အပူစာ အအေးစာ အကြောင်း

အပူစာ အအေးစာ အကြောင်း

     ရှင်းလင်းချက်...
         
တိုင်းရင်းဆေးပညာတွင် ပူမူ အေးမူ တေဇောပြု ဆိုသော စကားရှိသည် ။
အပူသည် (ဥဏှတေဇော  ) •
အအေးသည် ( သိတတေဇော )  ဖြစ်သဖြင့်..
ပူခြင်း. အေးခြင်း ကို ဦးဆောင်သူမှာ "
"တေဇော" တစ်လုံးပင်ဖြစ်သည် ။

အတွင်းဓာတ်သဘောသည်. ရာသီဥတု ပူရုံ အေးရုံ ဖြင့် ပျက်မသွား သဖြင့် ..
အပူစာသည် အမြဲ အပူစာဖြစ်ပြီး
•အအေးစာသည် အမြဲ အအေးစာဖြစ်သည် ။
အအေးစာကို အပူပေးရုံနဲ့ အပူစာဖြစ်မလာနိုင်ပါ။

နေပူထဲမှ ပြန်လာလျှင် ရေနွေးကြမ်းသောက်ပါ • ရေအေးမသောက်နဲ့ဆိုခြင်းမှာ..
ရေသည်အအေးဖြစ်သည်  •
ရေကိုမီးဖြင့် အပူပေး ပွက်ပွက်ဆူခြင်းသည် ခေတ္တအပူဖြစ်သည်. •
ကြာရှည်မပူ ပြန်အေးသွားမည် ဖြစ်သည်။

ရေနွေးကြမ်းဆိုသည်မှာ •
ဆူပွက်ပြီးသောရေနွေးပူပူတွင် လက်ဖက်ခြောက် ခပ်ထားသော အရည်ဖြစ်သည် •
လက်ဖက်ခြောက်သည် လက်ဖက်ရွက်မှ ဖြစ်လာခြင်းဖြစ် •
မူလ လက်ဖက်ရွက်၏ အရသာမှာ ဖန် + ခါးသော အရသာဖြစ်သည်။

ဖန်နဲ့ ခါးသည် သီတတေဇော အခြေခံသော အအေးစာဖြစ်သည် •
ထို့ကြောင့် လက်ဖက်အစိုဖြစ်စေ အခြောက်ဖြစ်စေ အအေးစာဖြစ်သည် •

■ လက်ဖက်ခြောက်ကို ရေနွေးပူပူတွင် ခပ်သောက်သောအခါ ဖန် ခါး အရသာမှာ
ချက် ခြင်းပေါ်လာသည် ။

ပြင်ပတွင် ရာသီဥတု အေးနေသောအခါတွင် ပူသောရေနွေးကြမ်းကို အငွေ့တထောင်း
ထောင်း မူတ်သောက်ခြင်းဖြင့် ရင်တွင်းနွေးသွားသည် •
ရင်တွင်း၌ နွေးသောကြောင့် အပူမဖြစ် ဝမ်းတွင်းအေးစေသည် ။

ဆီးကိုရွှင်စေသည် •
အလွန်အကျွံသောက်လျှင် အဖန်၏ ဓာတ်သဘောကြောင့် ဝမ်းချုပ်စေနိုင်သည် ။

အနောက်တိုင်း သုတေသန ပညာရှင်များက ..ရေနွေးကြမ်းသောက်ခြင်းဖြင့် -
ကိုလက်ထရော မကောင်းသောအဆီများကို ပယ်ဖျက်သည် ကောင်းသော ဓာတ်များ
ကို တိုးပွားစေသည် ။

■လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို နှစ်ရှည်လများစွဲသောက်သော သူများမှာ အစာအိမ်နဲ့အူလမ်းကြောင်း မှာဖြစ်သော ကင်ဆာရောဂါ ကင်းဝေးကြောင်း
ထောက်ခံချက်ပေးထားကြသည် ။

ဖြစ်နိုင်သည် • ကင်ဆာ၏ သဘောတရားမှာ - ဆဲလ်များကို လိုအပ်သည်ထက် ပို၍
တိုးပွားလာခြင်းဖြစ်ပြီး လက်ဖက်ခြောက်၏ အဖန်သတ္တိမှာ တိုးပွားမူကို ကျုံစေခြင်း သတ္တိကြောင့် ဖြစ်သည်ဟုယူဆနိုင်ပါသည်။

■ကင်ဆာရောဂါကို ဘာသာရေးရှု့ထောင့်မှကြည့်လျှင် ဖြစ် ပျက် သဘောတရားပင် ဖြစ်သည် • အမှန်တရားကိုသွေဖယ်၍ ဖြစ် ဖြစ် ချည်း ဖြစ်နေလျှင် အပျက်မရှိတော့
သဖြင့် တိုးပြီးရင်း တိုးလာမည် •

ဆဲလ်တစ်ခုသည် သေဆုံးပြီး အသစ်ဖြစ်လာလျှင်  ဘာမှမဖြစ် • ဆဲလ်တခုသည် မသေ
တော့ပဲ တိုးပွားလာသောအခါ ကင်ဆာဆဲလ်များဖြစ်လာသည် • တိုင်းရင်းဆေး အယူ
အဆအရ ကင်ဆာကို တိုးပွားနာ မြစ်ပွားနာဟု ခေါ်ဆိုခြင်းဖြစ်နိုင်သည်။

ဖန်သောအရာသာကို အအေးစာဟု ယူဆသလို ချိုသောအရသာကိုလည်း အအေးစာ
ဟု ယူဆနိုင်သည် ။(အချိုကိုမူ အအေးယူ အပူငြိမ်းလေသည် )ဟု အဆိုရှိသည်။

အချိုဓာတ်သည် အပူငြိမ်းစေသော ဓာတ်ဖြစ်သည် ။ တိုင်းရင်းဆေး အပူငြိမ်းဆေးကို
စားကြည့်သောအခါ အေး၍ချိုသောအရသာကို တွေ့ရသည် ။

အပူကြီးပြီးဖျားသောအခါ ထိုသွေးဆေးကိုပင် သနပ်ခါး. နံ့သာဖြူ  ကရမက် စသော
နံ့သာသွေးရည်နှင့်ဖျော်၍ တိုက်ခြင်းဖြင့် အပူဖျားကျကြောင်းတွေ့ရသည်။

ဆီးပူသောအခါ ဆီးဆေးများကို ဆန်ဆေးရည်နှင့် တိုက်ကြောင်းတွေ့ရသည်။ပူသော
ရာသီတွင် ဆန်ကို ရေနှင့်ဆေးသောအခါ ထိုဆန်ဆေးရည်သည် အေးစက်နေကြောင်း
တွေ့ရသည်။

ဆန်ဆေးရည်ပဲ သက်သက်သောက်လျှင်ပင် ဆီးပူ ဆီးအောင့်နှင့် မီးယပ်ဖြူရောဂါများ
သက်သာကြောင့်တွေ့ရသည် ။

အပူစာ အအေးစာ ဆုံးဖြတ်သောအခါတွင် လျှာပေါ်ဆုံးဖြတ်ခြင်းသာမက လက်နဲ့ထိ
တွေ့ခြင်းဖြင့်လည်း ဆုံးဖြတ်နိုင်သည် ဆန်ဆေးရည် အေးနေခြင်းကို သာဓက ယူနိုင်
သည် ။

■ မည်သို့သောအစာများသည် အပူစာဖြစ်နိုင်သနည်း?

လျှာပေါ်တွင်တင်သည့်အခါ ဝါးစားကြည့်သည့်အခါ  ပူ စပ် ချဉ် အရသာရှိသော အစာ
များသည်  အပူစာဖြစ်သည်ဟု အကြမ်းဖျင်း မှတ်ယူနိုင်သည်။

ငရုပ်ကောင်း. ပိတ်ချင်း. ချင်းတို့သည် အပူစာစစ်စစ်များဖြစ်သည် ။ စားနေစဉ် လျှာပေါ်
တွင် ပူသည်သာမက အစာကြေညက်ပြီး ဝမ်းသွားချိန်အထိ ပူသောကြောင့်ဖြစ်သည် ။

အပူစာ၏သတ္တိမှာ သွေးထဲရောက်သည်အထိ ပူသည် ။ အစာကြေညက်ရန် အထောက်
အကူလည်း ဖြစ်သည်။ ချွေးထုတ်ဆေးအဖြစ်လည်း အကျိုးပြုသည် ။ အကိုက်အခဲ
ပျောက်ဆေးအဖြစ်လည်း ပူစပ်သောအကျိုးသွားရှိသည့်ဆေးများကို အသုံးပြုကြသည်။

■ သို့သော် ရေနွေးကြမ်း ဟင်းချိုရည်ပူပူ ကြက်စွပ်ပြုတ် ကော်ဖီပူပူ ဆန်ပြုတ်ပူပူတို့မှာ
ခဏသာလျှာပေါ်တွင် ပူသောအစာများ ဖြစ်ကြပြီး ကြေညက်သောအခါ အအေးစာ
များဖြစ်ကြသည်။

■ မူလ အအေးစာ

- ဘူးသီး. ခဝဲသီး. ပန်းဂေါ်ဖီ. မုန်လာထုပ် မုန်လာဥ  ခါကြက်ဥ. ကညွတ် ကန်စွန်းရွက်. ပဲတောင့်ရှည်  ဂေါ်ရခါးသီး.  ဂေါ်ရခါးညွှန့်  ပြည်ပန်းညိုရွက်  ဇရစ်. မိူအမျိုးမျိုး.
စသည်တို့မှာ အတွင်းဓာတ်ခံ အအေးစာများဖြစ်သည် ။

ပူအောင် ကြော်လှော် ချက်ပြုတ်စားသော်လည်း ခေတ္တသာလျှာပေါ်တွင် ပူသော အအေးစာများသာဖြစ်ကြသည် ။

■ မူလ အပူစာ

ချင်းတက်. ငရုပ်သီး. ငရုပ်ကောင်း. ဇီယာ. ကရဝေးရွက်. ပိတ်ချင်း. မျှစ်  မျှစ်ချဉ်
ဥသျှစ်သီး.  ဥသျစ်ရွက် တညင်းသီး. ဒူးရင်းသီး. ခွေးတောက်. တမာ. ကြောင်လျှာ
သရက်ကင်း.  စသည်များမှာလည်း အပူစာများဖြစ်သည် ။

အအေးခံစားသောလည်း ကြေညက်သောအခါ ဥဏှာတေဇော အပူစာများ ဖြစ်သည်။
အပူရောဂါ အတက်ရောဂါရှိသူများ ဆင်ခြင် စားသုံးရမည့် အပူစာများပင်ဖြစ်သည်။

   မခင်နီဝင်း #  မြဝတီဆောင်းပါးရှင်  ကြည်လွင်မြင့် ( မုဒြာ )
https://m.facebook.com/story.php?story_fbid=1686980468292904&id=100009429002350&sfnsn=mo

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း