မိဘပြည်သူ ပင်စင်စားကြီးများသိသာစေရန်
မိဘပြည်သူ ပင်စင်စားကြီးများ မဂ်လာပါရှင်..
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်..
လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ မိဘပြည်သူပင်စင်စားကြီးများ ပင်စင်လစာ ဖေဖော်ဝါရီ လအတွက် ထုတ်မယ့်နေ့ ဖြစ်ပါတယ်..အစစအရာရာ အဆင်ပြေစေဖို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်...
ရှေ့ဆက်ပြီး ပင်စင်လခထုတ်ရာမှာ အဆင်ပြေစေဖို့
Mobile Money ကို အသုံးပြုပြီး ထုတ်စေချင်ပါတယ်... နောက်တစ်နည်းကတော့ MEB မှာ ငွေစုဘဏ်စာရင်းဖွင့် ပင်စင်လခကို ဘဏ်စာရင်းမှာ တိုက်ရိုက်ထည့်ပြီး ATM card နဲ့ ထုတ်တဲ့နည်း ဖြစ်ပါတယ်ရှင့်....ဒါဆိုရင် ဘဏ်ကို လာစရာ မလိုဘဲ.. အဆင်ပြေတဲ့ အချိန်မှာ သက်ဆိုင်ရာ Mobile Money Agent များထံ ..MEB ATM ရှိရာမှာ ထုတ်ယူနိုင်ရန် ဖြစ်ပါတယ်...ဖော်ပြပါ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များသို့ ကြိုးစား ဆက်သွယ်ကြရန် တိုက်တွန်းအပ်ပါတယ်...wave money service အတွက် ဖြည့်ရတဲ့ form လေးကို ပူးတွဲတင်ပြအပ်ပါတယ်...
အခုမှ စတင်ပြီး Mobile Money နဲ့ ဆောင်ရွက်လိုသူများဟာ သက်ဆိုင်ရာ စီးပွားရေးဘဏ်ကို ပထမဆုံး တစ်ကြိမ်တော့ လျှောက်လွှာ တင်ရပါတယ်..
အမည်...
ငွေပေးမိန့်အမှတ်..
ပင်စင်လစာ ပမာဏ...
မှတ်ပုံတင်...
ငွေထုတ်ယူသည့် ဘဏ်ခွဲ...
လိပ်စာ..
ဆက်သွယ်ရန် ဖုန်းနံပါတ်...
ပင်စင်စားကြီးရဲ့ လက်မှတ်... တို့ ဖြစ်ပါတယ်...
လိုအပ်ရင် E pension card မိတ္တူ ပါရပါမယ်..
လျှောက်လွှာပုံစံကို.. ဘဏ်တွေမှာ ပြည့်စုံစွာ ထားရှိပေးဖို့.. ပန်ကြားထားပါတယ်..
(ပုံစံလေး နမူနာ ရရင် နောက် post မှာ တင်ပေးပါမယ်ရှင့်...)
ကျမတို့ဌာနအနေနဲ့ ပင်စင်စားမိဘပြည်သူ ပင်စင်စားကြီးများအတွက် ရှိတဲ့သူနဲ့ ကြိုးစား ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်...
အဆင်ပြေတဲ့ ပင်စင်စားကြီးများ အနေနဲ့ ပင်စင်လစာက မထုတ်လည်းရတယ်ဆိုပေမယ့်...ပင်စင်လစာလေးအပေါ်မှာ မှီခိုနေရတဲ့ မိဘပြည်သူ ပင်စင်စားများစွာရှိနေပါတယ်...
မိဘပြည်သူပင်စင်စားကြီးများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းဝေးကြပါစေ..
ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ
ပင်စင်ဦးစီးဌာန
Comments
Post a Comment