မှတ်တိုင်ကြီးများ

၁. မဟာသက္ကရာဇ် ( ၆၇ ) ခုနှစ် ဝါဆိုလပြည့် ကြာသာပတေးနေ့ သန်းခေါင်ယံအချိန်၌ ပဋိသန္ဓေ တည်နေတော်မူ၏။
၂. မဟာသက္ကရာဇ် (၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ နေမွန်းတည့်ချိန်၌ ဖွားမြင်တော်မူ၏။
၃. မဟာသက္ကရာဇ် (၈၃) ခုနှစ် (၁၆) နှစ်သားအရွယ် ကဆုန်လတွင် ထီးနန်းအုပ်ချုပ် မင်းပြုလုပ်တော်မူ၏။
၄. မဟာသက္ကရာဇ် (၉၇) ခုနှစ် ဝါဆိုလပြည့် တင်္နလာနေ့ သန်ခေါင်းယံ အချိန်၌ တောထွက်တော်မူ၏။ (၂၉).နှစ်အရွယ် ။
၅. မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အာရုဏ်တက်ချိန်၌ဘုရားဖြစ်တော်မူ၏။(၃၅ နှစ်အရွယ်) ။ (မာရ်နတ်အောင်ပွဲနေ့နှင့်လေးဆက်ကိုးရက်သတ္တဌာန စံတော်မူခြင်းများကိုလည်း ဤနေရာ၌ သွင်းယူပါ)
၆. မဟာသက္ကရာဇ် (၁၀၃) ခုနစ် ဝါဆိုလဆန်း (၅) ရက် ဗုဒ္ဓဟူးနေ့၌ သဟမ္ပတိဗြဟ္မာမင်းက တရားဟောရန် တောင်းပန်သဖြင့် တရားဟောတော်မူခြင်း။ (၃၅ နှစ်အရွယ် )
၇. မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ဝါဆိုလပြည့် စနေနေ့ နေဝင်ချိန်၌ ပဉ္စဝဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားကို ဟောတော်မူ၏။ (၃၅ နှစ်အရွယ် )
၈. မဟာသက္ကရာဇ် (၁၀၃) ခုနစ် ဝါဆိုလပြည့်နေ့ (သို့)ဝါဆိုလဆုတ် (၄) ရက်နေ့၌ သံဃာအဖွဲ့အစည်း စတင်ပေါ်ပေါက်၏။
၉. မဟာသက္ကရာဇ် (၁၀၃) ခုနှစ် သီတင်းကျွတ်လပြည့် ကြာသာပတေးနေ့၌ သံဃာတော်တို့အားသာသနာပြု စေလွှတ်တော်မူ၏။
၁၀. မဟာသက္ကရာဇ် (၁၀၃) ခုနစ် တန်ဆောင်မုန်းလပြည့် သောကြာနေ့၌ ရသေ့ညီနောင် “ကဿပ” စသော ရှင်တစ်ထောင်တို့ကို ချွတ်တော်မူရန် ဥရုဝေဠ တောသို့ ရောက်တော်မူ၏။ (၃၅ နှစ်အရွယ် တစ်ဝါအရ)
၁၁. မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပို့တွဲလပြည့်နေ့၌ သာဝကသန္နိပါတ = ( သာဝကအားလုံးစုံညီစည်းဝေးပွဲ) တွင် သြဝါဒပါတိမောက် ပြတော်မူ၏။(ရဟန္တာ သာဝကအပေါင်း ဤအစည်းအဝေးပွဲတွင်) သြဝါဒပါတိမောက်ပြတော်မူ၏။
၁၂. မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ကဆုန်လပြည့်ကျော် (၁) ရက်နေ့၌ မြတ်စွာဘုရားသည်မိမိမွေးဇာတိမြေသို့ရောက်၍ ဗုဒ္ဓဝင်တရား ဟောတော်မူ၏။ (ကဆုန်လပြည့်နေ့ကိုလည်း ယူနိုင်၏)
၁၃. မဟာသက္ကရာဇ် (၁၀၇) ခုနှစ် ဝါတွင်းကာလ ဝေသာလီမြို့ မဟာဝုန်တော ကုဋာဂါရကျောင်း၌ သီတင်းသုံးတော်မူစဉ် ဘိက္ခူနီသာသနာတော်ကို စတင် ခွင့်ပြုတော်မူ၏။ (သက်တော် ၄၀ အရွယ် ဝါတော် ငါးဝါအရ) ၁၄.မဟာသက္ကရာဇ် (၁၀၉) ခုနှစ်ဝါဆိုလပြည့်နေ့၌ ယမိုက်ပြာဋိဟာ တန်ခိုးပြတော်မူ၍ တာဝတိ ံသာနတ်ပြည်သို့ ကြွတော်မူ၏။ (၄၁ နှစ်အရွယ် ခုနှစ်ဝါအရ)
၁၅. မဟာသက္ကရာဇ် (၁၀၈) ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ တာဝတိ ံသာနတ်ပြည်မှ သင်္ကဿနဂိုရ်မြို့သို့ သက်ဆင်းတော်မူ၏။လောကဝိဝရဏ တန်ခိုးပြသောနေ့မှာလည်း ဤနေ့ပင် ဖြစ်၏။
၁၆. မဟာသက္ကရာဇ် (၁၂၃) ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌ သာမညဖလသုတ်တော်ကို အဇာတသတ်မင်းအား ဟောတော်မူ၏။(ဝါတော် ၂၀ သက်တော် ငါးဆယ့်ငါးနှစ်အရွယ်)
၁၇. မဟာသက္ကရာဇ် (၁၄၇)ခုနှစ် တပို့တွဲလပြည့်နေ့၌ အာယုသင်္ခ ါရလွှတ်တော်မူ၏။ (သက်တော် ၈၀ အရွယ် ဝါတော် ၄၅ ဝါအရ) ၁၈. မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လပြည့် အင်္ဂ ါနေ့ မိုးသောက်ယံ၌ ပရိနိဗ္ဗာန်စံတော်မူ၏။ (သက်တော်ရှစ်ဆယ်အရွယ် ဝါတော်လေးဆယ့်ငါးဝါအရ)
၁၉. မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လဆုတ် (၁၂) ရက် တနင်္ဂနွေနေ့ ၌ တေဇောဓါတ် လောင်တော်မူ၏။
၂၀. မဟာသက္ကရာဇ် (၁၄၈) ခုနှစ် နယုန်လဆန်း (၅) ရက်နေ့၌ ဓါတ်တော်ဝေပွဲ ကျင်းပ၏။ ~ ဤကားဗုဒ္ဓ၏နေ့ထူးကြီးနှစ်ဆယ်တည်း~

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ