ပဋိစ္စသမုပ္ပါဒ်
#ပဋိစ္စသမုပ္ပါဒ်
#တဏှာပစ္စယာ_ဥပါဒါနံ
တပ်မက်မှု (တဏှာ)ကြောင့် စွဲလမ်းမှု (ဥပါဒါန်) ဖြစ်လာ၏။
•• ••
တပ်မက်မှု (တဏှာ)ကြောင့် မည်သည့် စွဲလမ်းမှု (ဥပါဒါန်)များ ဖြစ်ပေါ်လာသနည်း ??
■#ဥပါဒါန်_လေးပါး
(၁)#ကာမုပါဒါန်
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ .. စသော ငါးဖြာအာရုံ ကာမဂုဏ်တို့ကို လွန်လွန်ကဲကဲ မြဲမြံစွာ စွဲလမ်းခြင်းကို "ကာမုပါဒါန်" ဟုခေါ်၏။
အားနည်းသော လောဘကို တဏှာ
ဟုခေါ်သည်။
အားကြီးသော လောဘကို ကာမုပါဒါန်
ဟုခေါ်သည်။
တဏှာသည် .. မရသေးသောအာရုံကို လိုလားတောင့်တခြင်း သဘောဖြစ်သည်။
ကာမုပါဒါန်သည် .. ရရှိပြီးသောအာရုံကို
စုံမင်နှစ်သက် စွဲလန်းခြင်း သဘောဖြစ်သည်။
(၂)#ဒိဋ္ဌုပါဒါန်
မှားယွင်းသောအယူကို မြဲမြံစွာ စွဲလမ်းခြင်းကို "ဒိဋ္ဌုပါဒါန်" ဟုခေါ်၏။
မှားယွင်းစွာ ရှုမြင်ယူဆခြင်းအား
ဒိဋ္ဌိ ဟုခေါ်သည်။
ထို ဒိဋ္ဌိသည်ပင် မြဲမြံစွာ စွဲလန်းတတ်သောကြောင့် ဥပါဒန် ဟုခေါ်သည်။
ဤ နှစ်ပါးကို ပေါင်း၍ ဒိဋ္ဌုပါဒါန် ဟုခေါ်၏။
(၃)#သီလဗ္ဗတုပါဒါန်
"နွားအကျင့်၊ ခွေးအကျင့် စသည်တို့ကို
ကျင့်ခြင်းသည် သံသရာမှ လွတ်မြောက်ကြောင်း ဖြစ်သည်"ဟု ယူဆ၍ မှားယွင်းသော အလေ့အကျင့်အား မြဲမြံစွာ စွဲလန်းတတ်ခြင်းကို "သီလဗ္ဗတုပါဒါန်" ဟုခေါ်၏။
(၄)#အတ္တဝါဒုပါဒါန်
ခန္ဓာငါးပါး၌ အတ္တဟူသော အသက်ရှိ၏ .. ဝိညာဏ်ဟူသော အတ္တကောင်ရှိ၏ ..
ဟု အတ္တနှင့်ပတ်သက်သော ပြောဆိုကြောင်းစကား မိစ္ဆာအယူဝါ၌ မြဲမြံစွာ စွဲလမ်းခြင်းကို "အတ္တဝါဒုပါဒါန်" ဟုခေါ်၏။
•• ••
ထိုသို့အားဖြင့် တဏှာကြောင့် ကာမုပါဒါန်နှင့် ကျန်သည့် ဒိဋ္ဌိ-ဥပါဒါန် ၃,ပါး (စုစုပေါင်း ဥပါဒါန် ၄,ပါး) ဖြစ်ပေါ်လာ၏။
•• ■■ ••
#TharTunNi
(27.3.2016)
... ...
ကျမ်းကိုး။ ။
*ဝိသုဒ္ဓိမဂ်မြန်မာပြန် ပို့ချချက်
(အရှင် ပဏ္ဍိတ)
*ပဋိစ္စသမုပ္ပါဒ်အဖွင့်
(အရှင် အာစိဏ္ဏ)
crd
Comments
Post a Comment