အမေရိကန်ပြည်ထောင်စုမှာ ပညာရေးဝန်ကြီး နုတ်ထွက်တယ်တဲ့ဗျ။
ပညာရေးအတွက်သုံးစွဲရတာဟာ ဘာအကျိုး အမြတ်မှ ပြန်မရတဲ့ အသုံးစရီတ်ပါလို့ မိန့်ဆိုသွားတဲ့ ခေါင်းဆောင်ကြီးကို သတိရမိ ပါသည်
အမေရိကန်ပြည်ထောင်စုမှာ ပညာရေးဝန်ကြီး နုတ်ထွက်တယ်တဲ့ဗျ။
အမေရိကန်ပြည်ထောင်စုမှာ ပညာရေးဝန်ကြီး Betsy DeVos က နုတ်ထွက်တယ်တဲ့ဗျ။ အကြောင်းပြချက်ကတော့ ဝါရှင်တန်မှာရှိတဲ့ Capitol အဆောက်အအုံကို ဒေါ်နယ်ထရမ့် ထောက်ခံသူတွေက လူစုလူဝေးနဲ့ ဝင်ရောက်စီးနင်း တာဟာ တိုင်းပြည်အတွက် အလွန်အရှက်ရစရာဖြစ်တယ်။ အလွန်အရုပ်ဆိုးသော အပြူအမူတစ်ခုဖြစ်တယ်။ အဲဒီလိုဖြစ်အောင် သမ္မတတစ်ဦးရဲ့ ပြောဆိုမှုတွေကလည်း အလွန်စိတ်ပျက်ဖွယ်ကောင်းလှတယ်။ ကလေးတွေ အနေနဲ့ ဒီလို အဖြစ်အပျက်တွေကို မြင်ရကြားရတာ စိတ်ထဲမှာ မကောင်းမှုတွေကို စွဲမြဲသွားစေနိုင်တယ်။ ဒါကြောင့် သူ့မှာ တာဝန်မကင်းသလိုခံစားရပြီး ထွက်တယ်တဲ့။
ကိုင်း
ဒီမိုကရေစီကို ခြိမ်းခြောက်နေတာ ပညာရေးအားနည်းတာကြောင့် ပညာရေးဘက်ကနေ ကောင်းအောင် မလုပ်ပေးနိုင်ခဲ့တာ တာဝန်မကင်းဘူးဆိုပြီး ရှက်တတ်တဲ့သူတွေကတော့ နုတ်ထွက်တော့တာပဲ။
ပညာရေး ဝန်ကြီးနုတ်ထွက်တယ်လည်းဆိုရော ပညာရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေဘက်ကို သတင်းသမားတွေက ခြေဦးလှည့်ပြီး ဒီလို အကြမ်းဖက်မှုမျိုးဖြစ်စေတာ ပညာရေးကြောင့်လားလို့ ဆန်းစစ်ကြတယ်။
Edmonds School District က ပညာရေး ကြီးကြပ်ရေးမှူး ဒေါက်တာ ဂက်စ်တာဗို ဘော်လ်ဒဲရပ်စ် ပြောတာလေး စဉ်းစားကြည့်ပါ
“Education is the backbone of democracy” တဲ့ဗျာ
သူပြောလိုက်တာလေးက ချစ်ဖို့ ကောင်းလိုက်တာ။ ပညာရေးဆိုတာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ တစ်ချက်တည်းနဲ့ ပြီးသွားတာပဲ။
“ဒီမိုကရေစီရဲ့ ကျောရိုး (မဏ္ဍိုင်) ဆိုတာ ပညာရေးပဲ” တဲ့။ ရှင်းပါတယ်နော်။
ပညာရေး မကောင်းခဲ့လို့ ဒီမိုကရေစီကို ညစ်နွမ်း စုတ်ပြတ်အောင် လုပ်ကြတာ။ ဒါကြောင့် ပညာရေးကို တာဝန်ယူနေတဲ့ သူတွေမှာ တာဝန်ရှိတယ်လို့ကို သူတို့က ခံယူနေကြတာပါ။
ဒီမိုကရေစီဆိုတာ ကိုယ်တိုင်တင်မြှောက်တဲ့ အစိုးရနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခိုင်းရတာ။ အစိုးရကို ဘာဖြစ်လို့ အများ ပြည်သူက ဆန္ဒညီတူ ရွေးကောက်တင်မြှောက်ရသလဲဆိုရင် သူတို့လိုချင်တဲ့ အနေအထားတစ်ခုကို ရောက်မယ် ဆိုတာ ယုံကြည်လို့။ ဒါကြောင့်လည်း အများဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ပေးခဲ့တယ်။ အများဆန္ဒကို လျစ်လျူရှု ပြီးတော့ လူနည်းစုက ဒီမိုကရေစီကို ဖျက်ဆီးတယ်ဆိုတာ ပညာမရှိတာပဲ။ ကျောင်းတွေက ဒီသဘောတရားတွေကို မသင်ပေးနိုင်ဘူးလားဆိုပြီး မေးခွန်းထုတ်လာကြတယ်။
Teagle Foundation ရဲ့ ဥက္ကဋ္ဌ အန်ဒရူးကလည်း
“နိုင်ငံရေးလုပ်စားနေတဲ့ကောင်တွေကို ဆန့်ကျင်ကာကွယ် တားဆီးနိုင်တာ ပညာရေးပဲ” လို့ ပြောပြန်တယ်။
နိုင်ငံရေးကို စီးပွားရေးလိုတွက်ပြီး ပြည်သူ့အကျိုးအတွက်မကြည့် ကိုယ်ကျိုးကိုသာကြည့်ရင် တိုင်းပြည် ပျက်စီးမှာပဲ။ ဒီလို နိုင်ငံရေးထဲကို အကွက်ချောင်းနေတဲ့ အချောင်သမားတွေ ဝင်မလာအောင် ပြည်သူတွေက ပညာတတ်မှ၊ ပညာရှိမှ၊ ပညာသိမှ ကာကွယ်ပြီးသား ဖြစ်သွားမယ်လို့ သူကဆိုလိုတာ ဖြစ်ပါတယ်။
အမေရိကန် ကိုလန်ဘီယာတက္ကသိုလ်က အမေရိကန်ရေးရာ လေ့လာသူ ပညာရှင် ပါမောက္ခ အလက်ဇန်းဒါး ဟာမီလ်တန်ကလည်း
“ရေရှည်မှာ ဒီမိုကရေစီကို အကွာအကွယ်ပေးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ ပြည်သူတွေကို ပညာများများ တတ်လာအောင် လုပ်ပေးဖို့ပဲ။ ပြည်သူတွေ ပညာတတ်လာမှ လူလိမ် လူညစ်တွေရဲ့ ပါးစပ်ထဲက ထွက်လာတဲ့ စကားကို ခွဲခြားပိုင်းဖြတ်တတ်လာမယ်။ လက်ရှိသမ္မတနဲ့ သူ့ကို ထောက်ခံနေတဲ့ကောင်တွေဟာ ဘယ်လို ကောင်တွေလဲဆိုတာ ခွဲခြားသိမြင်လာနိုင်မယ်”
ဘယ်သူက အကောင်း ... ဘယ်သူက အဆိုးဆိုတာ ပညာနဲ့သာ ခွဲခြားသိမြင် ပိုင်းဖြတ်နိုင်မယ်။ ဒါကြောင့် ပညာရေး စနစ်နဲ့ သင်ကြားနေပုံတွေကို ပြန်ပြီးဆန်းစစ်ဖို့ လိုလိမ့်မယ်ဆိုပြီး ထောက်ပြ ဝေဖန်မှုတွေလည်း အများကြီး တက်လာပါတယ်။
AAC&U ဥက္ကဋ္ဌ Lynn Pasquerella ကလည်း
“အာဏာရှင်ထက် ဒီမိုကရေစီက ပိုပြီး အရေးကြီးတယ်ဆိုတာ သိဖို့ ကျောင်းတွေမှာ လွတ်လပ်တဲ့ပညာရေး၊ ဝေဖန် ဆန်းစစ် နိုင်စွမ်းရှိတဲ့ပညာရေးတွေကို သင်ကြားပေးဖို့လိုတယ်။ ပညာရေးမှာ လွတ်လပ်စွာ တွေးခေါ်၊ ဝေဖန်၊ ဆန်းစစ်၊ ထောက်ပြနိုင်စွမ်းတွေကို ပေးခဲ့မှ ဒီမိုကရေစီဆိုတာ ဘာလဲလို့ သဘောပေါက်မှာပဲ” လို့ ပြောပါတယ်။
အတန်းထဲကို ဝင်လာတဲ့ကလေးတွေကို ငါပြောတာနားထောင်၊ ငါခိုင်းတာလုပ်၊ ပြန်မပြောနဲ့ တုတ်စာမိမယ်ဆိုတာ ဒီမိုကရေစီနည်းကျ ပညာရေး မဟုတ်ပါဘူး။ အဲဒါ အာဏာရှင်ကို အထင်ကြီးလေးစားအောင် ပျိုးထောင်ပေးတဲ့ ပညာရေးသာ ဖြစ်ပါလိမ့်မယ်။
နော့သ်ကာရိုလိုင်းနား တက္ကသိုလ်က စိတ်ပညာရှင် ပါမောက္ခ Viji Sathy ကလည်း
“ဒီလိုအကြမ်းဖက်မှုမျိုးတွေ ဖြစ်လာရတာဟာ ပညာရေးမှာ အဆင့်တိုင်းဟာ အခြေမခိုင်ခဲ့လို့ပဲ။ ပညာရေး တစစ ပျက်စီးလာတာကို ကာကွယ်တားဆီးရကောင်းမှန်း မသိခဲ့ကြဘူး။ ဆရာတွေကလည်း စာသင်ဖို့ပဲသိတယ်၊ တကယ့် ပညာတွေကို သင်ဖို့ နားမလည်တော့ဘူး။ အဓိကဘာသာတွေကိုပဲ သင်နေတယ် တရားမျှတခြင်း၊ တန်းတူ ညီမျှရှိခြင်းဆိုတဲ့ သဘောတရားတွေကို သင်ဖို့မေ့နေတယ်။ သမိုင်းကို ပုံပေါ်လာအောင်၊ ခံစားနားလည်အောင်၊ သိမြင်ဆန်းစစ် ဝေဖန်တတ်အောင် မသင်နိုင်ကြတော့ ပျက်စီးလာတော့တာပေါ့” လို့ ဆိုတယ်။
ပညာရေးအကြံပေး အတိုင်ပင်ခံ Alex Chevrin Venet ကလည်း
“ပါမောက္ခကြီးတွေ ရှင်တို့ ပြဋ္ဌာန်းထားတဲ့ စာအုပ်တွေနဲ့ ကမ္ဘာလောကကြီးကို ကာကွယ်နိုင်မယ်လို့ ထင်သလား” ဆိုတဲ့ မေးခွန်းမျိုးဟာ ရှက်တတ်ရင် လဲသေတတ်တဲ့ လူမျိုးတွေမှာ နုတ်ထွက်ပေးကြတယ်ဆိုတာ မဆန်းပါဘူး။
(Ref: Associated Press, Inside Higher Education, Edmonds News)
တင်ညွန့်
၉.၁.၂၀၂၁
သိပ်မှန် သိပ်ကောင်းတဲ့စကားတွေကို ဒီနေ့ဖတ်လိုက်ရတယ်။ ပညာရေးဟာ ဘယ်လောက်အရေးကြီးတယ် အရေးပါတယ်ဆိုတာ သိတဲ့လူတွေမို့ ဒီလိုစကားတွေပြောပြီး တာဝန်ယူ နှုတ်ထွက်နိုင်တာပါ။
ဒီတိုင်းပြည်မှာတော့ အဲ့လိုအသိတွေရဖို့ဆိုရင် ကလေးနောက်ထား ဆရာတွေအရင် ပညာရေးကို တာဝန်ယူနေတဲ့လူကြီးတွေအရင်ပြင်ရမှာပါ။
မြန်မာစာသင်နေတဲ့ပင်စင်ယူခါနီး ဆရာမကြီးတစ်ယောက်က ကျမကိုမေးဖူးတယ်။ သူများပါးစပ်ဖျား လမ်းဆုံးတယ် ဆိုတာ ဘာအဓိပ္ပါယ်လဲတဲ့။ အဲ့ဆရာမကြီးက ဘော်ဒါအတော်များများလိုက်သင်တယ်။ ပင်စင်ယူပြီးချိန်ထိတောင် လိုက်သင်နေရတုန်း။ ဒီလိုဆရာတွေနဲ့ သင်နေရတဲ့ ကလေးတွေမှာ ဘာမှအသိပါမလာတာ မဆန်းတော့မဆန်းဘူးရယ်လို့တွေးမိတယ်။
လူတစ်ဦးတစ်ယောက်အတွက်ပဲဖြစ်ဖြစ် အများတွက်ပဲဖြစ်ဖြစ် တိုင်းပြည်တစ်ပြည်အတွက်ပဲဖြစ်ဖြစ် ပညာရေး/အတတ်ပညာ ဟာသိပ်အရေးကြီးပါတယ် ဒါပေသိ စိတ်ထားမကောင်းရင် စီမံခန့်ခွဲမူလွဲခဲ့ရင် တော့ ကမှောက်ကမတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ် ဘယ်လောက်ပဲ ရုပ်ပိုင်းဆိုင်ရာတိုးတက်နေပါစေ စိတ်ပိုင်းဆိုင်ရာတိုးတက်နေပါစေ ကိုယ်ကျင့်တရားမပါရင် ဘယ်လို့မှသာယာအေးချမ်းတဲ့နိုင်ငံမဖြစ်နိုင်တဲ့(ဆရာကြီး ဦးရွှေအောင် စာအုပ်မှ) ယ္ခုလက်ရှိ အမေရိကန်ဖြစ်ရပ်ကိုကြည့်ရမည် ပညာလည်းသင် အမှားအမှန်ကိုလည်းသုံးသပ်ဝေဖန်နိုင်တဲ့ ဉာဏ်ပါအောင်လည်းလုပ် စိတ်ထားတတ်ပြီး ကိုယ်ကျင့်တရားပါ ရှိပြီဆိုရင်တော့ အေးချမ်းတဲ့ဓာတ်ကလေးကို ရရှိခံစားရမှာ မဟုတ်ပါလား....
မရှက်တတ်တဲ့လူတွေ ဖတ်ဖို့ ဆရာတင်ညွန့်စာ
“Education is the backbone of democracy”
“ဒီမိုကရေစီရဲ့ ကျောရိုး (မဏ္ဍိုင်) ဆိုတာ ပညာရေးပဲ”
“နိုင်ငံရေးလုပ်စားနေတဲ့ကောင်တွေကို ဆန့်ကျင်ကာကွယ် တားဆီးနိုင်တာ ပညာရေးပဲ”
နိုင်ငံရေးကို စီးပွားရေးလိုတွက်ပြီး ပြည်သူ့အကျိုးအတွက်မကြည့် ကိုယ်ကျိုးကိုသာကြည့်ရင် တိုင်းပြည် ပျက်စီးမှာပဲ။ ဒီလို နိုင်ငံရေးထဲကို အကွက်ချောင်းနေတဲ့ အချောင်သမားတွေ ဝင်မလာအောင် ပြည်သူတွေက ပညာတတ်မှ၊ ပညာရှိမှ၊ ပညာသိမှ ကာကွယ်ပြီးသား ဖြစ်သွားမယ်လို့ သူကဆိုလိုတာ ဖြစ်ပါတယ်။ “ရေရှည်မှာ ဒီမိုကရေစီကို အကွာအကွယ်ပေးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ ပြည်သူတွေကို ပညာများများ တတ်လာအောင် လုပ်ပေးဖို့ပဲ။ ပြည်သူတွေ ပညာတတ်လာမှ လူလိမ် လူညစ်တွေရဲ့ ပါးစပ်ထဲက ထွက်လာတဲ့ စကားကို ခွဲခြားပိုင်းဖြတ်တတ်လာမယ်။ လက်ရှိသမ္မတနဲ့ သူ့ကို ထောက်ခံနေတဲ့ကောင်တွေဟာ ဘယ်လို ကောင်တွေလဲဆိုတာ ခွဲခြားသိမြင်လာနိုင်မယ်”
ဘယ်သူက အကောင်း ... ဘယ်သူက အဆိုးဆိုတာ ပညာနဲ့သာ ခွဲခြားသိမြင် ပိုင်းဖြတ်နိုင်မယ်။
“အာဏာရှင်ထက် ဒီမိုကရေစီက ပိုပြီး အရေးကြီးတယ်ဆိုတာ သိဖို့ ကျောင်းတွေမှာ လွတ်လပ်တဲ့ပညာရေး၊ ဝေဖန် ဆန်းစစ် နိုင်စွမ်းရှိတဲ့ပညာရေးတွေကို သင်ကြားပေးဖို့လိုတယ်။ ပညာရေးမှာ လွတ်လပ်စွာ တွေးခေါ်၊ ဝေဖန်၊ ဆန်းစစ်၊ ထောက်ပြနိုင်စွမ်းတွေကို ပေးခဲ့မှ ဒီမိုကရေစီဆိုတာ ဘာလဲလို့ သဘောပေါက်မှာပဲ” လို့ ပြောပါတယ်။
ကျနော်တို့ဆီကတော့ ပညာရေးဆိုတာ ပြန်မရနိုင်တဲ့ အရင်းအနှီးလို့ ဘဘကြီးတစ်ယောက်ပြောခဲ့ဖူးပါတယ်😆😆😆တိုင်းပြည်တစ်ပြည်ကို ဖျက်ဆီးပျက်စီးစေတဲ့အကြောင်းတရား ပညာရေးမရှိမူ့ပါပဲ ပညာမတတ်ရင် ပညာမသင်ယူနိုင်ခဲ့ဘူးဆိုင်ရင် အမှားအမှန် အကြောင်းအကျိုး အကောင်းဆိုးကို ဝေခွဲရ ခက်ခဲမယ် နည်းမှားတွေနောက်ကို ရောက်သွားနိုင်တယ် ပညာမတတ်ရင် ယုံကြည်မူသဒ္ဓါအားကောင်းပြီး အစွန်းရောက်သွားနိုင်သလို ပညာအားကောင်းပြီး ယုံကြည်မူနည်းနေရင်လည်း အန္တရာယ်ရှိတယ် ပညာ /သဒ္ဓါညီမျှကာမှ တော်ကားကျမယ်......ထရန့် ရဲ့အကြမ်းဖက် အာဏာရလိုမူမှာ ကောင်းတဲ့ပြယုဒ်ကလေးတွေ့ရတာကတော့ ထရန့် ရဲ့ပါတီက ဒုသမ္မတ /လွတ်တော်ဩဇာညောင်းတဲ့ မက်ကော်နယ် ပြီး သူပါတီကအမတ်အများစု နှင့် ဒီမိုကရက်ကအမတ်တွေ ဥပဒေ/အမှန်တရားဘက်က တညီတညွတ်တည်း ရပ်တည်လုပ်ဆောင်သွားတာဖြင့် ကျနော်တို့ဆီက ကန့်လန့်ခံပါတီနှင့်အမတ်များ ပြည်သူအများစုရဲ့ဆန္ဒအမှန်/အမှန်တရားကို မျက်ကွယ်မပြုကြဖို့ မီးမောင်းထိုးပြနေသလို အခြားဒီမိုကရေစိနိုင်ငံတွေကိုလည်း ကြောက်စရာဒီလုပ်ရပ်နှင့် အမှန်တရားအတွက် ဆန့်ကျင်ဘက်ပါတီများ ညီညွတ်ကြပုံကို မီးမောင်းထိုးပြနေပါတယ်......
လူတစ်ဦးတစ်ယောက်အတွက်ပဲဖြစ်ဖြစ် အများတွက်ပဲဖြစ်ဖြစ် တိုင်းပြည်တစ်ပြည်အတွက်ပဲဖြစ်ဖြစ် ပညာရေး/အတတ်ပညာ ဟာသိပ်အရေးကြီးပါတယ် ဒါပေသိ စိတ်ထားမကောင်းရင် စီမံခန့်ခွဲမူလွဲခဲ့ရင် တော့ ကမှောက်ကမတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ် ဘယ်လောက်ပဲ ရုပ်ပိုင်းဆိုင်ရာတိုးတက်နေပါစေ စိတ်ပိုင်းဆိုင်ရာတိုးတက်နေပါစေ ကိုယ်ကျင့်တရားမပါရင် ဘယ်လို့မှသာယာအေးချမ်းတဲ့နိုင်ငံမဖြစ်နိုင်တဲ့(ဆရာကြီး ဦးရွှေအောင် စာအုပ်မှ) ယ္ခုလက်ရှိ အမေရိကန်ဖြစ်ရပ်ကိုကြည့်ရမည် ပညာလည်းသင် အမှားအမှန်ကိုလည်းသုံးသပ်ဝေဖန်နိုင်တဲ့ ဉာဏ်ပါအောင်လည်းလုပ် စိတ်ထားတတ်ပြီး ကိုယ်ကျင့်တရားပါ ရှိပြီဆိုရင်တော့ အေးချမ်းတဲ့ဓာတ်ကလေးကို ရရှိခံစားရမှာ မဟုတ်ပါလား....
Comments
Post a Comment