဘာသာ"မှာ-
"ဘယ်သူ့ဆီကဆုတောင်း"နေကြတာပါလဲ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၈ )[ခ] အတွက်
အ ဖြေ ပါ။"
ဘုရားရှင်ကိုယ်တော်မြတ်ကြီး က
"အတ္တာဟိ အတ္တနော နာတော"
"မိမိကိုယ် ကိုသာ ကိုးကွယ် ရာ၏"-လို့ဆိုခဲ့ တဲ့အတွက် "ဗုဒ္ဓဘာသာ၀င်"တွေ က "ဆုတောင်း"တာမဟုတ်ပါ။
သူတို့ပြုခဲ့တဲ့ "ကုသိုလ်"အားလုံးကို တိုင်တည်ပြီး "ဘယ်အကျိုး ကိုစွမ်းဆောင်နိုင်တဲ့ အားအင်ရချင်ပါတယ်"-လို့ တိုင်တည် ဆုပန်တာပါ။
"အတ္တာဟိ အတ္တနော နာထော"
"မိမိကိုယ်သာ ကိုးကွယ်ရာ"
ဒါက
"အားပေးစကား အဆင့်" ပဲ။
"ကိုယ့်ကိုယ်ကိုယ် ဘယ်လို အားကိုး၊
ဘယ်လို ရပ်တည်ရမှာလဲ?"
မပါသေးဘူး၊ မပြီးသေးဘူးပေါ့။
"လုပ်ငန်းစဉ်အဆင့်" က "တတိယပါဒ"မှာပါ။
"အတ်တနာဟိ သုဒန်တနေ"
"မိမိကိုယ်ကိုယ် ကောင်းကောင်းဆုံးမ/လေ့ကျင့်/
ပြုစုပျိုးထောင်ပေးခြင်းအားဖြင့်" တဲ့။
ပေါ့တော့တော့နဲ့ မရဘူး။
"သုဒန္တ"မပါရင် "နာထ" မဖြစ်နိုင်ပါဘူး။
ခေတ်စကားနဲ့ဆိုရင်-
"ဒါကို မင်း လုပ်နိုင်ပါတယ်"
("ဗုဒ္ဓ")
"ဒါပေမဲ့ ဒီနည်းလမ်းအတိုင်းတော့ လိုက်နာမှ"
(ဒါလည်း "ဗုဒ္ဓ"ပါပဲ)
"ဆုတောင်းခြင်း"ဆိုတာ
"မိမိ လိုအပ်သောအကျိုး"ကို
-စိတ်ဖြင့်မှန်းဆ၍ဖြစ်စေ
-နှုတ်ဖြင့်တမ်းတ၍ဖြစ်စေ
"တောင်းဆိုခြင်း"ကို ခေါ်တာပါ။
"ပါဠိဘာသာ"လို
"ပတ္တနာ ယာစနာ" စသဖြင့်ခေါ်ပါတယ်။
အဘိဓမ္မာ တရားကိုယ်
သဘောအားဖြင့် "ဆန္ဒစေတသိတ်"ပါ။
လူတစ်ယောက် ဟာ "တရားငါးမျိုး"
("သဒ္ဓါ,သီလ,သုတ, စာဂ,ပညာ"တရား ငါးမျိ ုး)
ရှိပေမယ့်-
"ဆုတောင်းခြင်း-မရှိ ဘူး" ဆိုရင်-
"ကောင်းကင်သို့ ပစ်လွှတ်သော လှံ" သည်
"အရင်း,အဖျား,အလယ်"အားဖြင့် ကျချင်ရာကျနိုင် လို့ အကျိုးရမှု
မသေချာ။
"ဆု"ကိုသာတောင်း၍ "တရားငါးမျိုး"မရှိလျှင်လည်း
အကျိုးရရှိမှု့မသေခြာ။
"တရားငါးမျိုး"လည်းရှိ၍
"ဆု"လည်းတောင်းသူ"အား
သေချာပေါက် "အကျိုး"ရနိုင်ပါတယ်။
"ဆုတောင်း"လိုက်ရင်
"တောင်းသောဆုကိုပေးမယ့်သူ"မှာ အခြားသူမဟုတ်။
"မိမိပြု သော ကံ"သာလျှင် ဖြစ်လို့
-"ဆု"ကိုလည်း "တောင်း"
-"ကောင်းမှု ကုသိုလ်"ကိုလည်းပြုရပါတယ်။
━━━━━━━━━━━━━━━━━━━━━
(9)"ဗုဒ္ဒဘာသာ"ကို၀င်ချင်လို "့နိုင်ငံခြားသားတစ်ယောက်"က "ဗုဒ္ဓ"ကို ဘယ်လိုသုံးနှုန်းမလဲ။
ကျွန်တော်မေးချင်တာက
"မြန်မာ"မှာဆို"ဘုရား လို့သုံးတယ်။
"ထိုင်း"မှာဆိုလည်း-
"ဖကျောင်း"ဆိုပြီးသုံးနှုန်း ပါတယ်။
အဲဒီမှာ-
"အာရှ"ကမဟုတ်တဲ့ "အမေရိကန်တစ်ယောက်"
က "ဘုရား ရှိခိုးမယ်"ဆိုရင်-"ဘုရား"ဆို တဲ့နေရာမှာ ဘယ်လိုအသုံး အနှုန်းကိုသုံးလို့ရနိုင်မလဲ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၉ ) အတွက်
အ ဖြေ ပါ။"
"ဗုဒ္ဓ"ကို တစ်ကမ္ဘာလုံး "BUDDHA "လို့သုံးပါတယ်။
"ဗုဒ္ဓ" ဆိုတာ-"သိသောသူ" လို့ အဓိပ္ပါယ်ရပါတယ်။
"ဘယ်လိုသိတာလဲ"-
-ကိုယ်တိုင်သိတာ။
"ဘာကိုသိတာလဲ"
"အမှန်တရား ကိုသိတာ"။
"အမှန်တရား က ဘာလဲ"
-"လောကကြီးထဲမှာ ရှိတဲ့အရာအားလုံးရဲ့
သဘောသဘာ၀ အစစ်အမှန် ကိုသိတာ"။
"ဘယ်လို သဘောလဲ"
(၁) မမြဲခြင်း သဘော
(၂) ဆင်းရဲခြင်းသဘော
(၃) မစိုးပိုင်ခြင်းသဘော။
အဲဒီ သစ္စာလေးပါး တရား တွေကို
"ဘုရား"ကကိုယ်တိုင်သိခဲ့တာ ,"ကိုယ်ပိုင်ဥာဏ်"နဲ့ သိခဲ့တာ။
အဲဒါကြောင့် "ဗုဒ္ဓ"လို့ အမည်ရခဲ့တာ။
"ဗုဒ္ဓ"ဆိုတာ "ဗုဒ္ဓဘာသာရဲ့ မြတ်စွာဘုရား" တစ်ဆူပါပဲ။
"လောကကြီးကို ဘယ်သူမှ မပိုင်စိုးဘူး၊ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်စိုးဘူး"လို့ ကြွေးကြော်ခဲ့တဲ့ "မြတ်စွာဘုရား"ပါ။
ဘာလို့ "ဗုဒ္ဓ"ကို "ဘုရား"လို့ခေါ်ရတာလဲဆိုရင်
"ဘုရား"ဆိုတဲ့ အရေးသားနဲ့ပတ်သက်လို့ ရှေးအကျဆုံးအဖြစ်
“ပုရဟာ”လို့ တွေ့ရပါတယ်။
(ပုနှင့် ရကောက်အပေါ် ဟ-အက္ခရာ က အောက်မှာ ဆင့်နေတာပါ) ပုဂံခေတ်ထိုး “ညောင်ရမ်းကြီးသမီးကျောက်စာ”ကို ကြည့်ပါ။
"ပူဇာရဟ"ဆိုတဲ့ စကားကို မြန်မာမှုအဖြစ် အသွင်ပြောင်း
ယူထားခြင်းသာ ဖြစ်ပါတယ်။
"ပူဇာရဟ"ဆိုတာ ပူဇော်အထူးကို ခံတော်မူထိုက်သူလို့ အဓိပ္ပာယ်ရပါတယ်။
ဒါကြောင့် “ဘုရား”ဆိုတဲ့ မြန်မာစကားဟာ "ပူဇော်အထူးကို ခံတော်မူထိုက်သူ"-ဆိုတဲ့ အဓိပ္ပာယ်ကိုသာ အခြေခံပါတယ်။
"ဗုဒ္ဓ"ကို "မြန်မာ"တွေက "ဘုရား"လို့ ခေါ်တာက "ဆရာ" ဖြစ်လို့ပါပဲ။
"ဘုရား"ဆိုတာ "သက္ကတ စာပေ"က ဆင်းသက်ခဲ့တဲ့ စကားလုံးပါ
"ပုရ်သျှာ"လို့ ရေးပါတယ်။
နောက်ပိုင်းမှာ "ပုဂံခေတ်"အထိ "ပုသျှာ" လို့ အသုံး ရှိခဲ့ပါတယ်။
-"အရှင်သခင်"တွေ ,"ဆရာသမား"တွေကို ခေါ်ဝေါ် တဲ့ "ဝေါဟာရ တစ်ခု" ဖြစ်ပါတယ်။
ပုဂံခေတ် ကျောက်စာတွေ မှာတွေ့ရနိုင်ပါတယ်
"ပုဂံခေတ်"ကနေ နောက်ပိုင်း
"ပုသျွာ"ကို "ပုရွာ"
"ပုရှာ" ကနေ-"ဖုရှာ"
-"ဖုရှာ" ကနေ-"ဖုရာ"
-"ဖုရာ"ကနေ "ဖုရား"
-"ဖုရား"ကနေ "ဘုရား"။
အားလုံး ကို "မြန်မာ အဓိပ္ပါယ်"ဖွင့်ဆိုရင် "ဆရာ သခင် ကျေးဇူးရှင်"-လို့ ရပါတယ်။
"မြတ်စွာဘုရားရှင်"ကိုယ်တိုင်က
-"မိမိကိုယ်ကို ဖန်ဆင်းရှင်"ဟု မဟောခဲ့သလို၊
-လူသားတစ်ဦးအား အပြစ်ပေးခြင်း၊
- ဒဏ်ခတ်ခြင်းလည်း မလုပ်ခဲ့ပါဘူး။
-ဖန်ဆင်းရှင်မဟုတ်ခဲ့သလို ကယ်တင်ရှင်လည်း မဟုတ်ခဲ့ပါဘူး။
ဆိုလိုတာက
"မြတ်စွာဘုရားရှင်"က သူကိုယ်တိုင်ပင်
-"အနိစ္စသဘော" (မမြဲတဲ့သဘော) ၊
-"ဒုက္ခ"(ဆင်းရဲတဲ့သဘော)၊
-"အနတ္တ"( ကိုယ်ဖြစ်ချင်သလို ကိုယ်လိုချင်သလို) "အစိုးမရတဲ့သဘော"ကို မလွန်ဆန်နိုင်တဲ့အတွက် -ဘယ်သူ့ကိုမှ ဖန်ဆင်းတာမျိုးမလုပ်ခဲ့သလို
-ကယ်တင်တာမျိုးလည်းမလုပ်ခဲ့ပါ။
"လမ်းညွှန်ပေးတော်ခဲ့တဲ့ ဆရာတစ်ဆူ"ပင်ဖြစ်ပါတယ်။
"ဘယ်လိုလမ်းညွှန်ခဲ့သလဲ"လို့ရင်၊
"ဆင်းရဲခြင်း"ရဲ့ဆန်ကျင်ဘက်က "ချမ်းသာခြင်း"၊
အိုခြင်း= မအိုခြင်း၊
သေခြင်း= မသေခြင်း
-အဲဒီတရားတွေအပေါ် ဆင်ခြင်သုံးသပ်ပြီးတော့
"သေခြင်းတရား"ရှိသလို "မသေခြင်းတရား"(တနည်း) "အသေလွတ်တဲ့တရား"ရှိတယ်။
ဒီ"တရား"ကိုအားထုတ်ရင် "အသေလွတ်"မယ်။
"အသေလွတ်တယ်"ဆိုတာ -
"(နိဗ္ဗာန်)ကို မျက်မှောက်ပြုတာ"လို့ အကျဉ်းချုပ်မှတ်လိုက မှတ်နိုင်ပါတယ်။
ဒါန=ပေးကမ်းခြင်း၊
သီလ= ကိုယ်၊နှုတ်၊စိတ်တို့ကိုထိန်းချုပ်ခြင်း၊ ဘာဝနာ- (ဝိပဿ နာ)=အကြောင်း အကျိုး ဖြစ်-ပျက်သဘောတရားတို့ကို ထိုးထိုးထွင်းထွင်းဆင်ခြင်သုံးသပ်ခြင်း-
ဆိုတဲ့"ကောင်းသော(ကုသိုလ်တရား)
ကျင့်ကြံအားထုတ်ရမည့်တရား"ဆိုပြီး,
"မကောင်းတဲ့ ရှောင်ကြဉ်ရမည့်(အကုသိုလ်)တရား"နှင့် "ကောင်းတဲ့ (ကျင့်ကြံရမည့်-ကုသိုလ်)တရားများ"ကို "လမ်းညွှန်ပေးတော်မူခဲ့တဲ့ဆရာတစ်ဆူ"ပင်ဖြစ်ပါတယ်။
-ကိုယ်တိုင်မဖန်ဆင်း၊
-သူများကိုလည်း မဖန်ဆင်းနိုင်ပါ။
-ကိုယ်တိုင်လည်းအပြစ်ပေးခြင်း၊
-သူတစ်ပါးကို အပြစ်ပေးခြင်း အာဏာလည်းမရှိခဲ့ပါ။
"ကိုယ်တိုင်ကျင့်မှ ကိုယ်တိုင်ခံစားရမယ်"-လို့ပဲ ဟောတော်မူခဲ့တာပါ။
"ထိုင်း"-မှာသုံးတာက "ဖရာ့ကျောက်"ပါ။
"ကျောက်"ဆိုတာက-"သခင်"၊ "ဦးထိပ်ပန်ဆင်သူ"လို့-အမည်ရပြီး -
"ဖရာ့"ကတော့ "ဘုရား"ပါ အတူတူပါပဲ။
━━━━━━━━━━━━━━━━━━━━━
(10)"ဘုရား"ဟောတာတွေက သိပ်ကောင်းနေပါ ရဲ့နဲ့ "ဗုဒ္ဓဘာသာ၀င်"တော်တော်များများက
ဘာလို့မကျင့်သုံးနိုင်ကြတာပါလဲ။
ဥပမာ..
"ခက်လို့လား" (ဒါမှမဟုတ်)"မလုပ်နိုင်လို့လား" ဆိုတာသိပါ ရစေ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၁၀ ) အတွက်
အ ဖြေ ပါ။"
နံပါတ် ( ၁၀ ) မြောက် မေးခွန်း အတွက် ကတော့ ဒါဟာ
"ဘာသာတိုင်း"မှာ ရှိတတ်တဲ့"သဘာ၀"ပါ။
"ဗုဒ္ဓဘာသာ၀င်"အများစု မကျင့်သုံးနိုင်ခဲ့ရင် "ဗုဒ္ဓသာသနာ"ဟာ-
"ကမ္ဘာ"မှာ-
-အနူးညံ့
-အသိမ်မွေ့ဆုံး သာသနာတော်-အဖြစ်
ယနေ့ အချိန်အထိ"လက်မ"ထောင် နေနိုင်တာပါ။
"ဗုဒ္ဓဘာသာ သာသနာတော်"ကြောင့်-
-စစ် ခင်းရတာ
-သွေး ချောင်းစီးရတာ...
ဘာသာရေး သမိုင်း တစ်လျှောက်မှာ မရှိခဲ့ဖူးပါ။
"ဗုဒ္ဓဘုရားရှင်"က ဟောခဲ့၍သာ -
"လောကကိုစောင့်ရှောက်နေသည့်တရား
ဟာ ဘယ်တရားလဲ?"လို့ မှန်မှန်ကန်ကန်သိရှိနေရပါတယ်။"ဗုဒ္ဓမြတ်စွာဘုရားရှင်"ရဲ့ကျေးဇူး"ပါ။
"လူ့လောကကို စောင့်ရှောက်နေသည့် တရား၊
ဗုဒ္ဓဘာသာ လောကကို ထိန်းသိမ်းပေးနေသည့်
တရား"ကား အခြားမဟုတ်ပါဘူး။
ိ"ဟီရိ တရား"နှင့်သြတ္တပ္ပ တရား"နှစ်ပါး ဖြစ်ပါတယ်။
"ဟီရိ"ဆိုတာ -"ရှက်တတ်မှု"
"သြတ္တပ္ပ"ဆိုတာ -"ကြောက်တတ်မှု"ပါ။
"ငါဟာ -ဗုဒ္ဓတရားတော်ကို ဆည်းကပ်ကိုးကွယ်
နေတဲ့ ဗုဒ္ဓဘာသာ၀င်တစ်ယောက်အနေနဲ့"မိစ္ဆာ
ဒိဋ္ဌိ"တစ်ယောက် ဖြစ်သွားမယ်ဆိုရင် ရှက်စရာ
ကြောက်စရာကြီးပါလား?"လို့-
"ရှက်တတ်ခြင်း"ကား-"ဟီရိ"။
"ဘယ်လူကြီး၏ သားသမီးသည် ဘိုးသွား
မိဘအစဉ်အဆက် ဗုဒ္ဓဘာသာဖြစ်ပါလျက်အခု
မှ ဘာသာပျက်ပြီး မိဘကို ခြေကန်သွားပြီ ဆို
လျှင် ငါတို့မိဘတွေဟာ သမီးအတွက်ရှက်စရာ
ကြီးပါကလား"ဟု ရှက်တတ်လာတာ "ဟီရိ"။
ဒီလိုအရှက်မရှိပါက -"လောကပါလ"- "လောကစောင့်တရား"ပျက်ပါတယ်။
"ငါဟာ ဗုဒ္ဓဘာသာ ပျက်က သံသရာမှာနစ်မွှန်း
တော့မယ်။ အပါယ်လေးပါး ကျတော့မယ်။
ယခု လက်ငင်းမှာလည်း ငါ့ကိုဝိုင်းပြီး ငါ့ကို
မေးငေါ့ ကြတော့မယ်။ ဖွင့်ဟ မပြောပေမယ့်
လည်း လူတကာကအထင်သေးတော့မယ်"-လို့-
"ပတ်၀န်းကျင်"ကို "ကြောက်ရွံ့စိုးရိမ်"တာ
"သွတ်တပ်ပ"။
"အရှက်,အကြောက် ရှိသော ဗုဒ္ဓဘာသာ"တို့မှုကား
"ခြင်္သေ့သည်ငတ်ပေမယ့် မြက်ကိုမစားဘူး"ဆို
သကဲ့သို့ ဘယ်လိုနည်းနဲ့မျှ "ဗုဒ္ဓဘာသာ"ကို
အပျက်မခံကြ။
ဤကား "ဟီရီ သွတ်တပ်ပ လော
ကပါလတရား"ကပြသော "တရား"ပါ။
တကယ်တော့-
"ဗုဒ္ဓဘာသာ၀င်"တစ်ယောက်
ဖြစ်ဖို့ရာ အလွန်ခဲယဉ်းလှပါတယ်။
"ဗုဒ္ဓဘာသာ ၀င်"တစ်ယောက်၏"တန်ဖိုး"သည်
အလွန်ကြီးမားလှပါတယ်။
လူတို့သည် အပြင်ဘက်က ထူးတာဆန်းတာ
တွေကို လိုက်စားနေတတ်ကြပါတယ်။
မိမိကိုယ် မိမိ ဘ၀ ရဲ့ထူးလွန်းတာ ဆန်းလွန်းတာကိုမျှ စိတ်မ၀င်
စားကွပါဘူး။
ဤလို ဖြစ်နေတာကိုက-
"တရားစကားနှင့်ပြောလျှင် ကိုယ်တိုင်ကဖြစ်ရပ်မှန်ကို"သစ္စာ"ကို
မြင်အောင်မကြည့်တတ်၍ "မဂ်ဖိုလ်"မရတာ"နှင့်တူနေပါတယ်။
"ဘ၀"တွင်အရေးကြီးဆုံး
ဖြစ်သော "မဂ်ဉာဏ်,ဖိုလ်ဉာဏ်ရခြင်း"ဆိုတာ-
"အပြင်ဘက်က ထူးတာဆန်းတာတွေကို
ကြည့်ပြီးမြင်ပြီးရတာ"မဟုတ်။
ကိုယ့်ကိုယ်ထဲ က"ဖြစ်ရပ်မှန်ကို မြင်အောင်ကြည့်ရှုနိုင်လို့ရခြင်း"
ဖြစ်ပါတယ်။
သို့ဖြစ်သောကြောင့် -
"ဗုဒ္ဓဘာသာ၀င်"တို့ဟာ မိမိ တို့"ဗုဒ္ဓဘာသာ၀င်"ဖြစ်နေရသည့် "တန်ဖိုး"ကိုအထူး နားလည်ကြပြီး "ဗုဒ္ဓဘာသာ"ဘ၀မပျက်စီးရအောင်အဖက်ဖက်မှ ဝိုင်း၀န်းထိန်းသိမ်းကြပါတယ်။
━━━━━━━
မှီခိုရာ ကျမ်းကိုး-
━━━━━━━
(၁။ "ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး"၏
"မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် အနိမ့်အကျဆုံး လူ့တစ်ယောက်၏ ဘ၀" တရားတော်။
၂။ "ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)"၏
"ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူများ"စာအုပ်။
၃။ "အရှင်ဥတ္တရဝံသဂဝေသီ"၏
"ဗုဒ္ဓဘာသာ အခြေခံမျက်ရှု့-အတွဲ(၂)"
(ဥပရိပဏ္ဏာသ အဋ္ဌကထာ၊သင်္ခာရုပပတ္တိသုတ်)
https://www.facebook.com/100043363848930/posts/407079757414149/?d=n
Comments
Post a Comment