Posts

Showing posts from July, 2018

မှန်ရွှေရီ

Image
မှုံရွှရီ --------- ကျော်လင်း မှုံနေအောင်လှသူလေးဖြစ်လို့ သူ့နာမည် မှုံရွှေရီ လို့ကျွန်တော် နာမည်ပေးထားဖူးတယ်။ ငါးမန်းတွေပင်လယ်မှာပျော်သလို ဝေလငါးတွေ ပင်လယ်မှာပျော...

သမိုင်း အလိမ်မခံရအောင်

မြန်မာသတ္တ ။ မွန် လေးဝ ။ရှမ်းကသုံးဆယ် ။ ခြောက်ဆယ်ကုလား ။ လူမျိုး တစ်ရာ့ တစ်ပါး   သင်္ကေတ ဆောင်ပုဒ်ကဗျာ အရ   ကုလားလူမျိုး (၆၀) ဆိုတာ  သိရှိနိုင်မည် ဖြစ်သည်။ ယင်းလ...

သမီး... သမီးကို သူဆင်းရဲမယူနဲ့လို့ အဖေ ဘာကြောင့်ပြောရသလဲ

သမီး... သမီးကို သူဆင်းရဲမယူနဲ့လို့ အဖေ ဘာကြောင့်ပြောရသလဲ ***** အဲဒီနေ့က သမီးက သမီးချစ်သူကိုအိမ်ခေါ်လာပြီး "အဖေ.. ဒါ သမီးချစ်သူ သမီး သူနဲ့လက်ထပ်မယ်" လို့ ပြောခဲ့တယ်နော...

ကျွန်တော်နှင့် လွှတ်တော် (၂)

Image
23-Jul-2018  tagged as  လွှတ်တော်   တရားဥပဒေ   ငြိမ်းစုစီ   ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပုံမှန်အစည်းအဝေးများ ပြီးဆုံးခဲ့ပြီ။ မြန်မာနိုင်ငံ၏ အပူပြင်းဆုံးအချိန်ကာလ မေ ၁၄ ရက်တွင် စတင်ခဲ့သည့် လျှပ်စီးတလက်လက်နှင့် မိုးသံလေသံများ ပျိုးလာချိန်ဖြစ်သည်။ နေပြည်တော် ပျဉ်းမနားတောင်ညိုသည် ကျွန်တော်တို့အတွက် ပို၍ပူသည်ဟု မထင်ရပေ။ လွှတ်တော်ထဲမှာ လေအေးစက်နှင့်၊ စည်ပင် ခန်းဆောင်မှာ လေအေးစက်နှင့်ဆိုတော့ နေပျော်နေသည်။ နိုင်ငံပြင်ပ မိုးလေဝသတွင်ကား ဝေဖန်ချက်၊ စွပ်စွဲချက်၊ တိုက်ခိုက်ချက်များနှင့် လေပွေထနေသည်။ နိုင်ငံအတွင်း ကောလာဟလများ၊ ညည်းတွားသံများ၊ မြို့ပြလမ်းများပေါ်မှ ဆန္ဒဖော်ထုတ်ခြေသံများအကြားတွင် လွှတ်တော်သည် တစ်စုံတစ်ခုပြောင်းခဲ့ပြီဖြစ်သည်။ သမ္မတသစ်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ်ကို မွေးထုတ်ပေးလိုက်ပြီမဟုတ်ပါလား။ သတ္တမပုံမှန်အစည်းအဝေး၏ နောက်ဆုံးနေ့များမှ ပေါ်ထွက်လာခြင်းဖြစ်သည်။  ထိုအပြောင်းအလဲကို ကျွန်တော် မျက်ဝါးထင်ထင် မခံစားလိုက်ရ။ ဆန္ဒမဲပေးခွင့် မကြုံလိုက်ရပေ။ မတ်လ၏ တတိယရက်သတ္တပတ်စကတည်းက ရခိုင်ပြည်နယ်ဘက်ဆီသို့ ရောက်နေသည်။ နေပြည်တော်မှ စထွက်လာစဉ် အဆောင်နံဘေးလမ်းတွင် ချယ...