ဥပါဒါန် ၄ ပါး
ရဟန်းတို့ ပြင်းစွာစွဲယူခြင်း '#ဥပါဒါန်' တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊
#ဥပါဒါန် ၄ ပါး
၁။ ကာမဂုဏ်၌ လွန်စွာ စွဲလမ်းမှု- #ကာမုပါဒါန်၊
၂။ ၆၂ ပါးသော မိစ္ဆာအယူကို လွန်စွာ စွဲလမ်းမှု- #ဒိဋ္ဌုပါဒါန်၊
၃။ နွား စသည်တို့၏ အလေ့အကျင့်ဖြင့် စင်ကြယ်၏ဟု လွန်စွာ စွဲလမ်းမှု- #သီလဗ္ဗတုပါဒါန်၊
၄။ ခန္ဓာငါးပါး၌ အတ္တဟု လွန်စွာ စွဲလမ်းမှု- #အတ္တဝါဒု ပါဒါန်။
ရဟန်းတို့ ဥပါဒါန်တရားတို့သည် ဤလေးပါးတို့တည်း။
ရဟန်းတို့
ဤဥပါဒါန်တရားလေးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍သိခြင်းငှါ
ကုန်စေခြင်းငှါ
ပယ်ခြင်းငှါ။ပ။
ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊
ရဟန်းတို့ ဤသာသနာတော် ၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု 'ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန် သို့ညွတ်သော
၁။မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ'ကို ပွားများ၏။
၂။ မှန်ကန်သော အကြံ- သမ္မာသင်္ကပ္ပ၊
၃။ မှန်ကန်သော စကား- သမ္မာဝါစာ၊
၄။ မှန်ကန်သော အလုပ်- သမ္မာကမ္မန္တ၊
၅။ မှန်ကန်သော အသက်မွေးမှု- သမ္မာအာဇီဝ၊
၆။ မှန်ကန်သော အားထုတ်မှု- သမ္မာဝါယာမ၊
၇။ မှန်ကန်သော အောက်မေ့မှု- သမ္မာသတိ၊
၈။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု 'ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'ကို ပွားများ၏။
ရဟန်းတို့ ရဟန်းတို့ ပြင်းစွာစွဲယူခြင်း '#ဥပါဒါန်' ဤလေးပါးတို့တို့ကို ပယ်ခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏ဟု (မိန့်တော်မူ၏)။
မဟာဝဂ္ဂသံယုတ္တပါဠိ (-၅၅)ဥပါဒါနသုတ်
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
#ဥပါဒါန်သည် အဘယ်ကြောင့်ဖြစ်သနည်း။
အဘယ်ပွါးကြောင်းရှိသနည်း။
အဘယ်ဖြစ်ကြောင်း ရှိသနည်း။
အဘယ်အမွန်ရှိသနည်း။
#ဥပါဒါန်သည် #တဏှာလျှင် အကြောင်းရင်းရှိ၏။
တဏှာလျှင် ပွါးကြောင်းရှိ၏။ တဏှာလျှင် ဖြစ်ကြောင်းရှိ၏။ တဏှာ လျှင် အမွန်ရှိ၏ဟု ဤသို့ သိမ်းဆည်းခြင်းသဘောအားဖြင့် #သစ္စာမည်၏။
#ဥပါဒါန်ကိုလည်း ခွဲခြား၍သိ၏။
#ဥပါဒါန်ပွါးကြောင်းကိုလည်း ခွဲခြား၍ သိ၏။
#ဥပါဒါန်ချုပ်ရာကိုလည်း ခွဲခြား၍ သိ၏။
#ဥပါဒါန် ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။
ဤသို့ ထိုးထွင်း၍သိခြင်းသဘောအားဖြင့် #သစ္စာမည်၏။
ပဋိသမ္ဘိဒါမဂ်(မြန်_၃၅၉)
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
🌄မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ #စက္ခုဝိညာဏ် ဖြစ်၏။ (မျက်စိ အဆင်းစက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု '#ဖဿ' ဖြစ်၏၊ တွေ့ထိမှု 'ဖဿ'ဟူသောအကြောင်းကြောင့် ခံစားမှု '#ဝေဒနာ' ဖြစ်၏။
🌄ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ခံစားမှု၌လည်း ငြီးငွေ့၏၊
🌄ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊
စွဲမက်မှုကင်း ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊
(ကိလေသာမှ) လွတ်မြောက်သော် ''ငါသည်စွဲလမ်းမှု '#ဥပါဒါန်'ကို ပိုင်းခြား၍ သိအပ်ပြီး ''ဟု ပိုင်းခြား၍ သိ၏။
🌄နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍ ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ။ကိုယ်ကိုလည်းကောင်း၊ အတွေ့ အထိတို့ကိုလည်းကောင်း စွဲ၍ ။ စိတ်ကိုလည်းကောင်း သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနော #ဝိညာဏ် ဖြစ်ပေါ်၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့်တွေ့ထိမှု '#ဖဿ' ဖြစ်၏၊ တွေ့ထိမှု '#ဖဿ' ဟူသော အကြောင်းကြောင့် ခံစားမှု '#ဝေဒနာ' ဖြစ်၏။
🌄ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် ''ငါသည် စွဲလမ်းမှု '#ဥပါဒါန်'ကို ပိုင်းခြား၍ သိအပ်ပြီ ''ဟု ပိုင်းခြား၍ သိ၏၊
သံယုတ္တနိကာယ် သဗ္ဗုပါဒါနပရိညာသုတ္တံ(နှာ-၂၆၁)
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
ဥပါဒါန်ကြောင့် ဘဝ ဖြစ်၏၊ ဘဝကြောင့် ဇာတိဖြစ်၏၊ ဇာတိကြောင့်အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပူပန်ခြင်းတို့ဖြစ်ကုန်၏။
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
မြတ်စွာဘုရား
ထိုဥပါဒါန်သည် ပင်လျှင် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဖြစ်ကုန်သလော၊
သို့မဟုတ် ဥပါဒါန်သည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့မှ ကင်း၍ ဖြစ်သလောဟု (လျှောက်၏)။
၊☀️ရဟန်း .....ထိုဥပါဒါန် သည်ပင်လျှင် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့ မဖြစ်ကုန်၊
☀️ဥပါဒါန်သည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့မှ ကင်း၍လည်း မဖြစ်၊
☀️ရဟန်း .......ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ အကြင်လိုချင်တပ်မက်မှုသည် ရှိ၏၊ ထိုလိုချင် တပ်မက်မှုသည် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဥပါဒါန် ဖြစ်၏ဟု (မိန့်တော်မူ၏)။
(ဥပရိပဏ္ဏာသပါဠိတော်_၆၆)
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
#ဥပါဒါန်တို့၏ အာရုံဖြစ်သော ငါးပါးသော ခန္ဓာတို့ဟူသည် အဘယ်တို့နည်း။
#ဥပါဒါန်တို့၏ အာရုံဖြစ်သော
(၁) #ရူပက္ခန္ဓာ-ရုပ် ၂၈-ပါးကိုခေါ်သည်၊ ရုပ်ခန္ဓာ၊
(၂) #ဝေဒနက္ခန္ဓာ- ဝေဒနာစေတသိက်ကိုခေါ်သည်၊ 'နာမ်ခန္ဓာ'
(၃) #သညာက္ခန္ဓာ- သညာစေတသိက်ကိုခေါ်သည်၊ 'နာမ်ခန္ဓာ'
(၄) #သင်္ခါရက္ခန္ဓာ- ဝေဒနာ သညာမှ တစ်ပါးသော စေတသိက်ငါးဆယ်ကို ခေါ်သည်၊ 'နာမ်ခန္ဓာ'
(၅) #ဝိညာဏက္ခန္ဓာ - စိတ်တရားစုဟူသမျှကို ခေါ်သည်၊ 'နာမ်ခန္ဓာ'။
ဤငါးပါးသောခန္ဓာ
တို့ကို အကျဉ်းချုပ်အားဖြင့်. #ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါး #ဆင်းရဲဒုက္ခတို့ဟု ဆိုအပ်ကုန်၏။
ဤသည်ကို ဆင်းရဲအမှန် '#ဒုက္ခအရိယသစ္စာ'ဟု ဆိုအပ်၏။
ပဋိသမ္ဘိဒါမဂ်မြန်မာပြန် (နာ_၄၉)
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
ကတမော အနုပါဒါ စိတ္တဿ ဝိမောက္ခော?
🌄#မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်သုံးပါးသော ဥပါဒါန်တို့မှ လွတ်သနည်း။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။
🌄#ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်တစ်ပါးသော ဥပါဒါန်မှ လွတ်သနည်း။ ကာမုပါဒါန်မှ လွတ်၏။
🌄#အနှစ်မရှိ အလိုသို့မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်သုံးပါးသော ဥပါဒါန်တို့မှ လွတ် သနည်း။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။
ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်တစ်ပါးသော ဥပါဒါန်မှ လွတ်သနည်း။ ကာမုပါဒါန်မှ လွတ်၏။
🌄တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်တစ်ပါးသော ဥပါဒါန်မှ လွတ် သနည်း။ ကာမုပါဒါန်မှ လွတ်၏။
🌄ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်လေးပါးသော ဥပါဒါန်တို့မှ လွတ်သနည်း။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။
🌄တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်လေးပါးသော ဥပါဒါန်တို့မှ လွတ် သနည်း။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။
🌄အနိမိတ္တကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်သုံးပါးသော ဥပါဒါန်တို့မှ လွတ်သနည်း။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။
🌄အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်တစ်ပါးသော ဥပါဒါန်မှ လွတ်သနည်း။ ကာမုပါဒါန်မှ လွတ်၏။
🌄ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် အဘယ်သုံးပါးသော ဥပါဒါန်တို့မှ လွတ်သနည်း။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်မှ လွတ်၏။
🌄မမြဲဟု အဖန်ဖန်ရှုသော ဉာဏ်၊ အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်၊ အနိမိတ္တကို အဖန်ဖန် ရှုသောဉာဏ်၊ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်၊ ဤဉာဏ်လေးပါးတို့သည် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်သုံးပါးတို့မှ လွတ်ကုန်၏။
🌄ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်၊ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်၊ တပ်မက်မှုကင်းရာ နိဗ္ဗာန် ကို အဖန်ဖန်ရှုသောဉာဏ်၊ အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်၊ ဤဉာဏ်လေးပါးတို့သည် ကာမုပါဒါန်ဟူသော တစ်ပါးသော ဥပါဒါန်မှ လွတ်ကုန်၏။
🌄ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသော ဉာဏ်၊ တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသော ဉာဏ်ဟူသော ဤဉာဏ်နှစ်ပါးတို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်လေးမျိုးတို့မှ လွတ်ကုန်၏။ ဤကား အနုပါဒါစိတ္တဿဝိမောက္ခတည်း။
(ပဋိသမ္ဘိဒါမဂ္ဂပါဠိ(နှာ-၂၄၂)
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
🌄မဟာရုက္ခသုတ်🌄
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တပ်မက်မှု 'တဏှာ' ပွား၏၊
#တဏှာအကြောင်းခံကြောင့်ဥပါဒါန် ဖြစ်၏၊
#ဥပါဒါန်အကြောင်းခံကြောင့်ဘဝ ဖြစ်၏။ပ။
ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။
ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုသစ်ပင်ကြီး၏ အောက်သို့လည်းကောင်း၊ ဖီလာ (ကန့်လန့်) သို့လည်းကောင်း သွားကုန်သော အလုံးစုံသောအမြစ်တို့သည် အထက်သို့ သြဇာဓာတ်ကို ဆောင်ကုန်၏။
ရဟန်းတို့ ဤသို့ ဆောင်သည်ရှိသော် ထိုသစ်ပင်ကြီးသည် ထိုသြဇာဓာတ်လျှင် အစာရှိသည် ဖြစ်၍ ထိုသြဇာဓာတ်လျှင် စွဲယူရာရှိသည် ဖြစ်၍ ကြာရှည်စွာသော ကာလပတ်လုံး တည်ရာ၏၊
ရဟန်းတို့ ဤအတူသာလျှင် #ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည် ဖြစ်၍ နေသောသူအား တပ်မက်မှု 'တဏှာ' ပွား၏၊
#တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။
ရဟန်းတို့ ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသော သူအား တဏှာ ချုပ်၏၊
တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊
ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝချုပ်၏။ပ။ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။
ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုအခါ ယောကျ်ားသည် ပေါက်တူးခြင်းတောင်းကို ယူ၍ လာပြီးသော် ထိုသစ်ပင်ကို အရင်း၌ ဖြတ်ရာ၏၊
အရင်းကို ဖြတ်ပြီး၍ မြေကို တူးရာ၏၊
မြေကို တူးပြီး၍ အမြစ်တို့ကို ထုတ်ရာ၏၊
အယုတ်သဖြင့် ပန်းရင်းရိုးမျှလောက်သော အမြစ် ညှောက်ကလေးတို့ကိုသော်လည်း နုတ်ပစ်ရာ၏၊
ထိုယောကျ်ားသည် ထိုသစ်ပင်ကို အပိုင်းပိုင်း ဖြတ်ရာ၏၊
အပိုင်းပိုင်း ဖြတ်ပြီး၍ ခွဲရာ၏၊ ခွဲပြီး၍ အစိတ်စိတ် ပြုရာ၏၊
အစိတ်စိတ် ပြုပြီး၍ လေနေပူ၌ ခြောက်သွေ့ စေရာ၏၊
လေနေပူ၌ ခြောက်သွေ့စေပြီး၍ မီးဖြင့် ရှို့ရာ၏၊
မီးဖြင့် ရှို့ပြီး၍ ပြာကို ပြုရာ၏၊ ပြာဖြစ်အောင် ပြုပြီး၍ ပြင်းစွာလာသော လေ၌မူလည်း လွှင့်ရာ၏၊
လျင်မြန်သော ရေအလျဉ်ရှိသော မြစ်၌သော်လည်း မျှောရာ၏၊
ရဟန်းတို့ ဤသို့ ပြုသည်ရှိသော် ထိုသစ်ပင်ကြီးသည် အရင်းပြတ်သည်မူလည်း ဖြစ်ရာ၏၊
ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးသည် တစ်ဖန် မဖြစ်ခြင်းကို ပြုပြီးသည် နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်းသဘော ရှိသည် ဖြစ်ရာ၏၊
ရဟန်းတို့ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု အဖန်တလဲလဲ ရှုသည်ဖြစ်၍ နေသောသူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူသည်)
နိဒါနဝဂ္ဂသံယုတ္တပါဠိ(နှာ-၃၁၄)
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
ဥပါဒါနိယတရား
အဘယ်တရားတို့သည် လွန်စွာစွဲလမ်းတတ်သော #ဥပါဒါန် တရားတို့၏အာရုံဖြစ်သော '#ဥပါဒါနိယ တရား ဖြစ်ကုန်သနည်း။
(ရှည်စွာသော သံသရာဆင်းရဲကို) ယိုစီးစေတတ်ဖြစ်စေတတ်သော အာသဝတရားတို့၏ အာရုံ 'သာသဝ' ဖြစ်ကုန်သော,
ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော,
ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော,
အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော
#ကုသိုလ်တရား၊
#အကုသိုလ်တရား၊
ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော
#အဗျာကတတရား ဖြစ်သည့် ရုပ်အစု 'ရူပက္ခန္ဓာ'
။ပ။ အထူးသိမှု (စိတ်) အစု 'ဝိညာ ဏက္ခန္ဓာ' သည် (ရှိ၏)။ ဤတရားတို့သည် လွန်စွာ စွဲလမ်းတတ်သော 'ဥပါဒါန်' တရားတို့၏ အာရုံဖြစ်သော 'ဥပါဒါနိယ' တရား ဖြစ်ကုန်၏ (ဥပါဒါန်တို့၏ အာရုံဖြစ်သော လောကီနာမ်, ရုပ်)။။
ဓမ္မသင်္ဂဏီပါဠိတော်-(နှာ_၂၄၂)
🌄🌄🌄🌄🌄🌄🌄☀️☀️☀️🌄🌄🌄🌄🌄🌄🌄
ဥပါဒါနသမ်ပယုတ်တတရား
အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တရားတို့နှင့်ယှဉ်သော 'ဥပါဒါနသမ္ပယုတ္တ' တရား ဖြစ်ကုန်သနည်း။
ထို (ဥပါဒါန်) တရားတို့နှင့် ယှဉ်ကုန်သောခံစားမှုအစု 'ဝေဒနာက္ခန္ဓာ'။ပ။ အထူးသိမှု (စိတ်) အစု 'ဝိညာ ဏက္ခန္ဓာ' ဟူသော အကြင် တရားတို့သည် (ရှိကုန်)။ ဤတရားတို့သည် ဥပါဒါန်တရားတို့နှင့် ယှဉ်သော 'ဥပါဒါနသမ္ပယုတ္တ' တရား ဖြစ်ကုန်၏ (ဥပါဒါန်နှင့် ယှဉ်သော လောဘမူစိတ်, ယှဉ်ဖက် စေတသိက်)။
ဓမ္မသင်္ဂဏီပါဠိတော်-(နှာ_၂၄၂)
🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
#ဘဝသည် ဒုက္ခသစ္စာတည်း။
#ဥပါဒါန်သည် သမုဒယသစ္စာတည်း။
နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် #နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍ သိခြင်းသည် #မဂ္ဂသစ္စာတည်း။
#ဥပါဒါန်သည် ဒုက္ခသစ္စာတည်း။
#တဏှာသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် #နိရောဓသစ္စာတည်း။
#နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။
Comments
Post a Comment